Wednesday, December 29, 2010

မလေးရှားမှ မြန်မာလုပ်သားခေါ်ယူမှုသိသာစွာ လျော့ကျပြီး နှစ်ရှည်နေထိုင်သူများ ပြန်လာရ .....



နိုင်ငံခြား အလုပ်သမား ခေါ်ယူမှု ကန့်သတ်ချက်များနှင့် လက်ရှိနေထိုင်ခွင့် ကျပ်တည်းလာမှုများကြောင့် မလေးရှားမှ လုပ်သားခေါ်ယူမှု သိသာစွာ လျော့ကျပြီး နှစ်ရှည်နေထိုင်သူများ ပြန်လာရ .....

နိုင်ငံခြား အလုပ်သမား ခေါ်ယူမှု အကန့်အသတ်များနှင့် လက်ရှိ ယင်းနိုင်ငံ၌ နေထိုင်ခွင့် ကျပ်တည်းလာမှုများကြောင့် မလေးရှားမှ အလုပ်သမား ခေါ်ယူမှု သိသာစွာ လျော့ကျလာပြီး နှစ်ရှည်နေထိုင်သူ မြန်မာများလည်း ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ပြန်လာခဲ့ရကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် မလေးရှားနိုင်ငံမှ မကြာသေးမီက ပြန်လည် ရောက်ရှိလာသူများထံမှ သိရသည်။

ယခုအခါ မလေးရှားရှိ အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ နိုင်ငံခြားသား အလုပ်သမား ခေါ်ယူခွင့်နှင့် နှစ်ရှည် နေထိုင်ကြသူများအား စစ်ဆေးတွေ့ရှိလျှင် မိခင်နိုင်ငံသို့ ပြန်လည်စေလွှတ်ခြင်းများ ပြုလုပ်နေခဲ့ခြင်း အပြင် မလေးရှားတွင် Over Stay ဖြင့် နေထိုင်ကြသူများအား တင်းကျပ်စွာ စိစစ် အရေးယူနေခြင်းများကြောင့် မြန်မာနိုင်ငံသား အချို့မှာ နည်းလမ်းမျိုးစုံဖြင့် နိုင်ငံသို့ ပြန်လာခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း သိရသည်။

မလေးရှားအစိုးရ အနေဖြင့် ၎င်းတို့နိုင်ငံသားများ၏ အလုပ်လက်မဲ့ ပြဿနာများ လျော့ချရန်နှင့် နိုင်ငံရပ်ခြားမှ ပြန်လာကြမည့်သူများ အတွက် အလုပ်အကိုင်ကောင်းများ ပြန်လည် ဖန်တီးပေးနိုင်ရန် နိုင်ငံခြားသား လုပ်သားဝင်ရောက်မှုကို လျော့ ချခြင်း ဖြစ်သည်ဟု သိရှိရသည်။


''မလေးရှားဘက်က အလုပ်သမားခေါ်ဖို့ ကုမ္ပဏီတွေက ကမ်းလှမ်းစာတွေ မကျဘူး။ ပြီးတော့ Calling တွေလည်း ပျက်နေတယ်။ အခုအချိန်မှာ မလေးရှားသွားရမယ်ဆိုပြီး ပြောရင် ဒါလိမ်နေတာပါပဲ။ သေချာစဉ်းစားပြီးမှ သွားသင့်တယ်''ဟု ပြည်ပ အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူ ဦးမြင့်နိုင်ဦးက ပြောပြခဲ့သည်။

မလေးရှားသို့ အများဆုံးသွားကြသည့် သူများမှာ နယ်မြို့များမှ ဖြစ်ကြပြီး စက်ရုံ၊ အလုပ်ရုံများ၌ အများဆုံး လုပ်ကိုင်ကြရကာ လုပ်ခပိုင်းမှာ အချိန်ပိုကြေး ပါဝင်မှု မရှိလျင် တစ်လလျှင် မြန်မာကျပ်ငွေ တစ်သိန်းခွဲ ၀န်းကျင်သာ ရရှိနေသည်ဟု သိရ . . .

မလေးရှားနိုင်ငံသို့ မြန်မာအများစု သွားရောက် အလုပ်လုပ်ကိုင်ရန် ရွေးချယ်ကြခြင်းများမှာ ၀န်ဆောင်ခများအား တစ်ဝက်ပေးတစ်ဝက်ချန် စနစ်များရှိ၍ ငွေကြေးသင့်တင့်စွာ ရှိရုံမျှဖြင့် သွားရောက် အလုပ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း အဆိုပါ နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လိုကြသူများထံမှ သိရှိရပါသည်။

''မလေးရှားသွားတဲ့နှုန်းက အရင်က သိပ်မရှိခဲ့ဘူး။ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှာမှ မြင့်တက်လာတာပါ။ မလေးရှားမှာ လုပ်သက် ငါးနှစ်ပြည့် ပြည်ပ အလုပ်သမားတွေကို သက်တမ်း ထပ်မတိုးပေးတော့ဘဲ နေရပ်ပြန်ပို့မှုတွေ ရှိပါတယ်''ဟု မလေးရှား လုပ် သားဈေးကွက်သို့ ပုံမှန်ပို့ပေးနေသူ တစ်ဦးက ပြောပြခဲ့ပါသည်။

မလေးရှားသို့ အများဆုံး သွားကြသည့်သူများမှာ နယ်မြို့များမှ ဖြစ်ကြပြီး စက်ရုံ၊ အလုပ်ရုံများ၌ အများဆုံး လုပ်ကိုင်ကြရကာ လုပ်ခပိုင်းမှာ အချိန်ပိုကြေး ပါဝင်မှု မရှိလျှင် တစ်လလျှင် မြန်မာကျပ်ငွေ တစ်သိန်းခွဲ ၀န်းကျင်သာ ရရှိနေသည်ဟု သိရသည်။

''ကျွန်မမောင်လေးက ဒီကို ၂၀၀၀ ပြည့်နှစ်လောက် ကတည်းက ရောက်နေတာ။ အခုသူက Over Stay ဖြစ်သွားပြီ။ မလေးရှားရဲက ဖမ်းမိရင် ဒုက္ခရောက်မှာစိုးလို့ စက်ရုံထဲကကို ဘယ်မှမသွားရဘူး။ မိရင်လည်း ရတဲ့ငွေနဲ့ မကာမိအောင် ကုန်တဲ့ အ ပြင် ထောင်ဒဏ် အပြစ်ပေးတာကိုလည်း ခံရတယ်။ အခုဆိုရင် ထောင်ထဲမှာ အသက်အန္တရာယ် စိုးရိမ်နိုင်တဲ့အထိ ကြိမ်ဒဏ် အပြစ်ပေးခံရတာတွေလည်း ရှိနေတယ်။ ပြန်ဖို့လည်း အရမ်းကို စွန့်စားရမှာဆိုတော့ အခြေအနေ စောင့်ကြည့်နေရတယ်''ဟု ကွာလာလမ်ပူမြို့ရှိ ပလတ်စတစ် စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူ မ၀င်းစန္ဒာက ပြောပြခဲ့သည်။

မလေးရှား၌ အများအားဖြင့် Over Stay ဖြစ်ရခြင်း အကြောင်းရင်းမှာ အေဂျင်စီများနှင့် အလုပ်ရရန် အပ်နှံရာတွင် မိမိ ပတ်စ်ပို့အား ကုမ္ပဏီများထံ အပ်နှံပေးထားရပြီး မလေးရှား၌ အလုပ်ပြောင်းချင်သည့်အခါ ပတ်စ်ပို့ ပြန်လည် မထုတ်ပေးမှုများကြောင့် အများစု Over Stay ဖြစ်ကြရသည်ဟု သိရသည်။

ထိုသူများအတွက် နေရပ်သို့ ပြန်လာမည်ဆိုပါက အခက်အခဲများစွာ ရှိနိုင်ခြင်းကြောင့် အများစုမှာ ပြန်လာခြင်းထက် မလေးရှား၌ပင် ပုန်းအောင်းကာ နေထိုင်ခြင်းများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း အလုပ်လုပ်ကိုင်ခွင့် စာချုပ်သက်တမ်းပြည့် ၍ ပြန်လာသူ တစ်ဦးထံမှ သိရှိရပါသည်။

ပြန်လာကြသူများတွင်လည်း အချို့မှာ Over Stay များအပြင် တရားဝင်နေထိုင်ခွင့် ရက်ပြည့်၍ ပြန်လာကြသည်ဟုလည်း သိရသည်။

http://www.news-eleven.com/

ဆက်၍ ဖတ်ကြည့်ပါဦး ..

၂၀၁၀ခုနှစ် ကမ္ဘာ့ ထိပ်တန်းသတင်းကြီး ၁၀ခု


ဟေတီငလျင်

၂၀၁၀ ဇန်န၀ါရီလ ၁၂ ရက်နေ့ ဟေတီ နိုင်ငံ မျြိ့တော် ပေါတို့ပရင့်စ်တွင် သမိုင်း မှတ်တမ်းတင်ရမည့် ပြင်းအား ပမာဏ အမြင့်ဆုံးရှိ မြေငလျင်ကြီး တစ်ခု လှုပ်ခဲ့သည်။ နာရီပိုင်းအတွင်း လူတစ်သန်းကျော်

အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။ မြို့ကြီးရှိ အဆောက်အအုံ အားလုံးနီးပါး ပြိုကျပြီး လူ ၂၃၀,၀၀၀ သေဆုံးခဲ့သည်။ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံကို အပျက်အဆီးများနှင့် တစပြင်သဖွယ် ဖြစ်စေခဲ့သည်။ ယခုထိ ကူးစက်ရောဂါများ ဖြစ်နေပြီး၊ ကာလ၀မ်းရောဂါကြောင့် လူ ၃၀၀ ကျော် ထပ်သေဆုံးခဲ့ရသည်။


ဝီကီလိခ်စ်

အစိုးရလျှို့ဝှက် ဒေတာများကို ရှာဖွေဖြန့်ဝေတဲ့ အွန်လိုင်း ၀ီကီလိခ်စ်အဖွဲ့က ဇူလိုင်လတွင် အာဖဂန်စစ်ပွဲနဲ့ ပတ်သက်သော အမေရိကန် စစ်ရေးဖိုင် အချက်အလက် ၇၇,၀၀၀ ကို ဖြန့်ချခဲ့သည်။ အောက်တိုဘာလတွင် အီရန်နဲ့ပတ်သက်တဲ့ အချက်အလက် ၄၀၀,၀၀၀ ကို ထပ်ဖွင့်ချသည်။ ထိုအထဲတွင် ယခင်က အမေရိကန်အစိုးရမဖော်ပြခဲ့သော အရပ်သား သေဆုံးမှုစာရင်းများ၊ မတရားနှိပ်စက်မှုများ ပါဝင်ခဲ့သည်။

နိုဝင်ဘာလတွင် ၀ီကီလိခ်စ်က အမေရိကန်သံရုံး လျှို့ဝှက်ကေဘယ်လ်များကို နျူကလီယားဗုံးသဖွယ် မီဒီယာများကတဆင့် ဖွင့်ချခဲ့သည်။ ဒီဇင်ဘာ ၇ ရက်နေ့တွင် ၀ီကီလိခ်စ်တည်ထောင်သူ ဂျူလီယန်အာဆန်းကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုစွတ်ဆွဲချက်ဖြင့် လန်ဒန်မြို့တွင် ဖမ်းဆီးခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဆူပါပါဝါနိုင်ငံကြီးမှ ၀ီကီလိခ်စ်မှ သက်ဆိုင်ရာ နိုင်ငံအသီးသီးကို တောင်းပန်မှုများ ပြုလုပ်ခဲ့ရသည်။


ချီလီ မိုင်းသူရဲကောင်းများ

ဩဂုတ်လ ၅ ရက်နေ့ ချီလီနိုင်ငံတွင် ဆန်ဟိုဇေး ကြေးနီမိုင်းတွင်း ပြိုကျပြီး၊ မိုင်းလုပ်သား ၃၃ ဦး မြောက်အောက် ပေ ၂၃၀၀ (မီတာ ၇၀၀) တွင် ၆၉ ရက်ကြာ ပိတ်မိနေခဲ့သည်။ ထိုရက်များအတွင် ကယ်ဆယ်ရေး ဆောင်ရွက်မှုများမှာ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းဖြစ်ခဲ့ပြီး၊ သေရွာပြန် မိုင်းလုပ်သားများမှာ အမျိုးသား သူရဲကောင်းများ ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်ပြီး မကြာခင် နယူးဇီလန်နိုင်ငံ မိုင်းတွင်းတစ်ခု ပြိုကျပြီး မိုင်းလုပ်သား ၂၉ ဦး သေဆုံးခဲ့သည်။


ပါကစ္စတန် ရေကြီးမှု

အစွန်းရောက် စစ်သွေးကြွများနှင့် နိုင်ငံတကာ အကြွေးများ ချိနဲ့တဲ့ အရပ်သားအစိုးရကို ပတ်လည် ၀ိုင်းနေချိန်တွင်၊ ဇူလိုင်လ ပါကစ္စတန်နိုင်ငံမှာ အိန္ဒူမြစ်ရေလွှမ်းမိုးမှု ထပ်မံကြုံတွေရပြန်သည်။

တိုင်းပြည် ငါးပုံတစ်ပုံနီးပါး ရေနစ်ခဲ့ရပြီး လူသန်း ၂၀ အိုးအိမ်မြေယာ စွန့်ခွာပြီး နေရာရွှေ့ပြောင်းခဲ့ရသည်။ လူ ၂၀၀၀၀ ကျော် သေဆုံးပြီး၊ ကျွဲနွားအပါဝင် မွေးတိရိစ္ဆာန် ၁၀သန်း ဆုံးရှုံးခဲ့ရသည်။ တိုင်းပြည်စီးပွားရေး အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံ ဆုံးရှုံးခဲ့သည်။


မြောက်ကိုရီးယားရဲ့ စရိုက်ဆိုးများ

မတ်လက ကိုရီယားနှစ်နိုင်ငံ အငြင်းပွား ရေပိုင်နက်တွင် တောင်ကိုရီးယား ကင်းလှည့် စစ်သင်္ဘောတစ်စီး ပစ်ခတ် ခံရမှုကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ မြောက်ကိုရီယားမှ တိုပီဒိုနှင့် ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

စက်တင်ဘာ ၂၈ ရက်နေ့ ၆၅ နှစ်မြောက် ကွန်မြူနစ်ပါတီ နှစ်ပတ်လည်တွင် မကျန်းမာတဲ့ မြောက်ကိုရီးယား ခေါင်းဂျုံအီလ်က သူ့နေရာဆက်ခံနိုင်ဖို့၊ အသက် ၂၇ နှစ်ရှိ သူ့သား ကင်ဂျွန်အန်းကို ထိပ်ပိုင်းစစ်ရာထူးနဲ့ ပါတီရာထူးများ ပေးခဲ့သည်။ နိုဝင်ဘာ ၂၃ တွင် နယ်စပ်ချင်းမဝေးလှသော တောင်ကိုရီယားကျွန်းတစ်ခုပေါ် မြောက်ကိုရီးယားမှ အမြှောက်များနှင့်ပစ်ခဲ့ပြီး၊ လူလေးဦး သေဆုံးခဲ့သည်။


တောင်အာဖရိက ကမ္ဘာ့ဖလား

ဇွန်လတွင် အာဖရိကတိုက်ပေါ်တွင် ပထမဆုံး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ခဲ့သည်။ လုံခြုံရေးနှင့် အချိန်မှီ ကွင်းများ၊ အဆောက်အဦများ၊ ခရီးသွားလုပ်ငန်းများ ပြီးစီးဖို့ စိုးရိမ်မှုများ ရှိခဲ့သော်လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ သမ္မတဟောင်း နဲလ်ဆင်မင်ဒဲလားက သူ့မြေးမ ကားတိုက်ခံရခြင်းကြောင့် ဖွင့်ပွဲအခမ်းအနား မတက်ရောက်နိုင်ခဲ့။ ၂၀၁၀ ခုနှစ် အတွက် ချန်ပီယံဆုကို စပိန်ဘောလုံးအသင်းက ရရှိသွားခဲ့သည်။


ထိုင်းရှပ်နီများ

ဧပြီနှင့် မတ်လတွင် ဘန်ကောက်မြို့ ကုန်သွယ်မှု အချက်အချာနေရာများကို အစိုးရဆန့်ကျင်သူ ရှပ်နီ ထောင်ပေါင်း များစွာက သိမ်းပိုက်နေရာယူထားခဲ့သည်။ ရှပ်အင်္ကျီအနီဝတ် နိုင်ငံရေးလှုပ်ရှားသူများက အ၀ါရောင်ဝတ် ပါတီထောက်ခံမှုရ အစိုးရအဖွဲ့ကို အီလိုက်များ ဒီမိုကရက်တစ်မဆန်သူများအဖြစ် မြင်ပြီး ဖြုတ်ချဖို့ ကြိုးစားကြခြင်း ဖြစ်သည်။ ရှပ်နီများကို နိုင်ငံရေးဦးကိုင်သူမှာ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်း ဖြုတ်ချခံရသူ ၀န်ကြီးချုပ်ဟောင်း ပြည်ပြေး သက်ဆင် ရှီနာဝထရာ ဖြစ်သည်။

ဆန္ဒပြသူများက မြို့ကြီးများနှင့် ကျေးလက်ဆင်းရဲချမ်းသာ ကွာဟမှုများ၊ တော်ဝင်မိသားစုနှင့် အောက်ခြေလူထု ကွာခြားချက်များကို ဝေဖန်ပြောကြသည်။ ဘန်ကောက်မြို့ အဓိက လမ်းများကို ပိတ်ဆို့ခဲ့ပြီး သွေးပုလင်းများဖြင့် ပါလီမန်ဝန်းနှင့် အစိုးရရုံးများကို ပစ်ပေါက်ကြသည်။ အပြန်အလှန် ပစ်ခတ်မှုများဖြစ်လာပြီး၊ ရှပ်နီ ၁၈၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။


ဥရောပ ဘတ်ဂျက်ချွေတာရေး

၂၀၁၀ နှောင်းပိုင်းသည် ဥရောပ အစာမကြေတဲ့ အချိန်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဒဏ် အလူးအလိမ့်ခံကြရင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရများ ဘတ်ဂျက် ခြိုးခြံချွေတာရေးမူ ချလာကြသည်။

မေလတွင် ဂရိနိုင်ငံ စီးပွားရေး ဒေ၀ါလီခံရပြီးနောက် အေသင်မြို့နဲ့ မြို့ကြီးများတွင် ထောင်ပေါင်းများစွာက အစိုးရလုပ်ငန်းများ ဘတ်ဂျက်လျှော့ချမှုကို ကန့်ကွတ်ဆန္ဒပြကြသည်။ ၁၅၀ ဘီလီယံ ဒေါ်လာ ကြွေးတင်အောင် ပြုလုပ်တဲ့ အစိုးရစီမံခန့်ခွဲမှု ညံဖျင်းချက်ကို ပြစ်တင် ဝေဖန်နေကြသည်။

ပြင်သစ်မြို့ကြီးများတွင် အလုပ်သမားများနဲ့ လူငယ်များက အငြိမ်းစားပင်စင်သက် ၂နှစ် တိုးမှုကို ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။ အောက်တိုဘာလ လန်ဒန်မြို့တွင် ညွန့်ပေါင်းအစိုးရသစ်က စစ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်အပါအပါအ၀င် ဘတ်ဂျက်အသုံးစရိတ်အားလုံး ၁၂၈ ဘီလီယံဒေါ်လာ စတင်ဖြတ်ချခဲ့သည်။ ကျောင်းသားများရဲ့ ဆန္ဒပြမှုကို အစိုးရသစ် ရင်ဆိုင်ခဲ့ရသည်။


ကွန်ဂိုမှ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှု

ကုလသမဂ္ဂအဖွဲ့ကြီးက ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံကို ‘အဓမ္မပြုကျင့်တဲ့ နိုင်ငံ’ ဟု အမည် ပေးလိုက်သည်။ ဆယ်စုနှစ်တစ်ခုအတွင်း ရက်စက်သော ပြည်တွင်းစစ်အောက်တွင် လူ ၅ သန်းကျော် အသက်ဆုံးရှုံး ခဲ့သည်။ နှစ်စဉ် အမျိုးသမီး ထောင်သောင်းပေါင်းများစွာ အဓမ္မပြုကျင့် ခံခဲ့ရကြောင်း ဗြိတိသျှ အခြေစိုက် Oxfam အဖွဲ့ကြီးက ပြောဆိုခဲ့သည်။

၂၀၁၀ ဩဂုတ်လထဲတွင် အမျိုးသမီး ၂၅၀ ကို တပြိုင်ထဲ ကြောက်မက်ဖွယ် မုဒိန်းပြုကျင့်ခဲ့သည်။ ပြုကျင့်ခဲ့သောနေရာမှာ ကုလတပ်များနှင့် မိုင်၂၀ ခန့်ဝေးသော လူဗွန်ဂီ ကျေးလက်တွင် ဖြစ်သည်။ ပြုကျင့်သူများမှာ သူပုန်များရော အစိုးရတပ်များပါ ပါဝင်နေသည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာ ခြောက်နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျနေရာမှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၂၂ နှစ်အတွင်း ၁၅နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် စစ်အစိုးရက ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်တွင် သူမက တောင်ဒဂုံမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ လူမှုအထောက်အကူပြုအဖွဲ့မှ စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များကို သွားရောက် တွေ့ဆုံအားပေးခဲ့သည်။ ထို့နောက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သော နိုင်ငံရေးပါတီ အဖွဲ့များနဲ့လည်းတွေ့ဆုံခဲ့သည်။

(မောက္ခ အယ်ဒီတာအဖွဲ့)
http://www.maukkha.org/index.php?option=com_content&view=article&id=1207:2010-12-27-09-57-57&catid=library-&Itemid=272

ဆက်၍ ဖတ်ကြည့်ပါဦး ..

Tuesday, December 28, 2010

မယ်လ ဒုက္ခသည် စခန်း၌ အတုဟုယူဆရသော ၅၀၀၀ တန်များ ဖမ်းမိ



ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်း၌ မြန်မာနိုင်ငံသား တဦးထံတွင် ကျပ်ငွေ သိန်း ၃၀ ခန့်ရှိ အတုဟု ယူဆ ရသော ၅၀၀၀ တန် ငွေစက္ကူများကို စခန်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

“မြ၀တီကလာတဲ့ စောဖားဝါးကို မနေ့ညနေက ဖမ်းလိုက်တာ။ မြန်မာငွေ အတု သိန်း ၃၀ ကို စခန်းဈေးထဲမှာရှိတဲ့ ငွေလဲ တဲ့ဆိုင်မှာလာလဲတာ၊ အတုတွေ ဖြစ်နေတဲ့အတွက် သူ့ကို ဖမ်းဆီးစစ်ဆေးပြီး ထိုင်း အာဏာပိုင်တွေဆီ လွှဲပြောင်းပေး လိုက်တယ်”ဟု မယ်လ ဒုက္ခသည် စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

မယ်လ ဒုက္ခသည် စခန်းတွင် စခန်း အုပ်ချုပ်ရေး ကော်မတီ အနေနှင့် သာမန်လူမှုရေး ပြဿနာများကို ဖြေရှင်းပေးလေ့ ရှိသော်လည်း လူသတ်မှု၊ မဒိန်းမှု၊ မူးယစ်ဆေးဝါးအမှု အပါအ၀င် ရာဇ၀တ်မှုဆိုင်ရာ များကို ထိုင်း အာဏာပိုင်များထံ လွှဲပြောင်းပေးရကြောင်း ၎င်းက ဆိုသည်။

အဖမ်းခံရသည့်သူ စောဖားဝါးက ၎င်း၏ မြန်မာပြည်တွင်းမှ မော်တော်ဆိုင်ကယ် ၂ စီး ရောင်းရသည့်ငွေများကို ထိုင်း ဘတ်ငွေများနှင့် လာရောက်လဲလှယ်ခြင်းဖြစ်ပြီး ငွေအတုများဖြစ်ကြောင်း မသိရှိဟု ထိုင်း အာဏာပိုင်များထံ ထွက်ဆို ထားကြောင်း သိရသည်။ ၎င်းကို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးပေ။

စခန်း တာဝန်ရှိသူများ ပြောပြချက်အရ အဖမ်းခံရသူနှင့် အတူလိုက်ပါလာသည့် အမျိုးသမီး ၄ ဦးမှာလည်း မဲဆောက်မြို့ သို့ ရောက်ရှိနေကြောင်း သိရသည်။

ယခင်က ဒုက္ခသည် စခန်းထဲတွင် မြန်မာ ကျပ်ငွေ အတုများ သန်းနှင့်ချီ၍ ဖမ်းဆီးမိခဲ့ကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တွင် ကျပ်ငွေ အတုနှင့် ပတ်သက်သည့် သတင်းများ မကြာခဏ ပေါ်ပေါက်လေ့ ရှိကြောင်း ငွေလဲလှယ်မှု ပြုလုပ်သူများက ပြောသည်။

“မဲဆောက်မှာကတော့ မြန်မာ ကျပ်ငွေ ၅၀၀၀ တန်တွေ မရှိသလောက်ဘဲ အတုတွေ ၀င်နေတာတော့ ကြားတယ်၊ မတွေ့ သေးဘူး မြန်မာတွေကလည်း ဒီ ၅၀၀၀ တန်ကို မလိုချင်ကြဘူး၊ ၁၀၀၀ တန်တွေကိုပဲ ယူကြတယ်”ဟု ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဈေးထဲတွင် တရားဝင် ငွေလဲလှယ်နေသည့် ဆိုင် ပိုင်ရှင်တဦး က ပြောသည်။

မယ်လ ဒုက္ခသည် စခန်းတွင် တရားမ၀င် ငွေလွှဲဆိုင်များ အများအပြားရှိပြီး တတိယ နိုင်ငံ အသီးသီးသို့ရောက်ရှိနေကြ သူများက စခန်းတွင် ကျန်ရှိနေသည့် ဆွေမျိုးသားချင်းများထံ ငွေပို့ပေးရာမှ အစပြု၍ ငွေလဲဆိုင်များဖြစ်ပေါ်လာခြင်း ဖြစ် ကြောင်း စခန်းအတွင်း နေထိုင်သူ တဦးက ရှင်းပြသည်။

“ဒီမတိုင်ခင်က ဒုက္ခသည်တွေမှာ လဲစရာ ဘာငွေမှမရှိဘူး၊ အခုတော့ မယ်လစခန်း ဈေးကြီးက မဲဆောက်ဈေးနဲ့ နင်လား ငါလားပဲ”ဟု ၎င်းက ဆိုသည်။

စခန်း အတွင်းရှိ ငွေလဲလှယ်သည့် ဆိုင်များမှာ နိုင်ငံတကာမှ ပေးပို့လာသော ငွေများကို အခကြေးငွေယူကာ ၀န်ဆောင် မှုများ ပေးသကဲ့သို့ မြန်မာနိုင်ငံ အရပ်ရပ်သို့လည်း ငွေလွှဲ ငွေပို့ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

မယ်လ ဒုက္ခသည် စခန်းတွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခု ရှိသည်။ ထိုဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များသည် ၁၉၈၃ ခုမှ စတင်၍ စစ်အစိုးရတပ်များ၏ ထိုးစစ် ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။

source: ဧရာဝတီ

ဆက်၍ ဖတ်ကြည့်ပါဦး ..

Saturday, December 25, 2010

ပုဂ္ဂလိကဘဏ်များ တိုးချဲ့ဖွင့်လှစ်လာခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပိုမိုပေါ်ပေါက်လာ

ပုဂ္ဂလိကဘဏ်များ လုပ်ကိုင်ခွင့်ရရှိလာသည့်အတွက် ဘဏ်လုပ်ငန်း ဆိုင်ရာများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ယခင်ကထက် ပိုမို ပွင့်လန်းလာကြောင်း ဘဏ်လုပ်ငန်းတာဝန်ရှိသူ အချို့က သုံးသပ် ပြောကြားလာသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အစိုးရဘဏ်ကြီး လေးခုရှိပြီး ပုဂ္ဂလိက ပိုင်ဘဏ် ၁၉ ခုရှိကာ ထိုထဲတွင် အများ ပိုင်ဘဏ်အမျိုးအစား ငါးခု ပါဝင်သည်။

ဘဏ်များ တိုးမြှင့်ဖွင့်လှစ်လာသည့်အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ အတွေ့ အကြုံရှိ ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်လာသည့် နည်းတူ အတွေ့အကြုံမရှိသည့် ၀န်ထမ်းသစ်များကိုလည်း ခန့်အပ်၍ လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်ရန် လိုအပ်လာသည်ဟု ဆိုသည်။

ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အသစ်ဖွင့်လှစ်ခွင့်ရတဲ့ ဘဏ် လေးခုမှာ ဘဏ်တစ်ခုကို ၀န်ထမ်း ၁,၀၀၀ လိုအပ်တယ်ဆိုရင် ၇၀ ရာခိုင်နှုန်းက အတွေ့အကြုံရှိတဲ့သူတွေ လိုအပ်ပြီး ၃၀ ရာခိုင်နှုန်းက အတွေ့အကြုံမရှိတဲ့ သူတွေကို ခန့်ရမယ်။ ဒါမှမဟုတ်လည်း အတွေ့အကြုံရှိ ၄၀ ရာခိုင်နှုန်းနဲ့ အတွေ့အကြုံမရှိ ၆၀ ရာခိုင်နှုန်းဆိုပြီး ခန့်ရ မယ်"ဟု ပြောသည်။

စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အခု ကျွန်တော်တို့ခေါ်တာက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ဘဏ်ခွဲတွေအ တွက် ကြိုခေါ်ထားတာ။ အဲဒီအတွက် လိုမှာက ဥပမာ လူ ၈၀ လောက်လိုတဲ့ဟာကို လျှောက်ထားတဲ့လူက ၇၀၀၊ ၈၀၀ လောက်ရှိ တယ်။ ဒီထဲမှာ ကွာလဖိုင်းဖြစ်တာ မဖြစ်တာ ရှိဦးမယ်။ တချို့ အသက်ကျော်သွားတာပါမယ်။ အဓိကက ကွာလဖိုင်း မဖြစ်ဘူး။ ဒါကြောင့် ဘဏ်ခွဲတွေကလည်း ဖွင့်ဖို့ကြာဦးမယ်ဆိုတော့ ဒီလူတွေအတွက်ကို ကြိုပြီးတော့ ထရိန်းလုပ်ထားမှာ"ဟု ဆိုသည်။

"ဘဏ်တွေများများဖွင့်ရင် လူများများ အလုပ်ရမှာပေါ့ဗျာ။ ဥပမာ ဟင်္သတဆို ဟင်္သတမှာဖွင့်ရင် လူ ၃၀ လောက် အလုပ်ရသွားပြီ။ အဲဒီမှာ အလုပ်မရှိတဲ့လူ ၂၀၀ လောက်ရှိရင်လည်း ရှိမှာပေါ့။ ပုသိမ်မှာဆိုလည်း လူ ၂၀၀ လောက် အလုပ်မရှိပေမယ့် လူ ၄၀ လောက် အလုပ်ရသွားမယ်။ အဲဒီတော့ ဂျော့ခရီရေးရှင်းတွေ ပေါ်လာတာပေါ့။ ဘဏ်ခွဲများများဖွင့်နိုင်ရင် ပိုလာမှာပေါ့။ အထူးသဖြင့် မိန်းက လေးတွေ များလာတယ်။ ယောက်ျားလေးက နိုင်ငံခြားသွားဘာသွားနဲ့ သိပ်မရှိဘူး။ "ဘဏ်ဝန်ထမ်းသစ်တွေအတွက်က ဘွဲ့ရဖြစ်ရ မယ်၊ အသက် ၂၅ နှစ်ထက် မကျော်ရဘူး၊ ဧည့်ကြိုဝန်ထမ်းအတွက်ကတော့ အခြေခံပညာအထက်တန်းအောင်၊ အသက် ၂၀ မကျော် ရဘူး"ဟု ၎င်းက ပြောသည်။

လက်ရှိကာလတွင် စီဘီဘဏ်များတွင်တာဝန်ထမ်းဆောင်နေသော ဘဏ်ဝန်ထမ်း ၁,၀၀၀ ကျော်ရှိနေပြီး ဘဏ်ဝန်ထမ်းသစ်များကို Basic Banking Training တစ်လခွဲကြာ သင်ကြားပေး ပြီး လုပ်ငန်းခွင်ရှိဘဏ်ဝန်ထမ်းဟောင်း များအား Foreign Banking စနစ် ကိုမူ အတွေ့အကြုံရှိဆရာများဖြင့် သင်ကြားပေးလျက်ရှိသည်။

ပုဂ္ဂလိကပိုင်ဘဏ်များသည် အစိုးရ သစ်ပေါ်ပေါက်လာပါက ဘဏ်လုပ်ငန်းဆိုင်ရာမူဝါဒသစ်များ ပြောင်းလဲ ပေါ်ပေါက်လာနိုင်သည့် အတွက် နည်းပညာသစ်များဖြင့် လုပ်ငန်းအရှိန်အဟုန်များ တိုးမြှင့်လုပ်ဆောင်သွားရန် ပြည်တွင်း ပြည်ပမှ နည်းပညာကုမ္ပဏီများ၏ ကုန် ပစ္စည်းနှင့် နည်းပညာ မိတ်ဆက်ဆွေး နွေးပွဲများကို လေ့လာမှုတစ်ရပ်အနေ ဖြင့် သတင်းအချက်အလက် စုဆောင်းထားသည့် အဆင့်သာ ရှိသေးသည်ဟု ဆိုသည်။

"ဟိုတစ်လောက ဘဏ်နဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေတော်တော်များများ ရခဲ့ကြတယ်။ နောက်ထပ်လည်း ဘဏ်သစ်တွေဖွင့်လာ နိုင်တဲ့ အခြေအနေမှာ အလုပ်တော်တော်များများ ရနိုင်ကြတယ်။ ကျွန်တော်တို့ဆီကတော့ ပို့ပေးလိုက်တယ်။ အဲဒီထဲကနေပြီးတော့မှ သူတို့တွေက ပြန်ရွေးကြတာဖြစ်တယ်။ ဒါပေမယ့် ဘဏ်ကျတော့ တော်တော်များများ အလုပ်အကိုင်ရဖို့ စိတ်ဝင်စားတဲ့သူ များတယ်။

"အဲဒီထဲကမှ ဘဏ်တွေက အကြီး တန်းရာထူးအတွက် အတွေ့အကြုံရှိတဲ့ သူတွေ ရွေးခေါ်ကြတယ်။ အသစ်တွေကတော့ သူတို့က ခန့်ပြီး Well Train ပြန်လုပ်တာပေါ့။ အတွေ့အကြုံရှိတဲ့သူတွေက ရာထူးနေရာအားဖြင့် နည်းသွားတော့ အသစ်တွေကို ခေါ်တဲ့အပိုင်း က ပိုများတာပေါ့"ဟု Device Services Company Limited ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေးမှ ဒါရိုက်တာ ဦးတင်ထွန်းကျော်က ပြောသည်။

AGD အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက "ဘဏ်တွေလုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် ဒီ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာနဲ့ မတွေ့ရစေဖို့ ကုမ္ပဏီတွင်းမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်ပညာရှင်တွေကနေ ၀န်ထမ်းတွေကို သင်တန်းပေးထား တာ အခုဆိုရင် ၃၀၀ ကျော်လောက်ရှိပြီ။ "ဘဏ်တစ်ခုချင်းစီအတွက် ၀န်ထမ်း လိုအပ်ချက်က ၄၀ လောက်ရှိတယ်။ နောက်ထပ် ဘဏ်တွေလည်း ထပ်ဖွင့်မှာဆိုတော့ ဒီအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောလည်းပါပါတယ်။ အဲဒီလို လုပ်ထားတဲ့အတွက် ကျွမ်းကျင် ၀န်ထမ်းရှားပါးမှုပြဿနာနဲ့ မကြုံတွေ့ရတော့ဘူး"ဟု ဆိုသည်။

"ဘဏ်လုပ်ငန်းက နိုင်ငံတကာနဲ့အတူ ကျယ်ပြန့်လာရင် နည်းပညာတတ်ကျွမ်းသူတွေ ပိုလိုအပ်လာမယ်။ သူ့လုပ်ငန်းစဉ်တတ်ကျွမ်း သူတွေလည်း လိုအပ်လာမယ်။ အခုချိန်မှာ နိုင်ငံခြားထွက်ပြီး Online Banking စနစ်တွေ၊ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာဘာသာရပ် တွေကို သင်ယူတဲ့သူတွေက နောင်တစ်ချိန် ပြန်လာတဲ့အခါ အသုံးချဖို့ အဆင်သင့်ဖြစ်နေရင် သူတို့တွေအတွက် အလုပ်အကိုင်နေရာ ကောင်းကောင်းတွေလည်း အဆင်သင့်ဖြစ်နေမှာ အသေအချာပါ" ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံအရာရှိ ဦးအောင်ကျော်ဆန်းက ပြောသည်။

http://www.myanmar.mmtimes.com/2010/news/498/news17.html

ဆက်၍ ဖတ်ကြည့်ပါဦး ..

ပြင်မှာလား . . ခင်းမှာလား . . .



မြို့တော်တစ်ခု၏ သာယာလှပမှုသည် မြို့တော်အတွင်း၌ ရှိသော တိုက်တာ အဆောက်အဦ၊ အပန်းဖြေဥယျာဉ် စသည့် အခြေခံ အဆောက်အဦများ သာမက မြို့တော်အတွင်း မှီတင်းနေထိုင်လျက် ရှိကြသည့် ပြည်သူများ၏ နေ့စဉ်သုံးစွဲနေသော လမ်းများလည်း တစ်ခု အပါအ၀င်ပင် ဖြစ်သည်။ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် များပြားလာသော ခရီးသည်တင်ယာဉ် စီးရေ၊ ကိုယ်ပိုင်ယာဉ်စီးရေ၊ အငှားယာဉ်စီး ရေတို့နှင့် လိုက်လျောညီထွေ ရှိနိုင်သည့် လမ်းများလိုအပ်မှုမှာလည်း အရေးကြီး လှပေသည်။

ယခုအချိန်မှာ ပွင့်လင်းရာသီ ကာလ ရောက်ရှိလာပြီ ဖြစ်၍ မြို့တွင်း သွားလာရေးတွင် လမ်းများ ကောင်းမွန်စေရေးကိုလည်း မြို့နေလူထုများ မျှော်လင့်လျက် ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီ ကာလများဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာလများအတွင်း ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးများနှင့် ခရီးသည်တင် ယာဉ်သွားလာမှု များပြားသော လမ်းများအား ပြုပြင်ခင်းကျင်းမှုများအား ပြုလုပ်ခဲ့သော်လည်း ယခုနှစ် ပွင့်လင်းရာသီ ကာလ ရောက်ရှိလာသော်လည်း အဆိုပါလမ်းများအား ပြုပြင်ခင်းကျင်းမှုများ နည်းပါးနေသေးကြောင်း မြို့တွင်း သွားလာလှုပ်ရှားသူများ၏ ပြောပြချက်များအရ သိရှိရသည်။ လက်ရှိ အချိန်တွင် ရန်ကုန်မြို့တွင်း ကတ္တရာလမ်းများ အား ပြုပြင်ခင်းကျင်းမှုထက် ကွန်ကရစ်လမ်းများ ဖောက်လုပ်ခြင်းကိုသာ ဦးစားပေး ဆောင်ရွက်နေသည်ကို တွေ့မြင်ရကြောင်း သိရသည်။

''ဒီနှစ် မိုးတွင်းကာလအပြီး ပွင့်လင်းရာသီမှာ ရန်ကုန်မြို့က ပျက်စီးနေတဲ့ လမ်းမကြီးတွေကို စက်ယန္တရားကြီးတွေနဲ့ ခင်းကျင်း ပြုပြင်တာ မတွေ့ရဘူး။ ယာဉ်သွားများတဲ့ လမ်းအချို့လောက်ကိုပဲ လမ်းပေါက်ဖာတာ ရှိတယ်။ လမ်းပေါက်ဖာတဲ့ နေရာမှာ လည်း ကတ္တရာနဲ့ စနစ်တကျ ဖာတာမျိုး မဟုတ်ဘဲ အုတ်ခဲကျိုးတွေ အသုံးပြုပြီး ဖာတာကို တွေ့ရတယ်။ အဲဒီတော့ ယာဉ်အသွားများတဲ့ လမ်းတွေဆိုရင် ခဏလေးနဲ့ ပြန်ပြီး ပျက်စီးကုန်တာပေါ့''ဟု အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောပြခဲ့သည်။

''မိုးများတဲ့အချိန် အစိုဓာတ်များတော့ ကတ္တရာက ခင်းလို့ အဆင်မပြေဘူး။ နေသာတဲ့ အချိန်တွေလောက်ပဲ ခင်းလို့ အဆင်ပြေတယ်။ ဒါကြောင့် မိုးဆက်တိုက်ရွာနေတဲ့ မိုးတွင်းလို အချိန်မျိုးတွေမှာ ကတ္တရာနဲ့ လမ်းခင်းမှုတွေ ခဏရပ်ထားတာက သဘာဝ ကျပါတယ်။ ဒါပေမယ့် မိုးကုန်သွားလို့ ပွင့်လင်းရာသီ ရောက်တဲ့အချိန်မှာတော့ ပျက်စီးနေတဲ့ ကတ္တရာလမ်းတွေကို ပြုပြင် ထိန်းသိမ်းသင့်ပါတယ်''ဟု မြို့ပြ အင်ဂျင်နီယာ တစ်ဦးက သူ၏အမြင်ကို ပြောပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ် ပွင့်လင်းရာသီကာလမှ စတင်၍ ရန်ကုန်မြို့တွင်း လမ်း ၅၀ ပြည့်မီ ရေးစီမံချက်ဖြင့် ရန်ကုန်မြို့တွင်းရှိ လမ်းမကြီးများကို ပြုပြင်ခင်းကျင်းခဲ့ပြီး ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ပြုပြင်ခင်းကျင်းခဲ့ကြောင်း၊ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင်မူ အခြားလမ်းများထက် ခရီးသည်တင် ယာဉ်သွားလာမှု များပြားသော လမ်းများကို ဦးစားပေး ခင်းကျင်းမှုများ ပြုလုပ်ခဲ့ကာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင်လည်း ခရီးသည်တင်ယာဉ် အများဆုံး ပြေးဆွဲသော လမ်းမကြီးများနှင့် ရေကြီးရေလျှံတတ်သော လမ်းများကို လမ်းသား မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ လုပ်ငန်းများထက် ရပ်ကွက်များအတွင်းရှိ မြေသားလမ်းများ၊ ဂ၀ံလမ်းများကို ကွန်ကရစ်လမ်းများ အဖြစ် အဆင့်မြှင့်တင် ခင်းကျင်းခြင်း များ ပြုလုပ်ခဲ့ကာ ထို့သို့ ပြုလုပ်သော လမ်းအရေအတွက်မှာ လမ်း ၁၀၀ နီးပါး ရှိခဲ့ကြောင်း သိရသည်။

''ကျွန်မတို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာလည်း လမ်းမကြီးတွေကို ပြုပြင်တာထက် ရပ်ကွက်ထဲက လမ်းတွေကိုပဲ ကွန်ကရစ်လမ်းတွေ ခင်းနေတာ တွေ့ရတယ်။ တချို့ ကားသွားများတဲ့ လမ်းမကြီးတွေဆိုရင် ပျက်စီးနေပြီ။ တချို့ နေရာတွေမှာဆိုရင် လမ်းတွေက လှိုင်းတွေလို တွန့်နေတယ်။ အဲဒါတွေကို ပြုပြင်စေချင်တယ်။ လမ်းမကောင်းတော့ ခရီးသွားလာရတာ နှောင့်နှေးတာပေါ့''ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်း အများဆုံး ပြေးဆွဲသည့် လမ်းများမှာ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းမကြီး၊ ပါရမီလမ်း၊ အင်းစိန်လမ်း၊ ဗညားဒလလမ်း၊ စက်ရုံလမ်း၊ ဗားကရာလမ်း စသည်တို့ဖြစ်ပြီး ခရီးသည်တင်ယာဉ်များ ဖြတ်သန်းသွားလာမှု များသည်နှင့်အမျှ လမ်းပျက်စီးမှုများလည်း များပြားကြောင်း၊ မိုးရွာသွန်းမှု များသည့် နှစ်တွင်မူ လမ်းပျက်စီးမှု ပိုမိုတွေ့ကြုံရ ကြောင်း သိရသည်။

ထို့ပြင် လမ်းများအား ပြုပြင်ခင်းကျင်းသည့် အပိုင်းတွင်လည်း ကြာရှည် အသုံးပြုနိုင်ရန်အတွက် အရည်အသွေးပိုင်းအား ဂရုပြုသင့်ကြောင်းကိုလည်း မြို့ပြအင်ဂျင်နီယာ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

၎င်းက ''ရန်ကုန်မြို့မှာ ကားအစီးရေက နှစ်စဉ် တိုးတက်နေပါတယ်။ တိုးလာတဲ့ ကားအစီးရေအပေါ်မှာ လမ်းတွေရဲ့ခိုင်ခံ့မှု၊ ခံနိုင်ရည်ရှိမှု၊ ကြာရှည် အသုံးပြုနိုင်မှုကလည်း အရေးကြီးလာပါပြီ။ ဥပမာ လမ်းတစ်ခုကို ပြန်ပြင်ပြီး ခင်းလိုက်ပြီ။ တစ်နှစ် နှစ်နှစ်ပဲ သုံးပြီး ဒီလမ်းက ထပ်ပျက်စီးသွားမယ် ဆိုရင် ဘာမှမထူးဘူး။ ဒီထက် နှစ်ကြာကြာသုံးနိုင်အောင်လို့ နည်းစနစ်တွေ စဉ်းစားပြီး လုပ်သင့်တယ်''ဟု ဆိုပါသည်။

ယခုနှစ် ပွင့်လင်းရာသီ ဖြစ်သော လတ်တလော ကာလများအတွင်း ရန်ကုန်မြို့၌ လမ်းပြုပြင် ခင်းကျင်းရေး စီမံချက် အနေဖြင့် ခရီးသည်တင် ဘတ်စကားများ ပြေးဆွဲသော လမ်းမကြီးအချို့အား လမ်းပေါက်ဖာခြင်းနှင့် ပြုပြင်ခြင်း အချို့သာ ရှိကြောင်း၊ မြို့နယ် ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကိုသာ အများအပြား ပြုလုပ်လျက် ရှိသည်ဟု သိရသည်။ ယခု ဘဏ္ဍာရေးနှစ် အတွင်း လက်ရှိအချိန်အထိ ရပ်ကွက်များ အတွင်း၌ ကွန်ကရစ် ခင်းကျင်းပြီးစီး ခဲ့သည့် လမ်းအရေအတွက်မှာ ၁၀၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။

''လမ်းပေါက်ဖာတာပဲ ဖြစ်ဖြစ်၊ လမ်းပြုပြင်တာပဲ ဖြစ်ဖြစ် စနစ်တကျလေး ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ရုံး ရှိတဲ့ တာမွေ တောင်မြင်းပြိုင်ကွင်း လမ်းမှာဆိုရင် လမ်းရဲ့ ဒီဘက်ထိပ်မှာ လမ်းပေါက်ဖာတာ တွေ့တယ်။ နောက်တော့ ဟိုဘက်ထိပ်နားမှာ သွားပြင်တယ်။ ကျွန်တော်တို့ ရုံးရှေ့နဲ့ ဟိုဘက်ဒီဘက် ပေ ၅၀ လောက်ကို တော့ မပြင်ဘဲ ကွက်ကျန်သွားတယ်။ လမ်းဆိုတာက ဟိုနားပြင်၊ ဒီနား ကွက်ပြင်တာ နိုင်ငံတော်ဘဏ္ဍာ အလကားကုန်တာမျိုးပဲ ဖြစ်ပြီး မထိရောက်ဘူးလို့ ထင်ပါတယ်။ နေရာကွက်ပြင်ပြီး ကျန်တဲ့နေရာတွေ မပြင်တော့ တစ်လမ်းလုံး မကောင်းသလိုပါပဲ''ဟု Weekly Eleven News ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက ပြောပါသည်။

''တစ်နေ့က နေပြည်တော်က ပြန်လာတော့ အပြန်တစ်လမ်းလုံး အိပ်ငိုက်လာတာ ရန်ကုန်ဧရိယာထဲဝင်လို့ ကားက ချိုင့်ထဲကျတော့မှပဲ လန့်နိုးသွားတယ်။ ခါးတော်တော်နာသွားတယ်။ အမြန်လမ်းက ပြန်လာတာဆိုတော့ လမ်းမှာ အေးဆေးပဲဆိုပြီး ခါးပတ်တာကို မ၀တ်ခဲ့မိလိုက်ဘူး။ ကျွန်တော်က ခါးနာရောဂါ ရှိပါတယ်။ ကိုယ်တွေ့ကြုံတော့မှပဲ တစ်ခု သွားစဉ်းစားမိတယ်။ ဒီတစ်ခါ ပညာပေးရုပ်သံဇာတ်လမ်း ရိုက်ရင် အဲဒီအဖြစ်မှန်လေးကို ထည့်ရိုက်မလားလို့ပါ''ဟု ခါးနာရောဂါရှိ သော နာမည်ကြီး အကယ်ဒမီ ဒါရိုက်တာ တစ်ဦးက ပြောပါသည်။

source: E11

ဆက်၍ ဖတ်ကြည့်ပါဦး ..

Friday, December 24, 2010

ထာဝရနှင်းဆီ အငြိမ့် မလေးရှားနှင့် စင်္ကာပူတွင် ဖျော်ဖြေမည်


မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေမည့် ထာဝရနှင်းဆီ အငြိမ့် အတွက် ပရိသတ်များ အထူးစိတ်ဝင်စားနေပြီး ကြိုတင် လက်မှတ်များ ၀ယ်ယူသူ များပြားနေကြောင်း သိရှိရသည်။

“လက်မှတ်တွေကတော့ ရောင်းနေရပြီ။ အများဆုံးကတော့ အထူးတန်းတွေရောင်းနေရတယ်။ ပရိသတ်တွေက အတော်လေးကို စိတ်ဝင်စားကြတယ်”ဟု မလေးရှားတွင် ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲဖြစ်မြောက်ရေး အတွက် ဦးဆောင်သူ မြန်မာ့ ဥယျာဉ် ကုမ္ပဏီမှ ကိုစိုးသန်းက ပြောသည်။

ယခုဖျော်ဖြေမည့် ထာဝရနှင်းဆီတွင် နိုင်ငံခြားရောက်မြန်မာများအတွက် ရိုးရာယဉ်ကျေးမှုကို အဓိက ပြသမည့် အစီအစဉ်များ ပါဝင် မည်ဖြစ်ကြောင်း၊ ပြက်လုံးများကို အကောင်းဆုံး ကြိုးစားတင်ဆက် သွားမည်ဖြစ်ကြောင်း လူရွှင်တော်အဖြစ် ဖျော်ဖြေမည့် သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း ပြောဆိုသည်။

“ပြည်ပက ပရိသတ်တွေ အခုလို စိတ်ဝင်စားကြတဲ့အတွက် ၀မ်းသာပါတယ်။ ရေခြား၊ မြေခြားက ပရိသတ်တွေကို ဖျော်ဖြေခွင့်ရဖို့က မလွယ်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

မလေးရှားရှိ မြန်မာ့ဥယျာဉ်က စီစဉ်သည့် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ၏ ထာဝရ နှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို မင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီ နှင့် ဖူးစုံတို့က လည်းကောင်း၊ လူရွှင်တော်များ အဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုးတို့ကလည်းကောင်း ကပြဖျော်ဖြေကြမည်ဖြစ်သည်။

အဆိုပါပွဲများအတွက် လွန်ခဲ့သည့် ၃ လခန့်ကတည်းက ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်များနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး ဖြစ် ကြောင်းနှင့် ပွဲမကမီ အချိန်အတွင်း မလေးရှားနိုင်ငံအတွင်း မည်သည့်ပွဲကိုမှ လက်ခံကပြမည်မဟုတ်ကြောင်းကိုလည်း သဘော တူ ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံ ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွာလာလမ်ပူ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပီနန်၌ လည်းကောင်း ၂ နေရာ ကျင်းပမည်ဖြစ်သည်။

အနုပညာရှင်များ နှင့် မြန်မာပရိသတ်များ တွေ့ဆုံမိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကွာလာလမ်ပူ မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပီနန် မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ကိုစိုးသန်း က ရှင်းပြသည်။

ထိုင်ခုံ လက်မှတ်များကို VIP တန်း၊ ရိုးရိုးတန်း၊ အထပ်တန်း၊ ထိုင်ခုံမပါ အဖြစ် သတ်မှတ်ထားပြီး ဈေးနှုန်းများမှာ ရမ်းဂစ် ၅၀ မှ ၁၈၀ အထိ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

ထို့အတူ စင်္ကာပူနိုင်ငံတွင်လည်း မတ်လ ၆ ရက်နေ့တွင် ချိုင်းနားတောင်း ရပ်ကွက်ရှိ Kreta Ayer People’s Treatre ဇာတ်ရုံ တွင် ထာဝရနှင်းဆီ နှစ်ပါးသဘင် ကျင်းပ မည်ဖြစ်သည်။

မြန်မာနှစ်ကူး အတာ သင်္ကြန်ကို ကြိုဆိုသောအားဖြင့် စင်ကာပူရောက် အနုပညာချစ်သူများ စီစဉ်သော ထာဝရနှင်းဆီတွင် သစ္စာ မေတ္တာ ရွှေမန်းသဘင် မှ မင်းသား တင်မောင်ဆန်းမင်းဝင်း က ဧည့်သည် အနုပညာရှင်အဖြစ် ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး အဆိုပါ ပွဲအတွက် လက်မှတ် ရောင်းဈေးများကို စင်္ကာပူ ဒေါ်လာ ၅၀၊ ၄၀၊ ၃၀ သတ်မှတ်ထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် တန်ဆောင်မုန်း လပြည့်နေ့က သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ(၁) ၌ ကျင်းပသည့် ထာဝရနှင်းဆီအငြိမ့် ဖျော်ဖြေပွဲတွင် နေတိုး၏ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်း ... တော့ သွားရ အလွန်ခက်သည်” ပြက်လုံး၊ ထွန်းထွန်း၏ “ဖုန်းတွေဟာ အလွန် ပေါပါသည်၊ ခေါ်ဆိုသော်လည်း လိုင်းက ကျပ် ပေသည်၊ ဈေးကြီးပေမယ့် ဆက်ရ အလွန်ခက်သည်” စသည့် ပြက်လုံးများမှာ မြန်မာပြည်သူများ၏ နေ့စဉ် ဘ၀ကို ထင်ဟတ် နေသောကြောင့် အကြိုက်တွေ့ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။

ထိုဖျော်ဖြေပွဲပြီးနောက် ရန်ပုံငွေပွဲ ကပြတင်ဆက်ပြီး အခွေထွက်ရှိမည်ဆိုပါက ဗီဒီယို ဆင်ဆာအဖွဲ့မှ ခွင့်ပြုထားသည့် အတိုင်းသာ ကပြရတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန် ခဲ့သည်။

source: ဧရာဝတီ

ဆက်၍ ဖတ်ကြည့်ပါဦး ..

သောက်ရေသန့်ဗူး - ကျန်းမာရေးအတွက် ဆေးတစ်ခွက်လား၊ အဆိပ်ရေလား

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို၊ လော့စ်အိန် ဂျလိစ်၊ ဖီးနစ်စ်၊ ချီကာဂို၊ စိန့်လူးဝစ်စ်နှင့် အခြားမြို့ကြီး များသည် များမကြာမီကပင် ရေသန့်ဗူးများ သောက်သုံး ခြင်းကို တားမြစ်သည့် လှုပ်ရှားမှုများတွင် ပါဝင်လာကြပြီး

မြို့နေလူထု၏ ၀င်ငွေဒေါ်လာများစွာကို ရေသန့်ဗူးများ ၀ယ်သောက်ခြင်းဖြင့် သုံးဖြုန်းခြင်းအား ဥပဒေ အရ တရားမ၀င်အောင် လုပ်ဆောင်လာကြပါသည်။

ရေသန့်ဗူးသည် ပိုက်လိုင်းရေထက် အလွန်တရာ အရည် အသွေး မြင့်မားဖွယ်ရှိသည်ဟူသော နားလည်ထားမှုသည် ပြည်သူတို့၏ အမြင်တွင် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်စေခဲ့ပါသည်။

“တစ်နေ့ တစ်နေ့ ပလပ်စတစ် ဗူးခွံ သန်း ၆၀ ထုတ်လုပ်တယ်၊ သယ်ယူပို့ဆောင်တယ်၊ နောက် အမှိုက် ကျင်းတွေကတဆင့် မြေကြီးထဲ မြှုတ်ပစ်လိုက်ကြရော။ အမေရိကန်ပြည်ထောင်စုမှာ ဒီလိုလုပ်နေခြင်းဟာ ကျွန်တော်တို့ ကမ္ဘာဂြိုလ်ကို ဖျက်လို့ဖျက်ဆီး လုပ်နေတာသာဖြစ်ပြီး ကောင်းကျိုး တစ်ကွက်မှ မရှိပါဘူး” ဟု အမေရိကန် သဘာဝရင်းမြစ် ကာကွယ်ရေး ကောင်စီမှ အဲရစ် အိုလ်ဆင် က ပြောခဲ့သည်။

စားသုံးသူတို့သည် ရေသန့်ဗူးကို ၀ယ်သောက်ရာတွင် ပိုက်လိုင်းမှ လာသောရေထက် ပိုမို အန္တရာယ် ကင်းသည်၊ ပိုမို သန့်ရှင်းသည်၊ ကျန်းမာရေး နှင့် ပိုမို ကိုက်ညီသည် ဟု အထင်မှားလျက် ၀ယ်ယူလေ့ ရှိကြပါသည်။ ရေသန့်ဗူး ထုတ်လုပ်သည့် ကုမ္ပဏီများစွာသည်လည်း သန်းထောင်ပေါင်း များစွာသော ငွေ အမြောက်အမြားကို သုံးစွဲလျက် စားသုံးသူများအား ရေသန့်ဗူးသည် ပိုက်လိုင်းရေထက် ပိုမို စိတ်ချရကြောင်း ကျန်းမာရေးကို အထောက်အကူပြုကြောင်း လှည့်စားနေကြပါသည်။ ယခုအခါ ပြည်သူတို့က ပြန်လည်မေးခွန်းထုတ်ကာ စောဒက တက်နေကြပေပြီ။

အဖြေရခက်သော မေးခွန်းများမှာ…

• ရေသန့်ဗူးက ပိုက်လိုင်းရေထက် တကယ်ရော ပိုကောင်းလို့လား။

• ပလပ်စတစ်ဗူးတွေဆီက ဓာတု အဆိပ်အတောက်တွေ ရေထဲတွင် ပြန့်နှံ့နေပါသလား။

• ဈေးနှုန်းနဲ့ ရေသန့်ဗူးကြောင့် ကရိကထများတဲ့ ဒုက္ခက အချိန် နဲ့ ငွေတွေ ဖြုန်းပစ်တာ သက်သက်ပဲလား။

• အမေရိကရဲ့ ပတ်ဝန်းကျင်စွန့်ပစ် ပလပ်စတစ်ညစ်ညမ်းမှု အဓိကတရားခံဟာ ရေသန့်ဗူး ဆိုတာသိကြရဲ့လား။

• လေ့လာချက်အများစု အရ ရေသန့်ဗူး ရေ ရဲ့ အရည်အသွေးဟာ ပိုက်လိုင်းရေနဲ့စာရင် အတူတူ ဒါမှမဟုတ် လျော့တောင် လျော့နေတယ် ဆိုတာ လူအများသိကြရဲ့လား။

• အိမ်သုံး ရေစစ်တွေက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါသလား၊ ဘယ်ရေစစ်က အကောင်းဆုံးပါလဲ။

မောင့်စီနိုင် ဆေးတက္ကသိုလ် မှ ဒေါက်တာ လီယို ထြာစန္ဒီ က အမ်အက်စ်အင်န်ဘီစီ သတင်းဌာနတွင် ၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က ပလပ်စတစ်ရေသန့်ဗူးများ၏ အန္တရာယ်နှင့် စိတ်အချရဆုံး သောက်သုံးရေ အကြောင်းကို ဟောပြောရှင်းလင်းခဲ့ပါသည်။

ပလပ်စတစ်ရေသန့်ဗူးများ၏ စိုးရိမ်စရာများရှင်းနေပါသည်။ ပလပ်စတစ်ရေသန့်ဗူးများ အာလုံးသည် ရေထဲသို့ ဓာတု အဆိပ်များ အခြားအရာများထက် ပိုမို စိမ့်ထွက်နေလျက်ရှိသည်။ လူသိများလှသည့် ပြန်ဖြည့်နိုင်သော ပလပ်စတစ်ရေသန့်ဗူးများသည်ပင် ဘိုင်ဖီနောလ် အေ ဟုခေါ်သည့် ဘီပီအေ ဓာတု အဆိပ်များ ရေထဲသို့ ထွက်နေကြောင်း သိရှိရသည်။ အကောင်းဆုံး နှင့် ကျန်းမာရေးနှင့် အကိုက်ညီဆုံး ဖြေရှင်းနည်းမှာ အိမ်တွင်း ရေစစ်များသုံးစွဲခြင်း နှင့် ပြန်ဖြည့်သွင်းနိုင်သော ဖန်ပုလင်း ရေများ သောက်သုံးခြင်းပင်ဖြစ်သည်။

ပြန်လည်ဖြည့်သွင်းနိုင်သော ဖန်ပုလင်း ရေများ

မကြာသေးမီက အစီရင်ခံစာ ရာပေါင်းများစွာတွင် ထုတ်လုပ်သူများသည် ရေသန့်ဗူးများ၏ အရည်အသွေးကို ပိုမို ချဲ့ကားကာ ကြော်ငြာ ထားကြကြောင်း ဖော်ထုတ်ပြလျက်ရှိကြပါသည်။ “များစွာသော ပိုက်လိုင်းရေ တို့သည် စိုးရိမ်ဖွယ် အမှန်ပင်ဖြစ်သော်လည်း စုဆောင်းရရှိပြီးသော အချက်အလက်များကို နှိုင်းယှဉ် ကြည့်လျင် ရေသန့်ဗူး သည်လည်း ပိုက်လိုင်းရေထက် ပိုမို စိတ်ချရကြောင်းကို မည်သို့မျှ အာမ မခံနိုင်ဟု ကျွန်ုပ်တို့ ကောက်ချက်ချလိုက်ပါသည်။” (သဘာဝရင်းမြစ်ကာကွယ်ရေးကောင်စီ၊ ၀ါရှင်တန် ကိုလံဘီယာ ခရိုင်)

အိမ်သုံးရေစစ် စနစ်တစ်ခုဖြင့် ရေသန့်ဗူးထက် အရည်အသွေးပိုမို ကောင်းမွန်သောရေ၊ သန့်ရှင်းကြည်လင်သော သဘာဝအရသာနှင့် ရေကို ကုန်ကျစရိတ် ဆယ်ဆမျှဖြင့် သက်သာစွာ ရရှိနိုင်ပါမည်။ ဗူးခွံတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုလည်း မဖြစ်နိုင်တော့ဘူးပေါ့။

ရေသန့်ဗူးတွေက ပတ်ဝန်းကျင်ကို ဘာတွေထိခိုက်နိုင်လဲ ဆိုရင်၊

• အမေရိကန်နိုင်ငံ တစ်ခုတည်းမှာပင် တစ်နေ့ တစ်နေ့ ရေသန့်ဗူး သန်း ၆၀ လွှင့်ပစ်နေကြတယ်။

• ပလပ်စတစ်ဗူးတွေ ထုတ်လုပ်တာကနေ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထု နဲ့ ထည် နဲ့ ထုတ်လွှတ် လျက်ရှိတယ်။

• အမေရိကန်နိုင်ငံ နဲ့ ကမ္ဘာ တစ်ဝှမ်း ပိုက်လိုင်းရေကို စစ်ပြီး ဗူးသွင်းထားတဲ့ ရေ တွေ နေ့စဉ် သယ်ပို့ နေတာ လောင်စာဆီ ဂါလံ သန်းချီပြီး ဆုံးရှုံးနေလျက်ရှိတယ်။

• ရေသန့်ဗူး ထုတ်လုပ်ရန် ၎င်း ထဲသို့ ထည့်သွင်းရသည့် ရေထက် သုံးဆမျှ ရေ ကုန်ဆုံးသည် ဖြစ်ရာ အလွန့်အလွန် အဟောသိကံ ဖြစ်သော ကုန်ထုတ်လုပ်ငန်းဖြစ်သည် ဟူလို။

အနှောင်အဖွဲ့ကင်းသော လေ့လာမှုတိုင်းတွင် ရေသန့်ဗူးများ၌ အဏုဇီဝ ပိုးမွှားများ နှင့် ဓာတုဒြပ်ပေါင်းများဖြင့် ညစ်ညမ်းလျက်ရှိကြောင်း မျက်မြင်အားဖြင့် တွေ့ရှိရပါသည်။

“ရေသန့်ဗူး ဖြစ်ဖြစ် ပိုက်လိုင်းရေ ဖြစ်ဖြစ် ဓာတုဒြပ်ပေါင်းများ ကင်းရှင်းရန်မှာ မဖြစ်နိုင်ချေ။ အိမ် သုံး ရေစစ် စနစ် တစ်ခု ကသာ ရေကောင်းရေသန့် ရရှိရန် တစ်ခုတည်းသော သေချာပေါက် အဖြေပင် ဖြစ်ပါသည်။” ဟု ရေ အကြောင်း သိကောင်းစရာ အဖြာဖြာ All about Water စာအုပ်ရေးသားသူ နှင့် ရေ သတိ WaterWarning.com အင်တာနက် စာမျက်နှာ အယ်ဒီတာ ချားလ်စ်၊ စထြန်း က ရေးသားခဲ့ဘူးပါသည်။

“ရေသန့်ဗူး သောက်သုံးခြင်း အလေ့အထ အတွက် ယုတ္တိရှိသည့် ဖြေရှင်းချက် ရှာမရ။ ဈေး ကကြီးသေး၊ သောက်ရတော့ နည်းနည်းလေး၊ ကျုပ်တို့ ဂြိုလ်ကမ္ဘာကိုလည်း ခွင့်မလွှတ်ချင်စရာ ကောင်းအောင် ညစ်ပတ်ပေရေစေသေးတယ်။” ဟု ဒေါက်တာ ဂျူလီယံ ၀ှစ်တကာ က မှတ်ချက်ပေးထား၏။

ပတ်ဝန်းကျင်ညစ်ညမ်းခြင်းကို ရိုးရိုးလေးနှင့် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ခု

အိမ်တွင်း ရေစစ် စနစ် သည် ယုတ္တိ အရှိဆုံး၊ ဈေး အသက်သာဆုံး၊ အလွယ်ကူ ဆုံး၊ ပိုက်လိုင်းရေနှင့် ရေသန့်ဗူးများကို ကျန်းမာရေး အညီညွတ်ဆုံး အစားထိုးနည်းလမ်း ပင်ဖြစ်ပါသည်။ အိမ်သုံး ရေစစ် စနစ် ဖြင့် မည်၍မည်မျှ သန့်စင်ချင်သည်ဖြစ်စေ၊ လိုသလောက် ရေသန့်သန့် ရရှိနိုင်ပါသည်။ ကျန်းမာရေး နှင့် ဓာတု ကင်းစင် ရေ ရရှိရေး ကို အလွန်တရာ အရေးကြီးသည် ဟု စဉ်းစားမိလျှင် သင်၏ အိမ်၌ အိမ်သုံး ရေစစ် စနစ် ရှိရန် အထူး လိုအပ်လှပါသည်။

ဤ အချက်အလက်များကို စေ့ငု လေ့လာလိုက်ပါက “ရေသန့်ဗူး ဆို မသောက်ဘူးဟေ့” ဟု ကြွေးကြော်လျက်ရှိသော အသိတရားကြွယ်ဝပြီး စားသုံးသူ သန်းပေါင်းများစွာ နှင့် ပူးပေါင်းကြလိမ့်မည် ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သင် အတွက်လည်း ပိုကောင်း၊ ကျွန်ုပ်တို့ နိုင်ငံ၏ စီးပွားရေး ကဏ္ဍ အတွက်လည်း ပိုကောင်း၊ ကျွန်ုပ်တို့ မြေကမ္ဘာ အတွက်လည်း ပိုမိုကောင်းမွန်သော ဆောင်ရွက်ချက်ပင် ဖြစ်ပေတော့သည်။

သတင်းရေးသူ။ ကျော်ငြိမ်းအေး

http://www.maukkha.org

ဆက်၍ ဖတ်ကြည့်ပါဦး ..

လူဖြူအဖိုးကြီးပုံစံရုပ်ဖျက်ပြီး ကနေဒါကို ခိုးဝင် တဲ့ တရုတ်လူငယ်


တရုတ်ပြည်မကြီးမှ လူငယ်တစ်ယောက်သည် အရွယ် လွန် ဥရောပသား လူဖြူအဖိုးကြီးပုံစံ ရုပ်ဖျက်ပြီး၊ ဟောင် ကောင်လေဆိပ်မှ ကနေဒါလေယဉ်ဖြင့် လိုက်ပါလာပြီး နောက် ကနေဒါလူဝင်မှု ကြီးကြပ်ရေးရဲ့ ဖမ်းဆီးမှုကို ပြီးခဲ့တဲ့အပတ်တွင် ခံခဲ့ရသည်။

ထိုလူငယ်ရဲ့ ရှေ့နေ Dan Mc Leod က “တရားရုံးမှာ သူ့အမှုကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာ အခုထိ မရှင်းသေးဘူး။ လူငယ်ကို ဒုက္ခ သည်အဆင့် ပေးသင့်လားဆိုတာ ဗန်ကူးဗားမြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်ဘုတ်အဖွဲ့မှာ နောက်ဆုံးကြားနာဖို့ စီစဉ်နေပါတယ်။ လော လောဆယ်တော့ Maple Ridge မှာရှိတဲ့ အကျဉ်းထောင်မှာသူ့ကို ဖမ်းထားပါတယ်” ဟု ပြောသည်။

ဆက်ပြီး ရှေ့နေက လူငယ်ရဲ့အမှုကို မီဒီယာတွေ သတင်းမယူနိုင်အောင် ပိတ်ပင်ထားကြောင်း၊ တကယ်လို့ တရုတ် ပြည်ပြန်ပို့လိုက်ရင် ဖမ်းဆီးနှိပ်စက်ခံရမှာမို့ သူ့နာမည်ကိုပါ မဖော်ပြနိုင်သေးကြောင်း ပြောခဲ့သည်။

ဟောင်ကောင် အာဏာပိုင်များကလည်း ဒီလူငယ်ဟာ ပြည်မကြီးကနေ ဟောင်ကောင် Chek Lap Kok လေဆိပ်မှာ transit လုပ်တာကြောင့်၊ လေဆိပ်စစ်ဆေးရေးဂိတ်များကို ရှောင်ရှားသွားနိုင်ခဲ့ကြောင်း ပြောဆိုသည်။

ကနေဒါ လေဆိပ်စစ်ဆေးရေးများကတော့ ဒီခရီးသည်ဟာ အသက်ကြီးကြီး ကော့ကေးရှန်း အဖိုးကြီးပုံစံပေါက်ပေမယ့် သူ့လက်များက အရမ်း နုနေတာကို ထောက်လှမ်းရေးကင်မရာများတွင် စတွေ့ရှိခဲ့ကြောင်း၊ ကိုယ်လက်သန့်စင်ခန်းထဲမှာ အသက် ၂၀ကျော် အာရှသားပုံ လုံးဝ ပေါ်သွားကြောင်း ပြောဆိုသည်။

တရုတ်လူငယ်မှာ မကြာခဏ ကနေဒါကို ၀င်ထွက်ဖူးသော အမေရိကန်နိုင်ငံသားအဖိုးကြီးတစ်ဦးရဲ့ ပတ်စပို့ ကိုင်ဆောင်ပြီး၊ လေယဉ်စီးလာခြင်း ဖြစ်သည်။ ဟောင်ကောင် Chek Lap Kok လေဆိပ် စစ်ဆေးရေးဂိတ်များကို လုံခြုံရေး ပိုမိုတင်းကျပ်ထားဖို့ လိုအပ်ကြောင်း ကနေဒါနိုင်ငံက ဝေဖန် ပြောဆိုသည်။

သတင်း Bangkok Post

ဆက်၍ ဖတ်ကြည့်ပါဦး ..

Thursday, December 23, 2010

မြန်မာသင်္ဘောသား ၂၃ ဦး မိသားစုနှင့် အဆက်အသွယ်ရ

ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲသွားသော လိုင်ဘေးရီးယား ကုန်တင် သင်္ဘောပါ မြန်မာသင်္ဘောသား ၂၃ ဦး ကျန်းမာလျက်ရှိကြောင်းနှင့် မိသားစုများနှင့် အဆက်သွယ် ရပြီ ဖြစ်ကြောင်း သင်္ဘောကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲ တာဝန်ရှိသူတဦးက ပြောသည်။

လွန်ခဲ့တဲ့ ၃ ရက်ကပဲ မိသားစုတွေဆီ အဆက်အသွယ်ရပါပြီ။ အားလုံးကျန်းကျန်းမာမာပါပဲလို့ပြောပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့လို့ ဆက်သွယ်ပါတယ်” ဟု ရန်ကုန်အခြေစိုက် ST.JOHNS SHIP MANAGEMENT ရုံးခွဲမှ အမည်မဖော်လိုသော တာဝန်ရှိသူ တဦးက မဇ္ဇျိမကိုပြောသည်။

ပြန်ပေးဆွဲခံရပြီး ဆိုမာလီရောက်နေသော မြန်မာသင်္ဘောသားများ ဓားပြများ၏ စီစဉ်ပေးမှုဖြင့် တယ်လီဖုန်း ဆက်သွယ်လာသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁ဝ ရက်က မြန်မာသင်္ဘောသား ၂၃ ဦးပါဝင်သော MV. Panama ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဒုံးလက်နက်များ ကိုင်ဆောင်ထားသော ဓားပြ ၅ ဦး တက်လာပြီး ပြန်ပေးဆွဲသွားသည်။

စက်တပ်လှေ နှစ်စီးဖြင့် ရောက်လာသော ဆိုမာလီဓားပြများက တန်ဇန်နီးယား အရှေ့ဘက် ရေပိုင်နက် မိုင် ၈ဝ ခန့်အကွာတွင် စီးနင်းသွားသည်ဟုဥရောပသမဂ္ဂ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါသင်္ဘောသားများ အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း ဓားပြများအောက်တွင် နေရမည်ဖြစ်သဖြင့် ပြန်ရောက်လာသည့်အခါ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဘို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က ပြောသည်။

“အဲဒိဆိုမားလီးယား ပြဿနာကြောင့် သင်္ဘောသားတွေရော ကျနော်တို့ရော ပိုင်ရှင်တွေရော တော်တော်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရတဲ့ကိစ္စတွေပါ။ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုပဲ ကျနော်တို့က မျှော်လင့်ရမှာပါ” ဟု ဦးဌေးအောင်က မဇ္ဈိမကိုပြောသည်။

အေဒင် ပင်လယ်ကွေ့သည် အရှေ့အာဖရိက ဆိုမာလီနိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ် ယီမင်နိုင်ငံအကြား၌ တည်ရှိသည်။ ယင်းပင်လယ်ကွေ့မှ တဆင့်အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းကို ဖြတ်၍ မြေထဲပင်လယ်ကို ဆက်သွယ်ပေးသောကြောင့် ကမ္ဘာ့အနောက်နှင့် အရှေ့ ရေကြောင်းကူးသန်းရောင်းဝယ်ရာတွင် အတိုဆုံးနှင့် ထိရောက်လွယ်ကူသည့် အဓိကလမ်းကြောင်း ဖြစ်သည်။

MV. Panama ကုန်တင်သင်္ဘောနှင့် မြန်မာသင်္ဘောသားများ အမြန်ဆုံးပြန်လွတ်နိုင်ရေးမှာ သင်္ဘောကုမ္ပဏီနှင့် ဓားပြများအကြား ငွေကြေးညှိနှိုင်းမှုက အဓိကဖြစ်ပြီး ဆွေးနွေးညှိနှိုင်းဆဲကာလ ပုံမှန်အားဖြင့် ၂လကျော် ကြာမြင့်လိမ့်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂအဖွဲ့ တာဝန်ရှိသူ ဦးအောင်သူရ က မဇ္ဈိမကိုပြောသည်။

ယခုနှစ်အစောပိုင်းက မြန်မာသင်္ဘောသား ၂၁ ဦးပါ နော်ဝေးပိုင် UBT Ocean သင်္ဘောကို ဆိုမာလီ ပင်လယ် ဓားပြများ ၄ လကျော်ကြာ ပြန်ပေးဆွဲခံရပြီးနောက်ဆုံးလွတ်မြောက်လာခဲ့သည်။

source: ချင်းမိုင် (မဇ္ဈိမ)

ဆက်၍ ဖတ်ကြည့်ပါဦး ..

အိမ်၊ ကား၊ ဖုန်း အပါအ၀င် အိမ်သုံးပစ္စည်းများအား အရစ်ကျ ဘဏ်ချေးငွေစနစ်ဖြင့် ဘဏ်များမှ စိုက်ထုတ်ဝယ်ယူပေးသည့်ပုံစံကိုခွင့်ပြုသည်နှင့် ပြန်လည် လုပ်ဆောင်မည်

ယခင်ကကဲ့သို့ အိမ်၊ ကား၊ ဖုန်း အပါအ၀င် အိမ်သုံးပစ္စည်းများအား အရစ်ကျ ဘဏ်ချေးငွေစနစ်ဖြင့် ဘဏ်များမှ စိုက်ထုတ်ဝယ်ယူပေးသည့် ပုံစံကို ခွင့်ပြုသည်နှင့် ပြန်လည် လုပ်ဆောင်သွားရန် အစီအစဉ်ထားရှိကြောင်း ပုဂ္ဂလိက ဘဏ်အချို့ထံမှ သတင်းရရှိပါသည်။

အဆိုပါ အိမ်၊ ကား ပစ္စည်းများ အရစ်ကျ ချေးငွေစနစ်ဖြင့် ၀ယ်ယူပေးသည့် ပုံစံအပြင် ဘဏ်လုပ်ငန်းဟူသော သတ်မှတ်ချက်တွင် ပါဝင်သည့် မည်သည့်စနစ်ကိုမဆို ကျင့်သုံးသွားရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

''ကျွန်တော်တို့ ဘဏ်ကတော့ ဘဏ်လုပ်ငန်းဆိုတဲ့ သတ်မှတ်ချက်ထဲမှာပါတဲ့ ဘယ်စနစ်ကိုမဆို ခွင့်ပြုတာနဲ့ လုပ်ကိုင်သွားဖို့ စီစဉ်ထားပါတယ်။ အိမ်၊ ကား၊ ဖုန်း၊ အိမ်သုံးပစ္စည်း အရစ်ကျစနစ်အပြင် လုပ်ငန်း တည်ထောင်မှု၊ လုပ်ငန်းချဲ့ထွင်မှုတွေ အတွက် ကာလတို၊ ကာလရှည် ထုတ်ချေးတဲ့ ပုံစံတွေကိုလည်း နိုင်ငံတကာဘဏ်တွေ လုပ်သလို ထုတ်ချေးပေးခွင့်ရတာနဲ့ လုပ်သွားမယ်လို့ ဆိုလိုတာပါ။

အခုလို ဘဏ်ကစိုက်ထုတ်ဝယ်ပေးပြီး ဘဏ်ကို အရစ်ကျ အချိန်အပိုင်းအခြားနဲ့ ပြန်သွင်းတဲ့ပုံစံက အရင်ကလည်း ကျင့်သုံးခဲ့ဖူးတာပါပဲ။ အကြောင်း အမျိုးမျိုးကြောင့် နောက်ပိုင်းမှာ ရပ်သွားတာပါ။ ပြန်ခွင့်ပြုပေးတာနဲ့ လုပ်မယ့်သဘောပါ။ နောက်ပိုင်းမှာတော့ ပြန်ပြီးခွင့်ပြုပေးမယ်လို့ မျှော်လင့်ထားပါတယ်''ဟု ပုဂ္ဂလိက ဘဏ်သစ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ယေဘုယျအားဖြင့်တော့ ဥပမာ ဌာနဆိုင်ရာဝန်ထမ်း ဆိုပါတော့ ဌာနအကြီးအကဲရဲ့ ဒီဝန်ထမ်းက လစာ ဘယ်လောက် ရရှိပါတယ် ဆိုတာမျိုးနဲ့ ထောက်ခံချက် ပေးတဲ့ဟာမျိုး။ ကုမ္ပဏီဝန်ထမ်းဆိုရင်လည်း ကုမ္ပဏီ တာဝန်ရှိသူက ၀န်ထမ်းရဲ့သေချာတဲ့ ၀င်ငွေ၊ လစာကို ထောက်ခံပေးရတာမျိုးတော့ ပါရမှာပါ။ အဲဒီဝန်ထမ်းက ဥပမာ ရေခဲသေတ္တာ ၀ယ်မယ်ဆိုပါတော့။ ဘဏ်ကို မှန်မှန်ကန်ကန်ပေး သွင်းတယ်၊ နောက်ထပ်ပြီး တခြား ပစ္စည်းတွေ ထပ်ဝယ်တယ်၊ မှန်မှန် ကန်ကန် ပေးသွင်းတယ်ဆိုရင် အဲဒီလူဟာ ဘဏ်ရဲ့ယုံကြည်ရတဲ့သူ ဖြစ်လာတယ်။ အဲဒီလို ယုံကြည်ရတဲ့ သူတွေဆို နောက်ပိုင်းမှာ တန်ဖိုးကြီးတာတွေကိုလည်း ဘဏ်ယုံကြည်မှုနဲ့ နှစ်ရှည်ချေးငွေနဲ့ ၀ယ်ပေးတာမျိုးကို အဆင့်ဆင့်သွားဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ ခွင့်ပြုချက် မရသေးတဲ့အတွက် ပြင်ဆင်ထားတုန်းပဲ ရှိပါသေးတယ်''ဟု ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

ယခုအခါတွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် အစီအစဉ်ဖြင့် အိမ်ရာစီမံကိန်းကြီးများ၊ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကြီးများကို ပုဂ္ဂလိက ကုမ္ပဏီများမှ စတင် တည်ဆောက်လျက် ရှိကြောင်း၊ ထိုသို့ တည်ဆောက်မှုမှာ ရှေ့လာမည့် စီးပွားရေး အလားအလာနှင့် ဘဏ်လုပ်ငန်း ပွင့်လင်းလာမှု အပေါ် မျှော်လင့်၍ လုပ်ကိုင်လာကြခြင်း ဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက သုံးသပ်လာကြသည်။

''ငွေကြေးနဲ့ ဘဏ်လုပ်ငန်းကတော့ အခုထက်ပိုပြီး လုပ်သာကိုင်သာ ရှိလာမယ်၊ ပုံမှန် ဘဏ်စနစ်အတိုင်း လည်ပတ်လာမယ်လို့ မျှော်လင့်ရတဲ့ အချက်တွေ တွေ့လာရတယ်။ ဥပမာ အများပိုင် ကုမ္ပဏီကြီးတစ်ခုက တိုက်ခန်းပေါင်း ၅၀၀၀၊ ၆၀၀၀ လောက်ပါတဲ့ အိမ်ရာစီမံကိန်းကြီးတွေ အကောင်အထည် ဖော်သလို၊ ဆောက်လုပ်ရေးကုမ္ပဏီကြီး တစ်ခုက တန်ဖိုးနည်းအိမ်ရာတွေ စပြီး ဆောက်နေပြီလေ။ ဒါတွေကိုဝယ်နိုင်ဖို့ စီးပွားရေး ဖွံ့ဖြိုးပြီး အများပြည်သူ ၀င်ငွေကောင်းမှ၊ ဘဏ်ရဲ့ထောက်ပံ့မှုပါမှ အဆင်ပြေတဲ့သဘောပါ။ အရင်တုန်းကလည်း ဘဏ်ကထောက်ပံ့မှုနဲ့ တည်ဆောက်တယ်၊ ၀ယ်ယူသူတွေကလည်း ဘဏ်ရဲ့အကူအညီနဲ့ ၀ယ်ယူကြတဲ့ အတွက် တည်ဆောက်တဲ့သူတွေရော ၀ယ်တဲ့သူပါ အဆင်ပြေတယ်။ အခု အဲဒီ အနေအထားကို မျှော်လင့်ပြီး တည်ဆောက်လာကြတာလို့ သုံးသပ်လို့ ရတဲ့အတွက် ဘဏ်လုပ်ငန်းကတော့ အရစ်ကျနဲ့ ၀ယ်လို့ရတဲ့စနစ်ကို ပြန်သုံးခွင့်ရမယ်လို့ မျှော်လင့်ရတယ်လေ''ဟု ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့သည်။

အရစ်ကျ ဘဏ်ချေးငွေစနစ်ကို ကျင့်သုံးမည် ဆိုပါက လူများစုအနေဖြင့် ၀င်ငွေအနေအထားအရ အိမ်၊ ကား ကဲ့သို့သော တန်ဖိုးမြင့်မားသည့် အရာများအား ၀ယ်ယူခွင့် ရနိုင်မည် မဟုတ်ဘဲ လုပ်ငန်းများအတွက်နှင့် ၀င်ငွေမြင့်မားသူများသာ ကနဦး အဆင်ပြေဖွယ် ရှိနေသည်ဟုလည်း သိရသည်။

''ခွင့်ပြုမှလုပ်မှာ ဖြစ်တဲ့အတွက် လောလောဆယ်တော့ ဒီအစီအစဉ် မစသေးဘူးပေါ့။ ဒါပေမယ့် စဖြစ်မယ်ဆိုရင်လည်း ဘဏ်တွေဘက်က ပြင်ဆင်ပေးသင့်တာတွေလည်း ရှိနေသေးတာ တွေ့ရတယ်။ ဥပမာ အခု တိုက်ခန်းတစ်ခန်းကို ကျပ်သိန်း ၁၅၀၊ ၂၀၀ လောက်ရှိတယ်။ အခု ဘဏ်တိုးနဲ့ဆိုရင် ကျပ်သိန်း ၁၀၀ ချေးတယ်ပဲထား တစ်လအတိုးက ကျပ် ၁၅၀၀၀၀ ၀န်းကျင် ပေးသွင်းရမှာလေ။ ဒါက အတိုးပဲရှိသေးတယ်။ ဒီမှာက တစ်လကို ကျပ်တစ်သိန်း လစာရတဲ့သူတောင် အရေအတွက် နည်းနေသေးတာလေ။ ဒီတော့ အများစု မ၀ယ်နိုင်ဘူးပေါ့။ နိုင်ငံတကာမှာတော့ ဒီလို အများပြည်သူ ၀ယ်နိုင်အောင် ဘဏ်တွေရော နိုင်ငံ အစိုးရတွေကပါ ပူးပေါင်း လုပ်ပေးတာရှိတယ်။ ဥပမာ စင်ကာပူဆိုပါတော့ သူ့နိုင်ငံသားဆိုရင် တစ်လကို ဒေါ်လာ ၄၀၀၀ ကျော် အနည်းဆုံးဝင်တယ်။ သူက အိမ်ဝယ်မယ်ဆိုရင် ဘဏ်က ၂၅ နှစ်ကာလ အပိုင်းအခြားနဲ့ ၀ယ်ခွင့်ပေးတယ်။ တစ်လကို သူ့လစာထဲ က နည်းနည်းလေးပဲ ဖြတ်သွားတာ။ ဒီတော့ ပိုင်ဆိုင်ဖို့ လွယ်တယ်။ ဘဏ်တိုးကလည်း ဘာမှ မပြောပလောက်တဲ့ အတိုးနဲ့ပေးတာ။ ဒီမှာလည်း အများစု ၀ယ်စေချင်ရင် ဘဏ်တိုးလျော့ရမယ်၊ ကာလရှည် ထုတ်ချေးပေးနိုင်အောင် စီစဉ်ထားသင့်တယ်။ အများပြည်သူလည်း အခုထက် ၀င်ငွေတိုးဖို့ လိုတယ်။ စီးပွားရေး လုပ်ငန်းတွေ မချောင်လည်ရင်တော့ ဒီစနစ်သုံးလည်း အနည်းစုအတွက်ပဲ အဆင်ပြမယ် ထင်တယ်''ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံရှိ ဘဏ်များ၏ ဘဏ်တိုးနှုန်းများမှာ လက်ရှိတွင် ၁၇ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိပြီး အပ်ငွေအတွက် ဘဏ်တိုးနှုန်း ၁၂ ရာခိုင်နှုန်း ပြန်လည် ပေးအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား တစ်ဦး၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဟု ပျမ်းမျှတွက်ချက်ထားမှု အရပင် အိမ်၊ ကား အရစ်ကျ ၀ယ်နိုင်ရန် မလွယ်ကူသေးသည့် အနေအထား ရှိနေကြောင်း၊ ဘဏ်စနစ် ယခုထက်ပို၍ ခိုင်မာသွက်လက်ရန် လိုအပ်သကဲ့သို့ အနည်းစု ၀င်ငွေကောင်းသည့် စီးပွားရေး အခြေအနေမှ အများစု ၀င်ငွေကောင်းသည့် စီးပွားရေး အခြေအနေ ဖော်ဆောင်ရန် အဓိက လိုအပ်သည်ဟုလည်း လေ့လာသူများက သုံးသပ်ကြပါသည်။

source: E11

ဆက်၍ ဖတ်ကြည့်ပါဦး ..

Wednesday, December 22, 2010

ဘ၀တဲ့ လား


ဘ၀ဆိုတာ
နာကျင်မှုတွေနဲ့
ပြည့်နှက်နေတယ်
ပျော်ရွင်မှု ကျတော့
တစ်ခဏလေးပဲ
ပေးတတ်တရ်

ကြိုးစားချင်တဲ့
လူတစ်ယောက်အတွက် တော့
လောကဓံကို
မခံနိုင်ရင် ရူးသွားနိုင်တရ်

လူတိုင်းက
ဖြစ်ချင်တာပဲသိတာ
ပြိးတော့ ကောင်းတာလေးတွေပဲ
ဖြစ်စေချင်တာ
ဒါပေမယ့်
တစ်ခါတစ်လေမှလာတာပါ
အမြဲလိုလိုလာနေတာကတော့
စိတ်ညစ်စရာများပါတရ်

အဲတိုင်း အမြဲလိုလိုဖြစ်နေပေမယ့်
လူတိုင်းကတော့
အဲဒီတစ်ခါတစ်လေမှ လာတဲ့
ပျော်ရွင်မှုလေးတွေကိုပဲ
တောင့်တနေအုံးမှာပါ
(ခင်မင်စွာနဲ့ ဘာမှမသိတဲ့ နတ်ဆိုးလေး)

ဆက်၍ ဖတ်ကြည့်ပါဦး ..

Monday, December 20, 2010

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပပြုလုပ် ခြင်းသည် မြန်မာအနုပညာရှင်တို့၏ မင်္ဂလာ အခမ်းအနားများတွင် အကြိမ်အများဆုံး ကျင်းပပြုလုပ်သည့် မင်္ဂလာပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်ပြီး မင်္ဂလာပွဲများတွင် ၀တ်စုံ၊ ပန်း၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ် စသည်တို့ကို စပွန်ဆာပေးမှုများ အနက် အများဆုံး စပွန်ဆာပေးခံရသည့် မင်္ဂလာပွဲတစ်ပွဲလည်း ဖြစ်လာသည်ဟု သိရသည်။

ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲ အခမ်းအနားမှာ ခြောက်ပွဲ ဖြစ်နေသည့်အပြင် ပြည်တွင်းရုပ်သံလိုင်း တစ်ခုဖြစ်သည့် MRTV 4 တွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည့် ပထမဆုံး မင်္ဂလာပွဲ ဖြစ်သည့်အတွက် ပရိသတ် စိတ်ဝင်စားမှု ပိုမိုလာခြင်းနှင့် ဝေဖန်မှုများလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။

''နာမည်ကြီး မင်းသားနဲ့ မင်းသမီး နှစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဓိကတော့ သူတို့ဘာဝတ်မှာလဲ၊ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ လာကြမလဲ၊ စပွန်ဆာတွေ အများကြီး ရထားတာဆိုတော့ အခြား မင်္ဂလာပွဲတွေနဲ့ ဘာကွာမှာလဲ စိတ်ဝင်စားစရာတွေက အများကြီးပေါ့။ MRTV 4 ကလည်း မင်္ဂလာပွဲကို တိုက်ရိုက်လွှင့်မယ်ဆိုတော့ အိမ်ကနေ စောင့်ကြည့်ဖို့ စိတ်ကူးထားတယ်''ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောပြခဲ့သည်။

''သူတို့နှစ်ယောက် အနေနဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား လုပ်တယ်ဆိုတာ သဘာဝကျပေမယ့် ခြောက်ပွဲလောက် လုပ်တယ်ဆိုတာကတော့ နည်းနည်းများလွန်းသွားသလိုပါပဲ။ ဒါကတော့ အစစအရာရာ ကုန်ကျစရာ သိပ်မလိုဘဲ စပွန်ဆာတွေ ၀ိုင်း ပေးကြတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ အခုလို အခြေအနေမျိုးမှာတော့ လူအများစုက သူတို့နှစ်ယောက်နဲ့အတူ လိုက်မပျော်နိုင်ပါဘူးဗျာ။ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါ'' ဟု ပရိသတ်တစ်ဦးက ဝေဖန်သုံးသပ်ခဲ့သည်။

ဇန်န၀ါရီလအတွင်း ပြုလုပ်မည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲသည် သတို့သား သတို့သမီး နှစ်ဦးစလုံးမှာ ပရိသတ်အများ စိတ်ဝင်စားသည့် ထိပ်တန်း အနုပညာရှင်နှစ်ဦး ဖြစ်နေခြင်းကြောင့်လည်း မင်္ဂလာပွဲအတွင်း လိုအပ်သည့် ၀တ်စုံ၊ လက်ဝတ်ရတနာမှအစ ပန်း၊ဖိနပ် အထိ အဆုံး အမျိုးစုံ စပွန်ဆာ ၀ိုင်းပေးကြမှုများ ပါဝင်နေခြင်းဖြစ်သည်ဟု ပရိသတ်များကြားတွင် ဝေဖန်သုံးသပ်မှုများ ရှိနေခဲ့သည်။

''နာမည်ကြီး နှစ်ယောက်ရဲ့ပွဲ ဆိုတော့ သူတို့ကို စပွန်ဆာပေးတဲ့ သူတွေကို ဂျာနယ်တွေပေါ်မှာ ကျယ်ကျယ်ပျံ့ပျံ့ ဖော်ပြကြမှာပဲလေ။ တီဗီမှာလည်း လွှင့်ဦးမယ်၊ အခွေလည်း ထုတ်ဦးမယ်ဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပွဲတွေနဲ့အတူ စပွန်ဆာ ပေးတဲ့ သူတွေအားလုံးက အကြိမ်ကြိမ် ကြော်ငြာပြီးသား ဖြစ်သွားမှာပဲ။ ဒါကို တွက်ဆမိပြီး စပွန်ဆာပေးကြတာလို့လည်း တွေးလို့ရပါတယ်။ ရုပ်သံမှာ ပြမယ်ဆိုလည်း ပရိသတ် စိတ်ဝင်စားမှုအရ ကြော်ငြာဆိုတာ အများကြီး လက်ခံရနိုင်တယ်လေ။ တစ်နည်းအားဖြင့်တော့ သူတို့ပေါ်မှာ မူတည်ပြီးတော့ အပြန်အလှန် လုပ်စားကြမယ့် ပွဲပဲပေါ့''ဟု ပရိသတ်တစ်ဦးကလည်း ထပ်မံ သုံးသပ်ပြခဲ့သည်။

''ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်မည့် လက်ထပ်မင်္ဂလာ ပွဲများမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာကို အိန္ဒြာကျော်ဇင်၏ နေအိမ်၌ လည်းကောင်း၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး မင်္ဂလာကို Traders Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆွမ်းကျွေးမင်္ဂလာကို မဟာစည် သာသနာ့ရိပ်သာတွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လက်ထပ်မင်္ဂလာပွဲကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel တွင် လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာပွဲများအတွက် ၀တ်စုံများအား ဒီဇိုင်နာ ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid၊ Silk & Style၊ Euphoria၊ မိုးကုတ် ပေါက်ပေါက် တို့မှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပြီး လက်ဝတ်ရတနာများအား She Shine၊ စိန်နန်းတော်၊ှSP Gems တို့မှ ကူညီပံ့ပိုးပေးမည် ဖြစ်သည်ဟု သိရသည်။ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့ပေးထားပြီး ပန်းအလှ ဆင်ယင်မှုအတွက် Marvelous, Eternal Flower, ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦး တို့မှ မေတ္တာဖြင့် ပန်းအလှ ဆင်ပေးသွားမည်ဟု သိရသည်။ ထို့အပြင် ရွှေနဂါးဖိနပ်ဆိုင်မှ စုလျားရစ်ပတ် ဘိတ်သိတ်ပွဲ အတွက် ဖိနပ်များကို မေတ္တာဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် လက်ထပ်မင်္ဂလာပွဲ ကျင်းပပုံ အစအဆုံးအား MRTV 4 ရုပ်သံဌာနမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး ကျန်မင်္ဂလာပွဲ ငါးပွဲအားလည်း MRTV 4 ရုပ်သံဌာနမှပင် ရိုက်ကူး၍ အပိုင်းလိုက် ပြန်လည် ထုတ်လွှင့်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

''ပရိသတ်တွေ တစ်ကယ်စိတ်ဝင်စားလို့ Live လွှင့်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ မင်္ဂလာပွဲတစ်ခုကို Live လွှင့်တာ မြန်မာပြည်မှာ ဒါပထမဆုံးပါလေ။ ဒါပေမယ့် သတင်းစီးဆင်းမှု ပုံမှန်မရှိသေးတဲ့ ဒီလိုအချိန်မှာ MRTV က Live လွှင့်ပေးမယ်ဆိုတော့ အံ့သြမိပါတယ်။ အခု မင်္ဂလာပွဲက Live လွှင့်ရလောက်တဲ့အထိ ပရိသတ်တွေ တကယ် စိတ်ဝင်စားနေပြီလား။ ပြည်သူတွေ တကယ် စိတ်ဝင်စားတဲ့ သတင်းတစ်ချို့ ပရိသတ်ရှေ့ကို ရောက်မလာနိုင်သေးတဲ့ အချိန်မှာ ဒီလို Live လွှင့်တာအတွက်တော့ မေးခွန်းထုတ်စရာပါ''ဟု Weekly Eleven News Journal မှ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင် ကပြောပါသည်။

''ပရိသတ်တွေအတွက် စံပြမင်္ဂလာစုံတွဲရဲ့ မင်္ဂလာဆောင် တစ်ခု အနေနဲ့ MRTV 4 က Live ရိုက်ပြတာလား။ ဒါဆိုရင်တော့ ကျေနပ်စရာ ကောင်းမှာပါ''ဟု အနုပညာလောကသား တစ်ဦးက ပြောပါသည်။

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာ သတင်းနှင့် ပတ်သက်၍ ဂျာနယ်စာမျက်နှာများ၊ Facebook နှင့် အွန်လိုင်းပေါ်ရှိ ၀က်ဘ်ဆိုက်အချို့တွင် သတင်းရေးသား ဖော်ပြမှုများ ရှိနေသကဲ့သို့ ယင်းဖော်ပြမှုများအား ဖတ်ရှု၍ ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

source: E11

ဆက်၍ ဖတ်ကြည့်ပါဦး ..

Saturday, December 18, 2010

စာပေဟောပြောပွဲ အစီအစဉ် ( မလေးရှား )



မလေးရှား ရောက် စာပေ မြတ်နိုးသူ ရွှေမြန်မာများ အနေဖြင့် တစ်နှစ် တွင်
တစ်ကြိမ်သာ ကျင်းပသော မြန်မာစာပေ ဟောပြောပွဲသို့ မည်သူမဆိုတက်
ရောက်နိုင်ပြီး ......

ဟောပြောပွဲလက်မှတ်များကို ၀ယ်ယူအားပေးခြင်းဖြင့် ဆရာကြီး ၊ ဆရာမကြီး
များ၏ စာပေဂုဏ်၊ ပညာဂုဏ်၊ သမာဂုဏ်အား ဂုဏ်ပြုခြင်း ဖြစ်ကြောင်းနှင့် မြန်
မာနိုင်ငံရှိ မိဘမဲ့ ကလေးငယ်များအား ပညာရေးကုသိုလ် ပါဝင်ရာရောက်သဖြင့်

လက်မှတ်ဝယ်ယူလိုပါက စာပေဖြစ်မြောက်ရေး ကော်မတီ ထံသို့သော်လည်း
ကောင်း နီးစပ်ရာမြန်မာဆိုင်များတွင်သော်လည်းကောင်း ဆက်သွယ်ဝယ်နိုင်ပါ
ကြောင်း သိရှိရပါသည်။



ယခုနှစ် စာပေဟောပြောပွဲ တွင်

စာရေးဆရာ ဟိန်းလတ်
စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)
စာရေးဆရာမ ခင်ခင်ထူး

တို့ အား ဖိတ်ကြားထားပြီး မလေးရှားနိုင်ငံ အတွင်း ကေအယ် တွင်
တစ်နေရာ ပီနန်းတွင် တစ်နေရာ ကျင်းပပြုလုပ်သွားမည်ဟု သိရှိရပါသည်။

ကွာလာလမ်ပူမြို့ ( စတုတ္ထအကြိမ် )
..............................................

နေ့ရက် = ၂၆ - ၁၂ - ၂၀၁၀ ( တနင်္ဂနွေနေ့ )
အချိန် = နေ့လည် ( ၁၂ )နာရီမှ ညနေ ( ၆ ) နာရီအထိ
နေရာ = S&M ကုန်တိုက် ( ကိုတာရာယာ ကုန်တိုက်ဘေး )
( ၆ ) ထပ်ရှိခန်းမကြီးတွင် ပြုလုပ်မည် ဖြစ်ပါသည်။

ပီနန်း ( ပထမအကြိမ် )
.................................
နေ့ရက် = ၁၉ - ၁၂ - ၂၀၁၀ ( တနင်္ဂနွေနေ့ )
အချိန် = နေ့လည် ( ၁၂ )နာရီမှ ည ( ၆ ) နာရီအထိ
နေရာ = ပီနန်း ကောင်တာ ( ခြင်းလုံးကွင်း )

စာပေဟောပြောပွဲ လက်မှတ်များ ကို
တစ်စောင်လျှင် RM 10 ဖြင့် မြန်မာဆိုင်များတွင် ဝယ်ယူနိုင်ပါကြောင်း
မလေးရှားရောက် စာပေချစ်သူ မြန်မာများအား အသိပေးအပ်ပါသည်။




http://www.nayzawlin1.net.tc/

ဆက်၍ ဖတ်ကြည့်ပါဦး ..

Wikileaks တည်ထောင်သူ ဂျူလီယန်အက်ဆန်ဂီ အာမခံဖြင်လွတ်မြောက်


Wikileaks၀က်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန်အက်ဆန်ဂီမှာ အကျဉ်းကျနေရာမှ လွတ်မြောက်လာပြီဖြစ်သည်။ အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သဖြင့် ကမ္ဘာသိပုဂ္ဂိုလ် တစ်ဦးဖြစ်လာသော ဩစတြေးလျ နိုင်ငံသား၏ အာမခံ လျှောက်ထားမှုကို ဒီဇင်ဘာ (၁၆)ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်တရားရုံးက လက်ခံခွင့်ပြုပေးခဲ့သည်။

ဆွီဒင်နိုင်ငံတွင် အမျိုးသမီး (၂)ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သည်ဟူသော စွဲချက်ဖြင့် ဆွီဒင်အစိုးရက ၀ရမ်းထုတ်ထားသော အက်ဆန်ဂီသည် ယခုအခါ ၎င်းအား ထောက်ခံအားပေးသူ တစ်ဦးပိုင်ဆိုင်သော ဧက(၆၀၀)ကျယ်ဝန်းသည့် မြေနေရာတွင် တည်ဆောက်ထားသော အိမ်ကြီးတွင် သွားရောက်နေထိုင်မည်ဖြစ်သည်။ ဗြိတိသျှ ရဲတပ်ဖွဲ့ထံ ဒီဇင်ဘာ (၇)ရက်နေ့က အဖမ်းခံခဲ့သူ အက်ဆန်ဂီသည် ညမထွက်ရအမိန့် ထုတ်ခံထားရသလို ၎င်းသွားလာရာ လမ်းတလျှောက်တွင် ခြေရာခံနိုင်မည့် အီလက်ထရောနစ် ကိရိယာ တစ်ခုကိုလည်း တပ်ဆင်ထားရမည်ဖြစ်သည်။ ထို့အပြင် ၎င်း၏ တာဝန်ခံ ရဲအရာရှိထံ နေ့စဉ်သတင်းပို့ရမည်ဟုဆိုသည်။ သို့သော်လည်း အင်တာနက် သုံးစွဲခွင့်ကို တားမြစ်ထားခြင်း မရှိသဖြင့် အက်ဆန်ဂီအနေနှင့် Wikileaksတွင် နောက်ထပ် လျှို့ဝှက်ချက်များစွာ ဖော်ထုတ်နိုင်နေမည်ဖြစ်သည်။

အာမခံကိစ္စ အဆင်ပြေပြီးနောက် မီးခိုးရင့်ရောင် ၀တ်စုံကို ဆင်မြန်းကာ တရားရုံးမှ ထွက်ခွာလာသည့် အက်ဆန်ဂီက ၎င်းအား စောင့်ကြိုနှုတ်ဆက်နေသည့် ထောက်ခံသူများအား “လန်ဒန်မြို့ရဲ့ လေကို လတ်လတ်ဆတ်ဆတ် ရှူခွင့်ရတာ တကယ့်ကို အရသာရှိပါတယ်။ ကျွန်တော့်အလုပ်တွေကို ဆက်လုပ်သွားဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသွားသည်။ အသက်(၃၉)နှစ်ရှိ ငွေရောင်ဆံပင်နှင့် ပုဂ္ဂိုလ်သည် အော်ဟစ်မေးမြန်းမှုများ ပြုလုပ်နေသည့် သတင်းထောက်များကိုမူ မျက်ကွယ်ပြုကာ ထွက်ခွာသွားသည်။ ၎င်းသည် သူငယ်ချင်းလည်းဖြစ်၊ အားပေးထောက်ခံသူလည်းဖြစ်သည့် ဗော်ဂန်စမစ်သ်၏ နေအိမ်တွင် နေထိုင်မည်ဖြစ်သည်။ အက်ဆန်ဂီအား အဖြူရောင် ကျည်ကာမော်တော်ကား တစ်စင်းဖြင့် တင်ဆောင်သွားခြင်းဖြစ်သည်။

ဗော်ဂန်ပိုင်ဆိုင်သော အီလင်ဂမ်ဟေးလ် စံအိမ်ကြီးတွင် အက်ဆန်ဂီသည် သတင်းထောက်အချို့အား လက်ခံတွေ့ဆုံခဲ့ပြီး အကျဉ်းထောင်ထဲတွင် အာဏာပိုင်များက သက်သောင့်သက်သာ နေထိုင်ခွင့် ပေးခဲ့ကြောင်း ပြောဆိုသွားသည်။ Wikileaks၀က်ဘ်ဆိုက် တာဝန်ရှိသူ တစ်ဦးဖြစ်သော ခရစ္စတင်း ဟာဖန်ဆန်က အာမခံကြေး ပေါင်နှစ်သိန်းကျော် ပေးသွင်းရန် မတတ်နိုင်သဖြင့် အက်ဆန်ဂီသည် အကျဉ်းထောင်ထဲတွင် ဆက်နေရဖွယ်ရှိကြောင်း ပြောကြားခဲ့ရာ ဒါရိုက်တာ မိုက်ကယ်မိုးရ် အပါအ၀င် ချမ်းသာကြွယ်ဝသူများ၊ လူသိထင်ရှားသူများက အက်ဆန်ဂီအတွက် အာမခံကြေးကို ၀ိုင်းဝန်းထောက်ပံ့ပေးခဲ့သည်။ ဟာဖန်ဆန်က ဗော်ဂန်၏ နေအိမ်တွင် အင်တာနက် ချိတ်ဆက်မှု အခြေအနေ ကောင်းမွန်ပြီး အက်ဆန်ဂီသည် ၎င်း၏အလုပ်ကို ဆက်လုပ်နေနိုင်မည်ဟု ပြောဆိုသွားသည်။ ဆွီဒင်အစိုးရသည် အက်ဆန်ဂီ၏ အမှုအတွက် လက်လွှဲစစ်ဆေးခွင့်ရရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာထားသည်။

Source: Yahoo

ဆက်၍ ဖတ်ကြည့်ပါဦး ..

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏လက်ထပ်မင်္ဂလာပွဲအား ဇန်န၀ါရီလအတွင်း ခြောက်ပွဲပြုလုပ်မည်

သရုပ်ဆောင်ပြေတီဦး နှင့်အိန္ဒြာကျော်ဇင်တို့၏ လက်ထပ်မင်္ဂလာပွဲအား ဇန်န၀ါရီလအတွင်း ခြောက်ပွဲတိတိခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မင်္ဂလာပွဲကျင်းပပုံအစအဆုံးအား ရိုက်ကူးမှုပြုလုပ်သွား၍ ဖြန့်ချိသွားရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။

ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် လက်ထပ်မင်္ဂလာပွဲများမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာကို အိန္ဒြာကျော်ဇင်၏နေအိမ်၌လည်းကောင်း၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုးမင်္ဂလာကို Traders Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆွမ်းကျွေးမင်္ဂလာကို မဟာစည်သာသနာ့ရိပ်သာရိပ်သာတွင်လည်းကောင်း၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စုလျားရစ်ပတ်ဘိတ် သိတ်မင်္ဂလာကို Sedona Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လက်ထပ်မင်္ဂလာပွဲကို Sedona Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel တွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟုသိရှိရသည်။
"ကျွန်တော်တို့မင်္ဂလာပွဲကို ခြောက်ပွဲလုပ်ဖြစ်တယ်ဆိုတာကတော့ အနုပညာမောင်နှမတွေရော၊ နှစ်ဖက်သောဆွေမျိုးမိဘအသိုင်းအ၀န်းတွေရော၊ သူတို့အားလပ်တဲ့ရက်လေးမှာ အဆင်ပြေတဲ့ပွဲလေးကို လာနိုင်အောင်လို့စီစဉ်ဖြစ်တဲ့သဘောပါ။ ကျွန်တော်တို့မင်္ဂလာပွဲကိုတွေ့မြင်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အခွေရိုက်ကူးဖြန့်ချိပေးသွားဖို့စီစဉ်ထားပါတယ်" ဟုသရုပ်ဆောင်ပြေတီဦးက ပြောပြခဲ့သည်။
ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏ လက်ထပ်မင်္ဂလာပွဲများအတွက် ၀တ်စုံများအားဒီဇိုင်နာခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid ၊ Silk&Shine၊ Euphoria၊ မိုးကုတ်ပေါက်ပေါက်တို့မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး လက်ဝတ်ရတနာများ အား She Shine၊ စိန်နန်းတော်၊ SP Gems တို့မှကူညီပံ့ပိုးပေးမည်ဖြစ်သည်ဟု သိရသည်။ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ်လက်ဖွဲ့ပေးထားပြီး ပန်းအလှဆင်ယင်မှုအတွက် Marvelous ၊ Eternal Flower ၊ ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦးတို့မှမေတ္တာဖြင့် ပန်းအလှဆင်ပေးသွားမည်ဟုသိရသည်။ ထို့အပြင်ရွှေနဂါးဖိနပ်ဆိုင်မှ စုလျားရစ်ပတ်ဘိတ်သိတ်ပွဲအတွက် ဖိနပ်များကိုမေတ္တာဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟုသိရသည်။ မင်္ဂလာပွဲများတွင်ပါဝင်မည့် လက်စွပ်ဗန်းကိုင်၊ သတို့သားသတို့သမီးအရန်စသည်တို့အဖြစ် ပါဝင်ကူညီမည့်အနုပညာရှင်များစာရင်းကိုမူ ထပ်မံအသိပေးသွားမည်ဟုသိရသည်။

ဆက်၍ ဖတ်ကြည့်ပါဦး ..

ဒုက္ခသည်လိုအပ်ချက်များ ပြည့်မီရေး မလေးရှားကြိုးစားနေရဆဲ

မြန်မာအပါအ၀င်ရေကြည်ရာမြက်နုရာရှာဖွေရောက်ရှိလာကြသော ဒုက္ခသည်များ၏ လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ပေးရေးတွင် မလေးရှားအစိုးရ သည် နာမည်ပျက်ဆဲရှိသေးကြောင်း ရှေ့တောင်အာရှနိုင်ငံရှိ ဒုက္ခသည်များ လိုအပ်မှုအဆင့်အတန်းလေ့လာချက် နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းပြည်တွင်းရောက်ရှိလာပြီး ယာယီ(သို့) အမြဲတမ်း ခိုလှုံခွင့်တောင်းခံကြသူများနှင့် လူကုန်ကူးခံရသောဒုက္ခသည်များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတွင် မလေးရှားအစိုးရသည် ကျေနပ်အောင်လုပ်မပေးနိုင်ခဲ့ကြောင်း မလေးရှားပြည်သူ့အသံ သို့မဟုတ် Suara Rakyat Malaysia (Suaram) အမည်ရှိ နိုင်ငံရေးနှင့်ပြည်သူ့အခွင့်အရေးအဖွဲ့က ဝေဖန်လိုက်သည်။

`အစိုးရသည် ဒုက္ခသည်များနှင့်ဆက်ဆံဆောင်ရွက်ရေး နည်းလမ်းများရှာဖွေရန် ရည် ရွယ်ထားပုံရသော်လည်း ဒုက္ခသည်များ၏ အခွင့်အရေးချိုးဖောက်မှုများမှာ ဆက် ဖြစ်လျက်ပင်ရှိသည်´ ဟု အစီရင်ခံစာကိုပြုစုသူများက ကောက်ချက်ချထားသည်။

မလေးရှားရှိ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးတွင် ဒုက္ခသည်အဖြစ် မှတ်ပုံ တင်ထားသော ဒုက္ခသည် ၉ သောင်းကျော်အနက် မြန်မာဒုက္ခသည် ထောင်နှင့်ချီ၍ ရှိသည်။

အစီရင်ခံစာအဆိုအရ ၂၀၁၀ ဇွန်လ ၁၂ ရက်တွင် `လင်ကန်း (Lenggeng) လူဝင်မှုကြီးကြပ်ရေးထိမ်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာ ၅၀၀ခန့် အစာငတ်ခံဆန္ဒပြနေကြောင်း Suaram အဖွဲ့ကို အကြောင်းကြားလာပါသည်။ ရေမလုံလောက်သဖြင့် ဆန္ဒပြနေကြသည်မှာ ၅ ရက်ရှိပြီဖြစ်ကြောင်းလည်းပြောသည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းရေးစခန်းတွင် ရေပြတ်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းငြင်းဆိုခဲ့သည်´။

ထိုစခန်း၌ပင် ဖေဖော်ဝါရီလတွင်းက အလားတူဖြစ်ပွားခဲ့ပြီး အစာငတ်ခံဆန္ဒပြသူမြန်မာ ခေါင်းဆောင်တဦးကို ၇ လကြာသည်အထိ ထိန်းသိမ်းထားခဲ့သည်။ အခြား ဒုက္ခသည် ၁၀၆ ဦးကိုမူ ကုလဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) မှ ဆန္ဒပြပွဲဖြစ်ပွားလျှင်ဖြစ်ပွားချင်း လာကယ်ထုတ်သွားနိုင်ခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလကလည်း ခိုလှုံခွင့်တောင်းခံသူ မြန်မာ ၂၆ ဦးကို မလေးရှား နိုင်ငံတွင်းဝင်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့သည်။ ခိုလှုံခွင့်တောင်းခံသူများရထိုက်သည့် အခွင့်အရေးများလည်းမရဘဲ အငြင်းခံခဲ့ရသည်။

မလေးရှားအာဏာပိုင်များ၏အပြုအမူသည် ၁၉၅၁ ခုနှစ်ဒုက္ခသည်အဆင့်အတန်းဆိုင် ရာကွန်ဗင်းရှင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ၁၉၆၇ ခုနှစ်နောက်ဆက်တွဲစာချုပ်များကို အတည်ပြုလက်မှတ်ရေးထိုးရန် စိတ်ဝင်စားမှုနည်းလှသည့် မလေးရှားအစိုးရ၏ သဘောထားနှင့်တထပ်တည်းတူညီနေပြီး အစိုးရသည် ဒုက္ခသည်များအဆင့်အတန်းကို အသိအမှတ်ပြုသည့် ပြည်တွင်းဥပဒေတစုံတရာလည်း ရေးဆွဲချမှတ်ခြင်းမရှိခဲ့ဟု ဆွာရမ်း (Suaram) အဖွဲ့က ယုံကြည်သည်။

`ဤသို့ဥပဒေအရ တရားဝင်အဆင့်အတန်းတခုပြဋ္ဌာန်း သတ်မှတ်ထားခြင်းမရှိသည့် အတွက် ဒုက္ခသည်များ၏အခြေခံအခွင့်အရေးများ ဆက်လက်ငြင်းပယ်ခံနေရသည်´ ဟု ဤလူ့အခွင့်အရေးအဖွဲ့အစီရင်ခံစာက မှတ်ချက်ချသည်။

ထို့ပြင် ယခုနှစ်တွင်လည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိများက မြန်မာဒုက္ခ သည်များကို လူကုန်ကူးမှုများ ဆက်ဖြစ်နေသည်ဟု သိရပြီး မတ်လ အတွင်းကလည်း လူကုန်ကူးမှုအစီအစဉ် တစိတ်တပိုင်းဖြစ်သော သြစတြေးလျသို့ထွက်ခွာမည့် မြန်မာ ၄ ဦးကို ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်တွင် တွေ့ရှိခဲ့သည် ဟု အစီရင်ခံစာတွင်ရေးသားထားသည်။

ဤသို့လူကုန်ကူးမှုခံရသူများကို ထိန်းသိမ်းရေးစခန်းများတွင်မထားဘဲ ဂေဟာများတွင် သာထားရှိရမည်ဟူသော ၂၀၀၇ လူကုန်ကူးမှုတားဆီးရေး ဥပဒေ ပြဋ္ဌာန်းချက်ရှိ သော်လည်း သူတို့ကို ထိန်းသိမ်းရေးစခန်းများတွင်သာ ထားရှိချုပ်နှောင်ခဲ့သည်ဟု ဆွာရမ် အစီရင်ခံစာတွင်ရေးသားထားသည်။

ဝန်ကြီးချုပ်နာဂျစ်ရာဇတ် (Najib Razak) အစိုးရ မနှစ် ဧပြီလက တက်လာသည့်အခါ မလေးရှားတွင် လူ့အခွင့်အရေးကိစ္စများကို ပိုမိုအာရုံစိုက်ကိုင်တွယ်လာတော့မည်ဟု အကောင်းမြင်ခဲ့ကြသော်လည်း `၂၀၁၀ တွင်ဖြစ်ပွားလာသော အဖြစ်အပျက်များ၊ အငြင်းပွားဖွယ်ကိစ္စများကိုကြည့်လျှင် အခြေအနေများက မဟာသီယာခေတ်ကိုပြန်သွားနေကြောင်း ပြသနေသည်။ ယင်းခေတ်ကား လူ့အခွင့်အရေးချိုးနှိမ်သည့်ခေတ်၊ အာဏာအလွဲသုံးစားပြု အလွန်အကျွံသုံးသည့်ခေတ်၊ ကွပ်ညှပ် ထိန်းသိမ်းသည့်ခေတ်ပင်ဖြစ်သည်´ ဟု အစီရင်ခံစာက ခြုံငုံသုံးသပ်ထားသည်။

ဒေါက်တာမဟာသီယာမိုဟာမက်သည် ၀န်ကြီးချုပ်အဖြစ် ၁၉၈၁ မှ ၂၀၀၃ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး ထွေပြားသောနိုင်ငံရေးလက္ခဏာရှိသူဖြစ်သည်။ သူ့ ခေတ်တွင် ဖွံ့ဖြိုးတိုးတက်မှုကို လူမှုအခွင့်အရေး၊ ပြည်သူ့အခွင့်အရေးတို့ဖြင့် ဆက်စပ် ထားခဲ့သူဖြစ်သည်။

နာဂျစ်၏အာဏာရပါတီက ရွေးကောက်ပွဲမသမာမှုများလုပ်ခဲ့သည်ဟူသော စွပ်စွဲချက် များကိုလည်း မလေးရှားရွေးကောက်ပွဲကော်မရှင်က ယခုထိ ကိုင်တွယ်အရေးယူရန် ငြင်းဆန်ဆဲဟုလည်း ဆွာရမ်အဖွဲ့ကြီးက စောဒက တက်ထားသည်။ အထူးသဖြင့် စီဘူးဒေသတွင် ကြားဖြတ်ရွေးကောက်ပွဲများပြုလုပ်ရာ၌ မဲဆန္ဒရှင်များကို အခွင့် အရေးပေးမဲဆွယ်ခဲ့သည်ဟု အတိုက်အခံများကစွပ်စွဲထားသည်။

နာဂျစ်အစိုးရ၏အာဏာအလွဲသုံးစားလုပ်မှု နောက်ထပ် သက်သေ အနေဖြင့် မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်နှင့် မဟာမိတ်သုံးဦးကို မနေ့က မလေးရှားပါလီမန်အမတ်အဖြစ်မှ ခြောက်လကြာ ရပ်ဆိုင်းထားခဲ့သည်။ ယင်းမဲခွဲဆုံးဖြတ်ခဲ့မှုကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး အတိုက်အခံများက သပိတ် မှောက်ဆန္ဒပြသည့်အနေဖြင့် လွှတ်တော်တွင်းမှ ထွက်လာခဲ့ကြကြောင်း သြစတြေးလျ အသံလွှင့်ဌာနဖြစ်သော ABC News online က သတင်းထုတ်လွှင့်သွားခဲ့သည်။

`လိင်တူဆက်ဆံမှုဖြင့်စွပ်စွဲခံထားရကာတရားရင်ဆိုင်နေရသော အန်ဝါက ယင်း ဖြစ်ရပ် ကို နိုင်ငံရေးလုပ်ကြံမှုအဖြစ်ပြောဆိုလိုက်သည်။ သူ့ကို အမျိုးသားညီညွတ်ရေးကြွေး ကြော်သံအပေါ် အငြင်းပွားဘွယ်ဖြစ်အောင် လွှတ်တော်တွင်းအမတ်များကိုလှည့်ဖျားခဲ့ သည်ဟူသောစွဲချက်ဖြင့် လွှတ်တော်က ယခုအပတ်တွင် ဆုံးဖြတ်အပြစ်ပေးခဲ့သည်´ ဟု အေဘီစီ သတင်းကဆိုသည်။

လူမျိုးပေါင်းစုံနေထိုင်သော မလေးရှားနိုင်ငံတွင် ညီညွတ်ရေးကိုမြှင့်တင်ရန် ရည်ရွယ် ခဲ့သော နာဂျစ်အစိုးရ၏ “တခုတည်းသောမလေး” ကြွေးကြော်သံကို ဝေဖန်ခဲ့ပြီး ယခုကဲ့သို့ လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းသည့်ပြစ်ဒဏ်ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ ယင်းကြွေးကြော်သံမှာ ယခင်အစ္စရေးခေါင်းဆောင် အီဟုဘာရတ် (Ehud Barak) ၏ ၁၉၉၉ ကပေါ်ထွက်ခဲ့သော “တခုတည်းသောအစ္စရေး” နိုင်ငံရေး အယူအဆကို အတုခိုးခြင်းဟု သူကဝေဖန်ခဲ့ကြောင်း သတင်းတွင်ရေးသားထားသည်။

ဤစွပ်စွဲချက်မှာ မွတ်စလင်ဘာသာဝင်အများစု နေထိုင်ပြီး အစ္စရေးနှင့် သံတမန်အဆက်အသွယ်မရှိဘဲ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို ထောက်ခံသည့် မလေးရှားတွင် အလွန်အကဲဆတ်သည့်ကိစ္စဖြစ်သည်။

အန်ဝါကိုပါလီမန်စည်းကမ်းများအရအရေးယူဆောင်ရွက်သည့်ကိစ္စကို ဝေဖန်၍ လွှတ် တော်ကိုမထီမဲ့မြင်ပြုသည်ဆိုကာ အကြီးတန်းအတိုက်အခံအမတ် ၃ ဦးကိုလည်း ၆ လကြာ လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းထားရန် အစိုးရက ဗုဒ္ဓဟူးနေ့ကတောင်းဆို ခဲ့သည်။

`ဒါပြောင်ပြောင်တင်းတင်းဘက်လိုက်တာဘဲ ဆိုတာ အလွန်ထင်ရှားပါတယ်။ ဒါ လွှတ် တော်တွင်းဆွေးနွေးပြောဆိုမှုတခုလုံးကို ပြက်ရယ်ပြုလိုက်တာပါဘဲ´ ဟု ပါလီမန် တွင်မဲခွဲအပြီး အန်ဝါက အေဘီစီ သတင်းဌာနကိုပြောကြားခဲ့သည်။ လွှတ်တော်တွင် နာဂျစ်၏ ညွန့်ပေါင်းအစိုးရအဖွဲ့က အများစုမဲပြတ်ပြတ်သားသားရရှိထားသည်။

လွှတ်တော်တွင်း အချေအတင်ဆွေးနွေးရာတွင် မိနစ် ၃၀ ကြာ ဆူပူအော်ဟစ်နေကြ သောကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေပြီး အတိုက်အခံလွှတ်တော်အမတ်များက `ပါလီမန် ကိုကယ်တင်ကြ´၊ `တရားဥပဒေမဲ့အုပ်စိုးမှု´ ဆိုသည့် ပိုစတာများကိုင်ဆောင်ဆန္ဒပြခဲ့ ကြသည်။

နောက်ဆုံး အတိုက်အခံအမတ်များက `ရှက်ဖွယ် ရှက်ဖွယ်´ ဟု အော်ဟစ်ကာ လွှတ်တော်ခန်းမတွင်းမှ ထွက်သွားကြကြောင်း သတင်းတွင် ရေးသားထားသည်။

အန်ဝါသည် တချိန်က အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် ဒုဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်က လာဘ်စားမှု၊ လိင်တူဆက်ဆံမှုများဖြင့် စွပ်စွဲရုံးတင်ကာ ထုတ်ပယ်အကျဉ်းချခံခဲ့ရသည်။ ယင်းစွပ်စွဲချက်များမှာ နိုင်ငံရေးအရ “ချခြင်း” သာဖြစ်သည်ဟု အများက ရှုမြင်နေကြသည်။

source: ချင်းမိုင် (မဇ္ဈိမ)

ဆက်၍ ဖတ်ကြည့်ပါဦး ..

Friday, December 17, 2010

စင်ကာပူရောက် မြန်မာများ S-pass ဗီဇာရရန် ခက်ခဲလာ

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံ တွင် သွားရောက်အလုပ်လုပ်ကိုင် သူများ၏ S-pass ဗီဇာဖြင့် နေထိုင် ခွင့်ရရှိဖို့ လျှောက်ထားရာတွင် ရရှိ ရန် ခက်ခဲလာကြောင်း သိရ သည်။ S-pass ဗီဇာလျှောက်လိုလျှင် အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၁၈ဝဝ ရရှိသူ၊ ပညာအရည်အချင်း ဘွဲ့ရပြီးသူ စသည့် သတ်မှတ်ချက် များ ပြည့်စုံလျှင် အဆိုပါ ဗီဇာကို ယခင်က ချထားပေးခဲ့သော်လည်း ယခု လတ်တလောတွင် သတ်မှတ် ချက်ပြည့်စုံသူများပါ ဗီဇာမရရှိဘဲ ဗီဇာလျှောက်ရာတွင် အကြိမ်ကြိမ် အပယ်ခံ နေရ ကြောင်း စင်ကာပူ ရောက် မြန်မာအများစု၏ ပြောကြား ချက်အရ သိရသည်။”စင်ကာပူကျောင်းက ထူးချွန် လို့ ထောက်ပံ့ကြေးပေး ကျောင်း လက်ခံပြီး ဘွဲ့ရခဲ့တဲ့ မြန်မာ ကျောင်းသားအချို့တောင်S-pass ဗီဇာ မရတာရှိလာတယ်”ဟု အိုင်တီ ကျောင်းသား မြန်မာလူငယ်တစ်ဦး က ဆိုသည်။စင်ကာပူရောက် မြန်မာများ S-pass ဗီဇာရရန် ခက်ခဲလာမှုနှင့် ပတ်သက်၍ တရားဝင်တိတိကျကျ မသိရှိသော်လညှ်း-ဈျေ ဗီဇာကို စင်ကာပူရောက် တရုတ်နှင့် အိန္ဒိယ လူမျိုးတို့ ပိုရရှိလာကြကြောင်း မြန်မာ အချို့က ၄င်းတို့၏အမြင်ကို ပြောပြသည်။ စင်ကာပူရောက် မြန်မာအများ စုသည် ကမ္ဘာ့စီးပွားရေးပျက်ကပ် ဖြစ်ပွားချိန်တွင် S-pass ၊ PR စသည့် ဗီဇာ ကိုင် ဆောင်၍ လုပ်ကိုင် သူတော်တော်များများ အလုပ်ဖြုတ် ခံခဲ့ရသည်။ ထိုအတွေ့အကြုံများ ကြောင့် စင်ကာပူတွငှ်-ဈျေ ဗီဇာဖြင့် အလုပ်ရရှိရန် သတ်မှတ် နှုန်းထား လစာ မရရှိ သော်လည်း S-pass ဗီဇာနှုန်းဖြင့်ရရှိကြောင်း လိမ်လည်၍ ဗီဇာတင်မှုကို လက်ခံ ခဲ့ကြသည်။ ၄င်းစနစ်များ ကုမ္ပဏီ အချို့တွင် လက်ခံလုပ်ဆောင်ပေး ခဲ့ရ၍ နောက်ပိုင်း ထိုသို့မြန်မာတို့ အား နှိမ်၍ လစာဖြတ်ပေးမှုများ ရှိလာသည်ဟု မြန်မာလုပ်သားအချို့ က ပြောသည်။”စင်ကာပူမှာ အလုပ်လာရှာ တဲ့ မြန်မာဦးရေက များလာတဲ့ အတွက် အလုပ်လိုချင်တော့ လစာ တွေကို အနိမ့်ဆုံးဖြစ်အောင် တစ် ယောက်နဲ့တစ်ယောက်အပြိုင်လျှော့ ချပြီး အလုပ်လျှောက်လာကြတယ်။S-pass တစ်ယောက် ပေးဆောင်ရ မယ့်အခွန်၊ နေစရိတ်တို့တွက်ပြီး သုံး ရင်တောင် ပုံမှန်လစာက သိပ်မပို တာ။ လျှော့ပြီးရလေ မလောက်င လေဖြစ်လာကြတာပေါ့”ဟု အိုင်တီ လုပ်သား တစ်ဦးက ရှင်းပြသည်။ယခုနှစ်အတွင်း စင်ကာပူ ဝန်ကြီးချုပ်သည် နိုင်ငံခြားသားများ အား စင်ကာပူနိုင်ငံသားအဖြစ် ခံယူခွင့်ကို တိုးမြှင့်ပေးမည်ဖြစ် ကြောင်း ထုတ်ပြန်ပြောကြားခဲ့ သည်။ သို့သော်လည်း မြန်မာနိုင်ငံ သားအများစုမှာ စင်ကာပူသား တစ်ဦးနေထိုင်မှုစရိတ်နှင့် သတ်မှတ် ချက်များကို လက်ခံရန် ခက်ခဲ လှ၍ နိုင်ငံသားခံယူရန် နောက်တွန့်မှုရှိကြ ကြောင်း သိရသည်။

source: popular

ဆက်၍ ဖတ်ကြည့်ပါဦး ..

မလေးရှား လုပ်သားဈေးကွက် အပျက်ဘက် ဦးတည်

မလေးရှားနိုင်ငံသို့ မြန်မာ လုပ်သားများ ပို့လွှတ်နိုင်မှု မရှိသည့်အတွက် ပြည်တွင်း အေဂျင်စီများ၏ ရပ်တည်မှု ထိခိုက်လာပြီး ယခုကဲ့သို့ ဆက်လက်ဖြစ်နေပါက မလေးရှားလုပ်သားဈေးကွက် ပျက် သွားနိုင်ကြောင်း အဆိုပါ အသိုင်းအဝိုင်းမှ သိရသည်။ပြည်တွင်းသို့ လုပ်သား ခေါ်ယူမှု စာရောက်ရှိရန်မှာ မလေးရှား ပြည်ထဲ ရေးဝန်ကြီး ဌာန၏ လုပ်သားခေါ်ယူခွင့်ပြု သည့် ကေဒီအန် (KDN) ရရှိ ရန် လိုအပ်ပြီး ယင်းခွင့်ပြု စာများ ကျမလာသည်မှာ ၄ လ နီးပါးကြာ မြင့်ခဲ့ပြီဟု ကျောက်တံ တား မြို့နယ်ရှိ အေဂျင်စီတစ်ခုမှ ဒါရိုက်တာတစ်ဦး က ပြောသည်။”အနည်းဆုံး တစ်လကို လူ ၂ဝ လောက် ပို့နိုင်မှ ကုမ္ပဏီစရိတ် ကို ထေမိရုံပဲရှိမယ်။ ခုက ၅ယောက် ပို့လိုက်၊ ၁ဝ ယောက်ပို့ လိုက်နဲ့ ကြိုကြားကြိုကြားပဲပို့ နေရတော့ ဒီ အတိုင်းရေရှည်ဆို မလွယ်ဘူးဗျ။ မလေးရဲ့ပေါ်လစီကလည်း ခုတစ် မျိုး၊ တော်ကြာတစ်မျိုးနဲ့ ခန့်မှန်းရ ခက်ပါတယ်။ ဘာအကြောင်းရယ် လို့လည်း အတိအကျ မသိရဘူး” ဟု ¤င်းကပြောသည်။ယင်းကဲ့သို့ ကြာမြင့်နေခြင်းမှာ မလေးရှားနိုင်ငံဘက်မှ ကြန့်ကြာ နေမှုသာဖြစ်ပြီး အခြေအနေမသိရှိ သည့် လုပ်သားများအနေဖြင့် သွား ရောက်ရန်စောင့်ဆိုင်းနေရခြင်းအပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။ ”ကျွန်တော့်ကုမ္ပဏီမှာ အရင် တင်ထားတဲ့လူ ၃ဝဝကျော်လောက် နဲ့ ထပ်တိုး ၁ဝဝ လောက်ရှိတယ်။ အားလုံးက ဒီခေါ်စာကို စောင့်နေကြ ရတယ်။ တချို့က ဒီကု မ္ပဏီ က ကြာနေပြီဆိုပြီး အခြားကုမ္ပဏီ ဆီသွားလုပ်ကြတယ်။ ဒါ အားလုံး ရင်ဆိုင်နေရတဲ့ ပြဿ နာလေ။ အဲဒီကိစ္စကိုလည်း နယ်က ကိုယ်စားလှယ်တွေက ဖုန်းအမြဲ ဆက်ပြောနေကြ တယ်။ ဒီထက်ဆိုးတာက မလေးရှားအေဂျင်စီ တချို့ဆို လှမ်းမေးလို့မရဘူး။ ဖုန်းပိတ် ထားကြတယ်။ သူတို့လည်း အခြေအနေ မသိ ဘူးလေ။ ငုတ်တုပ်ထိုင်စောင့်ရုံပေါ့” ဟု ၄င်းက ထပ်လောင်းပြောသည်။

source: popular

ဆက်၍ ဖတ်ကြည့်ပါဦး ..

Thursday, December 16, 2010

အမှိုက်စွန့်ပစ်မှုနှင့် အမှိုက်သိမ်းစနစ် ပြောင်းလဲရန် လိုအပ်ဟု ရန်ကုန်မြို့နေပြည်သူများ ပြောကြား



ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ များပြားလာသည်နှင့်အမျှ ဈေးများ၊ အိမ်များနှင့် လူနေတိုက်ခန်းများမှ စွန့်ပစ်သော အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှု များပြားလာခြင်းနှင့်အတူ လက်ရှိ အမှိုက်သိမ်းစနစ်ကို ပြောင်းလဲရန် လိုအပ်လာသည်ဟု ရန်ကုန်မြို့နေ ပြည်သူများက သုံးသပ်ခဲ့ကြပါသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ နေအိမ်များ၊ ဈေးများမှ စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ် အမှိုက်သိမ်းစနစ်ဖြင့် လိုက်လံသိမ်းဆည်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

''အခုချိန်မှာတော့ ကျွန်တော်တို့ တွေ့နေရတာက အိမ်အသီးသီးက အမှိုက်တွေကို ရပ်ကွက်ထဲက အမှိုက်ကန်တွေမှာ စွန့်ပစ်ကြတယ်။ အဲဒီ စွန့်ပစ်ထားတဲ့ အမှိုက်ကန်ထဲက အမှိုက်တွေကို စည်ပင်က သူ့အချိန်နဲ့သူ လာသိမ်းတယ်။

အချို့ အမှိုက်ကန်မရှိတဲ့ နေရာတွေကျတော့ ကားလမ်းမကြီးဘေးမှာပဲ ဖြစ်သလို စွန့်ပစ်ထားတာ တွေ့ရတယ်။ ညနေစောင်းကနေ ည ၁၀ နာရီလောက်အထိ လမ်းဘေးမှာ အမှိုက်ပုံ အကြီးကြီး ဖြစ်နေပြီး ၁၀ နာရီကျော်လောက်မှ လာသိမ်းတာ တွေ့ရတယ်။ အဲဒီတော့ ဒီအမှိုက်ပုံကထွက်တဲ့ အနံ့ဆိုးတွေဟာ ဖြတ်သွားဖြတ်လာတွေ အတွက် အနှောင့်အယှက် ဖြစ်သလို မြို့တော်သာယာလှပရေး အတွက်လည်း အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဒီထက်ပိုမို ကောင်းမွန်တဲ့ အမှိုက်ပစ်တဲ့ ပုံစံနဲ့ အမှိုက်သိမ်းစနစ် ဖြစ်လာဖို့ လိုပါတယ်''ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များတွင်မူ တစ်နိုင်တစ်ပိုင် ပုဂ္ဂလိက အမှိုက်သိမ်းသူများလည်း ပိုမို များပြားလာကြောင်း သိရသည်။ အဆိုပါ အမှိုက်သိမ်းသူများမှာ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ အမှိုက်များကို အခပေးစနစ်ဖြင့်
သိမ်းယူခြင်းများ ပြုလုပ်ကြောင်း သိရသည်။

''အရင်ကတော့ ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်နဲ့ အမှိုက်လိုက်သိမ်းတာ ရှိပါတယ်။ အခုနောက်ပိုင်း အိမ်ရှိ လူအကုန်က မနက်ဆို အလုပ်သွားကြ၊ ညဆို မှောင်မှပြန်ရောက်ကြတာ ဆိုတော့ အဲဒါတွေ ရှိသေးလား၊ မရှိဘူးလားဆို တာတော့ သတိမထားမိပါဘူး။ အိမ်က အမှိုက်တွေကိုတော့ မနက်စောစောဆို တွန်းလှည်းလေးတွေနဲ့ အမှိုက်ပစ်ပေးရမလားလို့ လာလာမေးနေတဲ့ ကောင်လေးတွေရှိနေတော့ သူတို့ကိုပဲ မုန့်ဖိုးပေးပြီး ပစ်ခိုင်းလိုက်တာပါပဲ''ဟု စမ်းချောင်းမြို့နယ် အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါသည်။

ထို့အပြင် အမှိုက်သိမ်းကားများ၊ တစ်နိုင်တစ်ပိုင် အမှိုက်သိမ်း တွန်းလှည်းများမှာ အမှိုက်များကို ပြည့်လျှံစွာ တင်ဆောင်ခြင်းကြောင့် လမ်းမပေါ်သို့ အညစ်အကြေးများ စီးကျခြင်း၊ အမှိုက်များ ဖိတ်ကျခြင်းတို့ ဖြစ်ခြင်းတို့မှာလည်း မသင့်လျော်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက သုံးသပ်ကြပါသည်။

''ကျွန်မတို့နားမှာတော့ စည်ပင်က အမှိုက်တွေ ပုံမှန်လာသိမ်းပါတယ်။ ဒါပေမယ့် အမှိုက်ကားတွေက တော်တော်ဟောင်းနေတော့ တချို့ အမှိုက်တွေက လမ်းပေါ်ပြန်ကျကျန်တာ၊ တချို့ အညစ်အကြေးတွေက တစ်စက်တစ်စက်နဲ့ လမ်းပေါ်ပြန်ကျသွားတာတွေ တွေ့နေ မြင်နေရတာ စိတ်မသက်သာစရာပါ။ အမှိုက်တွေ၊ အညစ်အကြေးတွေ လိုက်သိမ်းနေတဲ့ သူတွေကို တွေ့ရတာလည်း စိတ်မကောင်းစရာပါ။ နောက်ပြီး အမှိုက်ပုံဝန်းကျင်မှာ နေကြတဲ့ ကျွန်မတို့ အနေနဲ့ကတော့ တော်တော် စိတ်အနှောင့်အယှက် ဖြစ်ရသလို ရေရှည်မှာ ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရပါတယ်''ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောပါသည်။

''အန်တီတို့ကတော့ ကွန်ဒိုအခန်းတွေဆိုတော့ ကွန်ဒိုဘေးက အမှိုက်ကန်ကို ပစ်လိုက်တာပဲ။ အဲဒီ အမှိုက်ကန်က အမှိုက်ကို စည်ပင်ကတော့ လာသိမ်းတာပဲ။ ဘယ်နှစ်ရက်တစ်ခါလာလဲတော့ သတိမထားမိဘူး။ ဒါပေမယ့်
အမှိုက်ကန်ပြည့်လို့ အမှိုက်လာမသိမ်းတဲ့ ရက်တွေဆို အဲဒီကထွက်တဲ့ အနံ့တွေနဲ့ အမှိုက်ကန်ဘေးက ဖြတ်သွားဖို့ကို တော်တော်စဉ်းစားရတယ်''ဟု ဗဟန်းမြို့နယ် အတွင်း ကွန်ဒိုတိုက်ခန်းတစ်ခုတွင် နေထိုင်သူတစ်ဦးက
ပြောပါသည်။

''ကျန်တဲ့နေရာတော့ မသိဘူးဗျာ။ ကျွန်တော် နေ့တိုင်း အလုပ်ပြန်တဲ့အခါ ကားစောင့်ရတဲ့ မြေနီကုန်း ဒဂုံစင်တာရှေ့ ဘတ်စကားမှတ်တိုင် အနားမှာရှိတဲ့ အမှိုက်ပုံကတော့ အနံ့ကလည်းဆိုး၊ လူမြင်လို့လည်း မကောင်းဘူး။ အဲဒီနားမှာနေတဲ့ သူတွေလည်း အဲဒီကိုမှမပစ်ရင် ပစ်စရာ မရှိတော့လည်း လာပစ်ကြတာလို့ ပြောတယ်။ ဒီနေရာက မီးပွိုင့်နဲ့လည်းနီးတယ်။ ကားမှတ်တိုင်လည်း ဖြစ်တယ်။ ဒါကြောင့် စနစ်တကျနဲ့ ပစ်မယ်။ စနစ်တကျနဲ့
သိမ်းမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ''ဟု သင်္ဃန်းကျွန်းမြို့နယ်မှ စမ်းချောင်းမြို့နယ်သို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါသည်။

စနစ်မကျသော အမှိုက်စွန့်ပစ်မှု၊ ခေတ်မမီသော အမှိုက်သိမ်းစနစ်များကြောင့် စွန့်ပစ်ပစ္စည်းများမှ ထုတ်လွှတ်သော ဓာတ်ငွေ့များသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး၊ မြို့နေလူထုများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား စေနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များနှင့် ဆရာဝန်များက ဆိုပါသည်။

လေထုညစ်ညမ်းမှုတွင် မီးခိုးထွက်သော ညစ်ညမ်းမှုနှင့် မီးခိုး မထွက်သော ညစ်ညမ်းမှု ဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။ မီးခိုးထွက်သော ညစ်ညမ်းမှုမှာ ပတ်ဝန်းကျင်ကို အဓိက ထိခိုက်စေပြီး၊ မီးခိုးမထွက်သော ညစ်ညမ်းမှုမှာ အနံ့ဆိုးများကို ဖြစ်ပေါ်စေပြီး လူ၏ကျန်းမာရေးကို အဓိက ထိခိုက်စေကြောင်း သိရသည်။

''လေထုညစ်ညမ်းမှုမှာ ပြည်သူလူထု ကျန်းမာရေးကို ထိခိုက်မှုနဲ့ လူမှုဖူလုံရေးကို ထိခိုက်စေပါတယ်။ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အနံ့နဲ့ အငွေ့တွေထုတ်တဲ့ စက်ရုံတွေနဲ့ အမှိုက်ပုံတွေ အနီးမှာနေတဲ့သူတွေမှာ
ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့်တော့ ငါးနှစ်အောက် ကလေးတွေနဲ့ အသက် ၆၀ နှစ်အထက် လူကြီးတွေမှာ ပိုမိုဖြစ်တတ်ပါတယ်''ဟု ရန်ကုန်ဆေးတက္ကသိုလ်(၁) ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အနံ့နှင့်အငွေ့များကို ရှူရှိုက်မိပါက နမိုးနီးယားရောဂါကို ပိုမို ပြင်းထန်ခြင်း၊ နာတာရှည် လေပြွန်ပိတ်ဆို့မှု၊ ပန်းနာရင်ကြပ် ဝေဒနာများ၊ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများ၊
လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ ထို့အပြင် ထိုအငွေ့၊ အနံ့များကို ကြာရှည်စွာ ရှူရှိုက်ရသူများသည် အဆုတ်ကင်ဆာနှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာများ ဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။

''တကယ် သုံးသင့်သုံးထိုက်တဲ့ အထဲမှာနိုင်ငံတကာ အဆင့်မီတဲ့ အမှိုက်သိမ်းကားတွေ ၀ယ်ယူမှုလည်း ပါပါတယ်။ ရန်ကုန်မြို့ရဲ့ လူဦးရေ အချိုးအစားနဲ့တွက်ရင် ခေတ်မီတဲ့ အမှိုက်သိမ်းကားတွေ တော်တော် နည်းနေပါသေးတယ်။ လက်ရှိ အနေအထားအရ ခေတ်မီ အမှိုက်သိမ်းကားတွေ ရာထောင်ချီ လိုပါလိမ့်မယ်။ ဒါပေမယ့် အခု မြင်နေတွေ့နေရတာက ခေတ်မမီတော့တဲ့ ကားတွေများပါတယ်။ တချို့ကားတွေဆိုရင် အမြင်မသင့်တော်တဲ့ ကားတွေ အများကြီး တွေ့နေရပါတယ်။ ပြည်သူတွေဆီက ရတဲ့ငွေကို စနစ်တကျ ပြန်အသုံးချတဲ့ နေရာမှာ ခေတ်မီ စက်ပစ္စည်း ကိရိယာတွေ ၀ယ်ယူ အသုံးပြုသင့်ပါတယ်။ အမှိုက်သိမ်းတဲ့ စနစ်ကို စနစ်တကျ မလုပ်ရင် ပြည်သူလူထုရဲ့ အခြေခံ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်'' ဟု Weekly Eleven News Journal မှ သတင်းထောက်တစ်ဦးက ပြောပါသည်။


စင်ကာပူနိုင်ငံတွင် အမှိုက်များ လိုက်လံ သိမ်းဆည်းနေစဉ်



ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမှိုက်များ လိုက်လံ သိမ်းဆည်းနေစဉ်


ကမ္ဘာ့နိုင်ငံအချို့တွင် ကျင့်သုံးလျက်ရှိသော အမှိုက်သိမ်းစနစ်များ

အမှိုက်စွန့်ပစ်မှုနှင့် အမှိုက်သိမ်းစနစ်ဟု ဆိုရာတွင် မြို့ပြများမှ နေ့စဉ် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား လိုက်လံသိမ်းဆည်းခြင်း၊ သယ်ဆောင်ခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ ဖျက်ဆီးခြင်း(သို့မဟုတ်) ပြန်လည်အသုံးပြုရန် သန့်စင်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ထွက်ရှိရာ နေရာများအား စိစစ်သတ်မှတ်ခြင်း စသည်တို့ ပါဝင်သည်။ အဆိုပါ လုပ်ငန်းစဉ် အဆင့်များတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေရန်နှင့် အများပြည်သူ၏ ကျန်းမာရေးအား ဆိုးကျိုး မသက်ရောက်စေရန် အရေးကြီးလှသည်။ စွန့်ပစ်အမှိုက်ဟု ဆိုရာတွင် အစိုင်အခဲ၊ အရည်၊ အငွေ့ စသည့် အခြေအနေသုံးမျိုးဖြင့် ပါဝင်နိုင်ပြီး ရေဒီယိုသတ္တိကြွ ပစ္စည်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်စေနိုင်သော အရာဝတ္ထုများ ပါဝင်သည်။ ထို့ကြောင့် ဤလုပ်ငန်းစဉ် အဆင့်ဆင့်အား ကျွမ်းကျင်သူများဖြင့် ကြီးကြပ်ရန် လိုအပ်မည် ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမှိုက်သိမ်းဆည်းမှု နည်းစနစ်များမှာ ကွာခြားမှု ရှိနိုင်သော်လည်း အဆိုပါ လုပ်ငန်းစဉ် အားလုံးကို အစိုးရက တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်သလို ဖြစ်ပေါ်လာသော ထိခိုက်မှုများ အတွက်လည်း မြို့ပြဆိုင်ရာ အာဏာပိုင်များတွင် တာဝန်အရှိဆုံး ဖြစ်သည်ဟု လေ့လာသူများက ဆိုကြပါသည်။

နေရာဒေသနှင့် ရာသီဥတု အနေအထားများကြောင့် အမှိုက်သိမ်းသည့် နည်းစနစ် ကွဲပြား ခြားနားကြသော်လည်း နိုင်ငံအသီးသီးတွင် အမှိုက်သိမ်းခြင်း လုပ်ငန်းအား အစိုးရကသာ တာဝန်ယူ ဆောင်ရွက်လေ့ ရှိကြသည်။ အချို့ နေရာများတွင် စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သော ဘေးထွက်ပစ္စည်းများအား ပုဂ္ဂလိက ကုမ္ပဏီများက ထိန်းသိမ်းစွန့်ပစ်လေ့ ရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ အမှိုက်နှင့်ပတ်သက်၍ အစိုးရကသာ အလုံးစုံတာဝန်ယူ ဖြေရှင်းကြသည်။

ၾသစေၾတးလ်
မြူနီစပယ်အဖွဲ့က အမှိုက်သိမ်းခြင်း လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ပြီး အထွေထွေအမှိုက်၊ ဥယျာဉ်ခြံထွက် အမှိုက်နှင့် ပြန်လည် အသုံးပြုနိုင်သော အမှိုက် ဟူ၍ သုံးမျိုးခွဲခြားပြီး အမှိုက်ပုံးများ ထားရှိပေးထားသည်။ အဆိုပါ အမှိုက်များအပြင် လိုအပ်ပါက သီးခြား နည်းစနစ်များဖြင့် လာရောက် သိမ်းဆည်းပေးလေ့ ရှိသည်။

ဥရောပ
ဥရောပတိုက်နှင့် ကမ္ဘာ့ဒေသ အချို့တွင် Enva ဟုခေါ်သော နည်းစနစ်ဖြင့် စွန့်ပစ်အမှိုက်များအား သိမ်းဆည်းလေ့ရှိပြီး မြေအောက်တွင် သိမ်းဆည်းသော နည်းစနစ်ဖြင့် ဖျက်ဆီးလေ့ရှိသည်။

အစ္စရေး
ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သော Arrow Ecology ကုမ္ပဏီမှ အမှိုက်သိမ်းခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိသည်။ ကုမ္ပဏီအနေဖြင့် အမှိုက်များကို အိမ်တိုင်ရာရောက် တိုက်ရိုက် သိမ်းဆည်းပြီး အော်ဂဲနစ်နှင့် အော်ဂဲနစ် မဟုတ်သော အမှိုက်ဟူ၍ နှစ်မျိုးခွဲခြားကာ ဖျက်ဆီးလေ့ ရှိသည်။ အဆိုပါ နည်းစနစ်အား ဂရိ၊ မက္ကဆီကို၊ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ ကာလီဖိုးနီးယား ပြည်နယ်တို့တွင် အသုံးပြုလျက်ရှိသည်။

တရုတ်(တိုင်ပေ)
အစိုးရက စွန့်ပစ်သော အမှိုက်ပမာဏအလိုက် အခွန်အခ ကောက်ခံကာ သိမ်းဆည်းလေ့ ရှိသည်။ အဆိုပါ နည်းစနစ်ကြောင့် မြို့တော်တွင်း အမှိုက်စွန့်ပစ်မှု ပမာဏ လျော့ချရာတွင် အောင်မြင်မှု ရရှိခဲ့သည်။

စင်ကာပူ
ယခင်က ရန်ကုန်မြူနီစပယ် အက်ဥပဒေကို လေ့လာပြီး မြို့တော် တည်ဆောက်ခဲ့သော စင်ကာပူမှာ ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံး တိုင်းပြည်အဖြစ် နာမည် ကျော်ကြားလျက် ရှိသည်။ စင်ကာပူ နိုင်ငံတွင် အမှိုက်သိမ်းသည့်
လုပ်ငန်းအား အစိုးရမှ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ၀န်ကြီးဌာနနှင့် အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ တို့က ကြီးကြပ်လုပ်ကိုင်လျက် ရှိသည်။

အဆိုပါ ဌာနနှစ်ခုက အမှိုက်များကို သိမ်းဆည်းခြင်း၊ အမျိုးအစား ခွဲခြားပြီး ပြန်လည် သန့်စင်ခြင်းနှင့် ပြန်လည် အသုံးပြုနိုင်ရန် စီစဉ်ခြင်း၊ ဖျက်ဆီးခြင်း၊ အန္တရာယ်ရှိစေသော အရာဝတ္ထုများနှင့် အဆိပ်အတောက် ဖြစ်စေနိုင်သော ဓာတ်သတ္တုများအား စနစ်တကျ ထိန်းသိမ်းခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား သန့်ရှင်းခြင်းတို့အား အဓိက လုပ်ဆောင်လျက် ရှိသည်။ နေ့စဉ် သိမ်းဆည်း ရရှိလာသော အမှိုက်များ၏ ၉၀ ရာခိုင်နှုန်းအား ဖျက်ဆီးသည့် စက်ရုံလေးရုံ၌ ဖျက်ဆီးပေးလျက်ရှိပြီး ကျန်မဖျက်ဆီးနိုင်သော အမှိုက် ၁၀ ရာခိုင်နှုန်းကို Semakau ကျွန်းတွင် မြေမြုပ်ဖျက်ဆီးလျက် ရှိသည်။

စင်ကာပူအနေဖြင့် အမှိုက်များကို မြေမြုပ်စွန့်ပစ်နေသော Semakau ကျွန်း၏ အမှိုက် လက်ခံနိုင်မှုကို တွက်ချက်ပြီး National Recycling Programme အနေဖြင့် ၂၀၀၁ ခုနှစ် စတင်ကာ နေ့စဉ် ထွက်ရှိလာသော အမှိုက်များကို အမျိုးအစား ခွဲခြားပြီး တစ်ဆင့် ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများအဖြစ် ပြန်လည် ထုတ်လုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ သစ်အခြေခံ အမှိုက်များကို ပရိဘောဂ ထုတ်လုပ်နိုင်သည့် အနေအထားထိ ရောက်အောင် ပြန်လည် သန့်စင်နေသလို ပလတ်စတစ် အမှိုက်များကိုလည်း ကော်စေ့အဖြစ် ထုတ်လုပ်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းများမှ ထွက်ပေါ်လာသော အမှိုက်များကိုလည်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ပစ္စည်းများအဖြစ် ထုတ်လုပ်ရန် စီစဉ်လျက် ရှိသည်။

Ref: Wikipedia, Integrated Solid Waste Management in Singapore, Asia 3R Conference, Nov 2006

source: E11

ဆက်၍ ဖတ်ကြည့်ပါဦး ..

တိုင်းမ်မဂ္ဂဇင်းက ယခုနှစ်အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် Facebook တည်ထောင်သူအား ရွေးချယ်


တိုင်းမ်မဂ္ဂဇင်းက လူမှုဆက်ဆံရေး ကွန်ရက် ၀က်ဘ်ဆိုက် Facebook ကို တည်ထောင်သူ မာ့ခ်ဇူကာဘက် အား ယခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ် Person of the Year အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရွေးချယ်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း စာဖတ်ပရိ သတ်များက ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ်အား ဂုဏ်ပြုသည့် အနေဖြင့် ရွေးချယ်ရန် တောင်းဆိုခဲ့မှုအား မဂ္ဂဇင်းက ဥပေက္ခာပြုကာ ဇူကာဘတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်သာ ရှိသေးသော ဇူကာဘက်သည် တိုင်းမ်မဂ္ဂဇင်း၏ အထင်အရှားဆုံး ပုဂ္ဂိုလ်အဖြစ် မျက်နှာဖုံးတွင် ဖော်ပြခံရသူများအနက် ဒုတိယ အသက်အငယ်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ၁၉၂၇ ခုနှစ်က အမေရိကန် လေယာဉ်မှူး ချားလင်းဘတ်သည် တိုင်းမ်မဂ္ဂဇင်း၏ ပထမဆုံးသော အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အသက် ၂၅ နှစ်အဖြစ် အငယ်ဆုံး ထင်ရှားသူ ဖြစ်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်းသည် အထင်ရှားဆုံး ပုဂ္ဂိုလ်ကို နှစ်စဉ်ရွေးချယ်ပြီး မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြသည်။

ဇူကာဘတ်၏ လူမှုဆက်ဆံရေး ကွန်ရက် ၀န်ဆောင်မှုသည် ''နေ့စဉ် နေထိုင်မှုဘ၀ကို ပြောင်းလဲသွားစေခဲ့ကြောင်း'' တိုင်းမ်မဂ္ဂဇင်း၏ မန်နေဂျင်းအယ်ဒီတာ ရစ်ချက်စတင်ဂယ်က ပြောကြားခဲ့သည်။

အမေရိကန်သက်တမ်းလယ် ရွေးကောက်ပွဲများတွင် ကြီးမားသည့် အပြောင်းအလဲကို ဖြစ်စေခဲ့သော ရှေးရိုးစွဲ Tea Party လှုပ်ရှားမှုက တိုင်းမ်မဂ္ဂဇင်း၏ ဒုတိယအထင်ရှားဆုံး စာရင်း ၀င်ခဲ့သည်။ ၀ီကီလိခ်တည်ထောင်သူ အဆန်ဂ်မှာ တတိယနေရာ ရရှိခဲ့သည်။ Facebook က လူသန်း ၅၀၀ ကျော် အချင်းချင်း ဆက်နွယ်ဖို့အတွက်၊ သူတို့ကြားက လူမှုဆက်ဆံရေးတွေ ပုံဖော်ဖို့ အတွက်၊ သတင်းအချက်အလက်တွေ ဖလှယ်ဖို့ စနစ်သစ်တစ်ခု ဖန်တီးခဲ့တဲ့ အတွက်၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ မှာ နေထိုင်မှု ပုံသဏ္ဌာန်တွေကို ပြောင်းလဲသွားစေခဲ့ပြီး ဒီနည်းလမ်းတွေက စိတ်ကူးတီထွင်မှု ဆန်းသစ်ပြီး အကောင်းတွေ ဖြစ်လာပါတယ်''ဟု တိုင်းမ်မဂ္ဂဇင်းက ကြေညာချက်တွေ ဖော်ပြခဲ့သည်။ ဟားဗက်မှ ကျောင်းထွက်ထားခဲ့ရသော ဇူကာဘက်သည် ''တီရှပ်ဝတ်ထားသော နိုင်ငံခေါင်းဆောင်'' ဖြစ်ကြောင်း စတင်ဂယ်က ပြောကြားခဲ့သည်။ အဖဂန်သမ္မတ ဟာမစ်ကာဇိုင်းနှင့် မြေအောက်တွင် ပိတ်မိခဲ့ပြီး အသက်ရှင် လွတ်မြောက်လာခဲ့သော ချီလီသတ္တုတွင်း လုပ်သားများသည် တိုင်းမ်မဂ္ဂဇင်း၏ နောက်ဆုံး ဆန်ခါတင်စာရင်း ၀င်ခဲ့သည်။

ဇူကာဘက်သည် ကမ္ဘာ့အသက် အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ ဖြစ်သည်။ ဇူကာဘက်နှင့် facebook ကို ပူးတွဲတည်ထောင်သူ ဒက်စတင် မိုစကိုဗစ် တို့သည် ပိုင်ဆိုင်မှု၏ ထက်ဝက်ကျော်ကို ကုသိုလ်ပြု လုပ်ငန်းများအတွက် လှူဒါန်းသွားရန် ကတိပြုထားကြသည်။ ဇူကာဘက်သည် ဒေါ်လာ ၆ ဒသမ ၉ ဘီလျံခန့် ချမ်းသာပြီး ယခုနှစ် ဖို့ဘ်မဂ္ဂဇင်း၏ အမေရိကန် အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် အဆင့် ၃၅ ရရှိထားသူ ဖြစ်သည်။

ဆက်၍ ဖတ်ကြည့်ပါဦး ..

တရုတ်နိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဒေသအစုံမှ ရောက်ရှိနေပြီး တရုတ် အလုပ်သမားများနှင့် လုပ်အားခ ထက်ဝက်မျှ ကွာခြားမှု ရှိနေကြောင်း သိရှိရ

တရုတ်နိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ မြန်မာနိုင်ငံ ဒေသအစုံမှ ရောက်ရှိကာ အလုပ်လုပ်ကိုင်နေကြပြီး တရုတ် အလုပ်သမားများနှင့် လုပ်အားခ ထက်ဝက်မျှ ကွာခြားမှု ရှိနေကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် အခြား လုပ်ငန်းတို့တွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိ လုပ်ကိုင်နေကြကာ လုပ်အားခမှာ နည်းပါးကြောင်း၊ တရုတ်လူမျိုး အလုပ်သမားများနှင့် မြန်မာ ရွှေ့ပြောင်း လုပ်သားများသည် လုပ်ရသော အလုပ် အနေအထား တူညီသော်လည်း လုပ်အားခမှာ ကွာဟနေကြောင်း သိရှိရပါသည်။

''ကျွန်တော်က ပဲခူးတိုင်းက လာတာပါ။ ဒီမှာ တစ်နှစ်ကျော်လောက် ရှိပါပြီ။ လုပ်အားခက တစ်ရက်ကို ယွမ် ၄၀ ရပါတယ်။ မြန်မာငွေနဲ့တော့ ကျပ် ၅၀၀၀ ကျော် ရတာပေါ့။ တရုတ်အလုပ်သမားကတော့ တစ်ဦးကို ယွမ် ၈၀ ရပါတယ်။ လုပ်ရတာကတော့ အတူတူပါပဲ''ဟု ယူနန်ပြည်နယ်မှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူ မြန်မာလုပ်သားတစ်ဦးက ပြောပြသည်။

တရုတ်နိုင်ငံသည် နယ်စပ်ဒေသများတွင် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပြီး မြန်မာအလုပ်သမားများ ရာနှင့်ချီ၍ ရောက်ရှိကာ အလုပ်လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း၊ အခြားသော လုပ်ငန်းများတွင်လည်း လာရောက်၍ လုပ်ငန်းခွင် ၀င်ရောက်လျက် ရှိကြောင်း သိရှိရသည်။

''တရုတ် အလုပ်သမားကတော့ နောက်လိုက် မရှိဘူး။ မြန်မာက နောက်လိုက်ဖြစ်နေတာပါ။ အဓိက ကတော့ ဘာသာစကား နားမလည်ဘူး။ လက်ဟန်ခြေဟန်နဲ့ပဲ အလုပ်လုပ်ရတယ်။ သူတို့ခိုင်းတာ လုပ်ရတယ်။ သူတို့နဲ့
ရတာကွာတယ် ဆိုပေမယ့်လည်း အထိုက်အလျောက်တော့ အဆင်ပြေတဲ့ အတွက် နေလို့ဖြစ်နေတုန်းပါပဲ''ဟု ရွှေ့ပြောင်းလုပ်သား လူငယ်တစ်ဦးက ဆိုပါသည်။

လုပ်ငန်းခွင်များတွင် အလုပ်သမားများ အဖြစ် ၀င်ရောက် လုပ်ကိုင်နေသူများ ရှိသကဲ့သို့ ရွေ့လျား အစားအသောက် ရောင်းချသော မြန်မာရွှေ့ပြောင်း လုပ်သားများလည်း ရှိနေကြောင်း သိရှိရသည်။

''ဒီမှာရောက်တာ နှစ်နှစ်ကျော်ပြီ။ နေထိုင်ခွင့်သက်တမ်း တိုးပြီးနေရတာပါ။ သုံးလတစ်ကြိမ် သက်တမ်း တိုးပါတယ်။ အလုပ်ကတော့ ကိုယ့်တစ်နိုင်ဖြစ်တဲ့အတွက် အဆင်ပြေတယ် ပြောလို့ရပါတယ်''ဟု ရန်ကုန်မြို့မှ ရောက်ရှိနေသော ရွေ့လျားဆိုင် ဖွင့်လှစ် ရောင်းချနေသူ တစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံတွင် ကာလရှည်ကြာ နေထိုင်သော လုပ်သားများ ရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်းမှ နေ့စဉ် သွားရောက်ကာ လုပ်ကိုင်နေကြသူများလည်း ရှိကြောင်း သိရှိရပါသည်။

source: E11

ဆက်၍ ဖတ်ကြည့်ပါဦး ..

မြန်မာလူမျိုးတို့နှင့် ယဉ်ကျေးမှု၊ ဓလေ့စရိုက် ကွာဟသည့်နိုင်ငံများမှ လစာငွေပိုပေးကာ လုပ်သားခေါ်ယူလာခြင်းအား သတိပြုစရာဖြစ်လာ

လစာငွေပိုပေးကာ လုပ်သားခေါ်ယူ လာခြင်းများ ယခုနှစ်ပိုင်းတွင် သိသာစွာများလာခဲ့ကာ ယင်းအားသတိပြုစရာ ဖြစ်လာခဲ့ကြောင်းနှင့် အများစု လုပ်ကိုင်ကြရသည်မှာ ယင်းနိုင်ငံများရှိ ဟိုတယ်များ၌ ဖြစ်ကြောင်း သိရှိရပါသည်။

အများစုခေါ်ယူလာသည့် နိုင်ငံများမှာ ယခင် ယူအေအီးနိုင်ငံမှ မဟုတ်ကြဘဲ အာဖရိကနိုင်ငံများမှပင် ပါဝင်လာကြကာ အများစုမှာ အမျိုးသမီးများ ပိုမိုခေါ်ယူနေပြီး ယူအေအီးရှိ ဟိုတယ်များ၌ပေးသော လစာငွေထက်ပင် ပိုမိုပေး၍ခေါ်ယူနေကြောင်း ဟိုတယ်ဝန်ဆောင်မှု အေဂျင်စီတစ်ခုထံမှ သိရသည်။

ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ် တစ်ခု၌ ဒုတိယမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ မြန်မာအမျိုးသားဝန်ထမ်းတစ်ဦးက "အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ တကယ်တော့ မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှု၊ ဓလေ့ စရိုက်လွန်စွာ ကွာခြားတဲ့နိုင်ငံတွေပါ။ အဓိက ဟိုတယ်ဝန်ထမ်းတွေ အခေါ် များတယ်။ လုပ်သားဈေးကွက်မှာ မြန်မာတွေဟာ ၂၀၀၅ လောက် ကတည်းကစပြီး အဲဒီနိုင်ငံတွေကို စရောက်နေခဲ့တာဖြစ်ပေမယ့် မြန်မာ အမျိုးသမီးတွေ အတွက်တော့များစွာ သတိထား နေထိုင်သင့်ပါတယ်"ဟု သတိပေးပြောကြားခဲ့သည်။

ယခုအခါ အီဂျစ်နှင့် ဆော်ဒီ အာရေဗျနိုင်ငံတို့ရှိ ဟိုတယ်များ၌ လုပ်ကိုင်ရန် ရန်ကုန်မြို့၌ဖွင့်လှစ်သော ဟိုတယ်သင်တန်းများအား လပိုင်းတက်ကာ ရောက်ရှိလုပ်ကိုင်နေလျက်ရှိသော ၀န်ထမ်းဦးရေမှာ တစ်ရာနီးပါးခန့်ပင် ရှိလာခဲ့ပြီဖြစ်သည်ဟု သိရသည်။

ယခင်က အာဖရိကနိုင်ငံများမှ အလုပ်သမား ခေါ်ယူရာတွင် ဖိလစ်ပိုင်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှား နှင့် လာအိုနိုင်ငံများမှသာ ခေါ်ယူမှုရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ မြန်မာအလုပ်သမားများ အားစတင် ခေါ်ယူလာခဲ့ကာ ဟိုတယ်သင်တန်းကျောင်းများမှ သင်တန်းဆင်းကျောင်းသားများဆိုပါက အမေရိကန်ဒေါ်လာ ၅၀၀ စတင်ပေးလေ့ ရှိပြီး ရာထူး၊ လုပ်ငန်းအတွေ့အကြုံ၊ အင်္ဂလိပ်စာကျွမ်းကျင်မှုတို့အပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၁၇၀၀ မှ ၃၀၀၀ ထိ ပေးလေ့ရှိကြောင်း သိရှိရပါသည်။

"အရင်က ယူအေအီးကပဲ အခေါ်များခဲ့တယ်လို့ သိထားတာ။ အခု အာဖရိက နိုင်ငံတချို့ကနေ ခေါ်လာတယ်။ ပြီးတော့ လခတွေကို ပိုပေးပြီး မြန်မာအမျိုးသမီးဝန်ထမ်း တွေကို ပိုခေါ်တယ်ဆိုတော့ ကိုယ့်ဘက်က ဥပဒေကြောင်းအရ လုံခြုံစိတ်ချမှုတစ်ခုယူပြီးမှ သွားသင့်ပါတယ်"ဟု ကာတာနိုင်ငံ၌ ငါးနှစ်ကြာ အလုပ်လုပ်ကိုင် နေထိုင်ခဲ့ဖူးသူမြန်မာ အမျိုးသားတစ်ဦးက ဆိုပါသည်။

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်သူ များထဲမှ အချို့မှာ အမျိုးသမီးများ ဖြစ်ပါက ၎င်းတို့နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့များအရ လုပ်ငန်းခွင်ဝင်ရောက်ချိန်၌ ၀တ်ရုံဝတ်ဆင် ကြရကြောင်းနှင့် အထူးသဖြင့် လေကြောင်းလိုင်းများ၊ ဟိုတယ်များ၌ ၀တ်ဆင်ကြရသည်ဟု သိရသည်။

အိုမန်နိုင်ငံ၌ သုံးနှစ်ကြာနေထိုင်ခဲ့ဖူးသူ မြန်မာအမျိုးသမီးတစ်ဦး က မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်၌ "ဟိုနိုင်ငံမှာ မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်မတူတာတွေ အများကြီးတွေ့ခဲ့ရတယ်။ နိုင်ငံစုံက လာတဲ့သူတွေရဲ့ ဓလေ့နဲ့အံဝင်ခွင်ကျရှိအောင် နေရတာဖြစ်သလို မြန်မာအမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာပဲ လုံခြုံစိတ်ချမှုရှိတာပါ" ဟု ပြောပြခဲ့သည်။

ယဉ်ကျေးမှု၊ ဓလေ့စရိုက် ကွာဟမှုရှိနေသည့်နိုင်ငံများ၌ နှစ်ရှည်အလုပ်လုပ်ကိုင်ရာတွင် မြန်မာအမျိုးသမီးများ အနေဖြင့် များစွာသတိထား နေထိုင်သင့်ကြောင်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ အချို့က ပြောကြားခဲ့သည်။ လက်ရှိ ဟိုတယ်လုပ်ငန်းခွင်များ၌ အလုပ်ရရှိပြီးသူများအနေဖြင့် နှစ်နှစ်မှသုံးနှစ်စာချုပ် ချုပ်ဆိုကြရကာ သတ်မှတ်နှစ်မပြည့်မီ အလုပ်ထွက်လိုပါက စာချုပ်ပါအချက်များအရ လျော်ကြေးပေးဆောင် ကြရကြောင်း သိရှိရပါသည်။

source: E11

ဆက်၍ ဖတ်ကြည့်ပါဦး ..

ထွန်းလင်းနေသော ပန်းကန်ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်း ဖြတ်သန်းသွားသည်ကို ဒဂုံ/မြောက်မှ ပြည်သူအချို့ တွေ့ရှိ


ပန်းကန်ပြားပျံ ပျံသန်းလာမှုအားစတင်တွေ့ရှိခဲ့သည့် သတ္တမတန်းကျောင်းသားနှစ်ဦးဖြစ်သော မောင်ဇော်မျိုးလွင်နှင့် မောင်ခိုင်ဇော်လင်း


နီယွန်မီးများဖြင့် ထိန်လင်းနေ သော အချင်းပေ ၈ဝ ခန့်ရှိ ပန်းကန် ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်းကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အမြင့်ပေ ၂ဝဝဝ ခန့်အကွာအဝေးရှိ ကောင်းကင်ပေါ် တွင် ဖြတ်သန်းသွားသည်ကို တွေ့ရှိ ရကြောင်း ဒဂုံ(မြောက်) ၁ဝ ရပ် ကွက်တွင် နေထိုင် သူများ နှင့် မီး သတ်ဦးစီးမှ သိရသည်။အဆိုပါယာဉ်ပျံ ပျံသန်းလာစဉ် အတွင်း စက်သံမကြားရသည့်အပြင် မီးသတ်စခန်းမှ ဓာတ်ပုံရိုက်ရာတွင် လည်း ရုပ်ပုံမပေါ်ကြောင်း သိရ သည်။ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှရရှိသော သတင်းများအရ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံ(မြောက်) မီး သတ်စခန်းအပေါ် ပေ ၂ဝဝဝ ခန့် အကွာမှနေ၍ အနောက် တောင် ဘက်မှ အရှေ့မြောက်ဘက်သို့ အချင်း ၈ဝ ပေခန့်ရှိ အမည်မသိ အဝိုင်းပုံစံယာဉ်ပျံတစ်စင်းသည် နီယွန် မီးများ ထိန်လင်းစွာဖြင့် စက္ကန့် ၂ဝ ခန့်အကြာ ဖြတ် သန်းသွားသည်ကို စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၃၅ ဦး၊ မီးသတ်စခန်း အနီး မြင်းစီးအားကစားကွင်းအတွင်း ရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်မှ ပြည်သူ ၂ဝ ဦးခန့်နှင့် လမ်းသွား လမ်းလာပြည်သူ ၂ဝ ဦးခန့် တွေ့မြင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ယာဉ်ပျံကို စတင်တွေ့ ရှိသူမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊ ၁ဝ ရပ်ကွက်ရှိ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ သတ္တမ တန်းကျောင်းသားလေးနှစ်ဦး ဖြစ် သည်။၎င်းတို့ စတင်မြင်တွေ့ခဲ့ရပုံနှင့် ပတ်သက်၍ ”အဲဒီအချိန်က မိုးရွာ ပြီး စဆိုတော့ ကောင်းကင်ကြီးက နီရဲနေတယ်။ အဲဒီအချိန်မှာ ကောင်း ကင်ထဲကနေ အဝိုင်းကြီးတစ်ခု တဖြည်းဖြည်းထွက်လာတာကို မြင်ရတော့ သားရဲ့သူ ငယ်ချင်း ကို ဟိုမှာ ဘာကြီးလဲမသိဘူး၊ ထွက် လာတယ်လို့ လှမ်းပြောလိုက်တယ်။ သားတို့ကြည့်နေရင်းနဲ့ အဲဒီဟာကြီး က တဖြည်းဖြည်း ကြီးလာပြီး ပန်းကန်ပြားပုံစံ အဝိုင်း ကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရတယ်။ သူ့ရဲ့ဘေးမှာလည်း မီးရောင်တွေ အများကြီးထွက်နေတယ်။ သားတို့ ကြည့်နေတဲ့နေရာနဲ့ နီးနီးလေး ပျံသွားတာ။ အဲဒီအချိန် သား တို့က လူကြီးတွေကိုခေါ်ပြီး ဟိုမှာ ပန်း ကန်ပြားပျံကြီးလာနေပြီလို့ သွား ပြောတော့ လူကြီးတွေလည်း လာ ကြည့်ကြတယ်။ သူ့ဆီကထွက်တဲ့ မီးရောင်တွေက အောက်မှာ ဖြာနေ တယ်။ သားတို့မြင်လိုက်ရတာက တော့ ၁၅ မိနစ်လောက် မြင်လိုက် ရတယ်။ ဒီလိုပုံစံမျိုးကို ရုပ်ရှင်ထဲမှာ ပဲ မြင်ဖူးတာပါ။ အရင်က တစ်ခါမှ မတွေ့ ဖူးဘူး” ဟု ဆိုသည်။မြောက်ဒဂုံမီးသတ်စခန်းမှ အဆိုပါ ပန်းကန်ပြားပျံဖြတ်သန်းမှု အား တွေ့ရှိခဲ့သူ မီးသတ်အရာရှိ တစ်ဦးက ”အဲဒီနေ့ညနေ ၆ နာရီ ၄၅ မိနစ် လောက်မှာ ကျွန်တော်က အိမ်ထဲမှာ ထမင်းစားဖို့ ပြင်နေတုန်း ကလေးတွေက ဘဘရေ ဒီမှာ ဘာကြီးလဲမသိဘူး၊ ကျလာနေပြီလို့ အော်ပြီးပြောတယ်။ ကလေးတွေ အော်တော့ စခန်းမှာ တာဝန်ကျတဲ့ ဒုတပ်ကြပ်တစ်ယောက်က သွား ကြည့်ပြီး ကျွန်တော့်ကို ဆရာ ဘာယာဉ်ကြီးလဲ မသိဘူး၊ ပျံနေ တယ်လို့ လာပြောတဲ့အတွက် ကျွန် တော်က လေယာဉ်ပျံ ထင်ပြီး ဘာယာဉ်ပဲ ဖြစ်ဖြစ်ပေါ့ကွာလို့ ပြန် ပြောတဲ့အခါ သူက လေယာဉ်ပျံ မဟုတ်ဘူးဆရာ။ အောက်မှာလည်း မီးတွေ တအားလင်းနေတယ်လို့ ပြောလို့ ထွက်ကြည့်တော့ အမြင့်ပေ ၁၈ဝဝ လောက်မှာ စက်ဝိုင်းပုံစံ ယာဉ်တစ်စင်း ပျံနေတာကိုတွေ့ ရတယ်။ စက်သံကိုတော့ မကြား ရဘူး။ ကျွန်တော်လည်း အိမ်ထဲက ကင်မရာကိုယူပြီး ဓာတ်ပုံရိုက်တဲ့ အခါကျတော့ ကင်မရာထဲမှာ မပေါ် ဘူး။ ကျွန်တော် အောက်က မြင် ရတာတော့ အချင်းပေ ၈ဝ လောက်ရှိပြီး ယာဉ်ရဲ့ဝမ်းဗိုက်နဲ့ အပေါ်အဆင့်မှာ ထွန်းထားတဲ့ မီးရောင်တွေကို မြင်လိုက်ရတယ်။ ကျွန်တော်မြင်ရတာတော့ စက္ကန့် ၂ဝ လောက်ပဲ မြင်ရပြီး အပေါ်ကို ပျံတက်သွားတယ်။ ဒါကြီးက ပန်းကန်ပြားပျံ ဟုတ်၊ မဟုတ်တော့ တစ်ခါမှ မမြင်ဖူးဘူး။ ဒါမျိုးဆိုတာ လည်း တစ်သက်နဲ့ တစ်ကိုယ် မြင်ရဖို့ လွယ်တာမဟုတ်ဘူးလေ။ အခုမြင်ရတဲ့ဟာကြီးကတော့ ရုပ်ရှင် ထဲက ပန်းကန်ပြားပျံပုံစံပဲ။ ဒီနား ပတ်ဝန်းကျင်မှာနေတဲ့ လူတွေ အ ကုန်လုံးလည်း မြင်လိုက် ရတယ်” ဟု ပြောသည်။ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၁ဝ ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် နေထိုင်သူတစ်ဦးက အဆိုပါ ယာဉ် ပျံသည် တဖြည်းဖြည်းလည်ပြီးလာ သည်ကို တွေ့ရကြောင်း၊ မီးရောင် ကဲ့သို့ အလင်းရောင်ဖြာထွက်နေပြီး ယာဉ်ပုံစံမှာ နှစ်ဆင့်ဟုထင်ကြောင်း၊ နှစ်ဆင့်စလုံး မီးလင်းနေကြောင်း၊ ယင်းယာဉ်ပျံကိုတွေ့ပြီးပြီးချင်း အိမ် ထဲဝင်၍ ကင်မရာယူကာ ရိုက်သော် လည်း အနည်း ငယ်လှမ်းသွားပြီ ဖြစ်၍ ပုံမပေါ်တော့ကြောင်း၊ အဆိုပါ ယာဉ်ပျံ၏ အရွယ်အစားနှင့် ပုံစံကိုမူ မမှန်းတတ်ကြောင်း၊ ၄င်းယာဉ် သည် လက်ယာရစ် ဖြည်းဖြည်းချင်းလည် လာပြီးနောက် ပျံတက်သွားကြောင်း ပြောသည်။မြင်းစီး အားကစားကွင်း အတွင်းနေထိုင်သူတစ်ဦးက ”ကျွန် တော်က အိမ်ထဲမှာရှိနေတုန်း အသက် ၇ နှစ်အရွယ် ကျွန်တော့် သားလေးက ဖေဖေ ဒီမှာ ပန်းကန် ပြားပျံကြီးလာနေပြီ၊ လာကြည့်လို့ ပြောပြီး လက်ကို အတင်းဆွဲခေါ် တယ်။ အဲဒီအချိန် ဘေးပတ်ဝန်း ကျင်မှာလည်း ပန်းကန်ပြားပျံကြီးလို့ အော်နေကြတော့ နောက်နေကြ တယ်လို့ပဲ ထင်နေတာ။ သွားကြည့် တော့မှပဲ တကယ်ဖြစ်နေတယ်။ သူက ပန်းကန်ပြား ၂ ချပ်အုပ်ထား တဲ့ စက်ဝိုင်းပုံစံပဲ။ ယာဉ်ရဲ့အမြင့်က ၈ ပေ၊ ၉ ပေလောက်ရှိပြီး သူ့ရဲ့ အချင်းက လယ်ကွက်တစ်ခုစာ လောက်ရှိတယ်။ ဘေးမှာလည်း မီးတွေ ထိန်လင်းနေတယ်။ သူ စလာတော့ စောင်းလည်ပြီး နိမ့်နိမ့် လေးပျံလာရာကနေ အပေါ် ပေ ၁၅ဝဝ လောက်ရောက်တဲ့အခါကျ တော့ ပြန်တည့်သွားတယ်။ ယာဉ်ရဲ့အထဲကိုလည်း မီးတွေထွန်း ထားတဲ့အတွက် တစ်မိနစ်အကျော် ကျော်လောက်မြင်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လျှပ်စစ်မီးတွေ ပြတ်တာမျိုးတော့ မဖြစ်ဘူး”ဟု ဆိုသည်။မြန်မာက ပန်း ကန်ပြားပျံဟု ခေါ်ပြီး သိပ္ပံလောကတွင် အမျိုး အမည်မသိ ပျံသန်းနေသောယာဉ် UFO (Undefined Flying Object) ကို သိပ္ပံပညာရှင်များက အမှန်တကယ်ရှိ သည်ဟု လက်ခံ ထားသော်လည်း အဆိုပါယာဉ်ပျံကို အလုံးအထည်အလိုက် ဖမ်းဆီးရမိ ခြင်း မရှိသေးချေ။ UFO ကို ကမ္ဘာ အနှံ့အပြား၌ တွေ့ရှိခဲ့ဖူးသည့် အထောက်အထားများရှိသည်ဟု အင်တာနက်သတင်းများအရ သိရ သည်။

source: ပေါ်ပြူလာ

ဆက်၍ ဖတ်ကြည့်ပါဦး ..

Related Posts Plugin for WordPress, Blogger...