Saturday, December 31, 2011

ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြုခဲ့သော စင်ကာပူနိုင်ငံ ပင်နီစူလာပလာဇာရှိ ဟွန်ဒီငွေလဲဈေးကွက် ပြိုလဲမှု

စင်္ကာပူနိုင်ငံတွင်မကြာခင်က ဖြစ်ပွားခဲ့သော ပင်နီစူလာပလာဇာရှိ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်ဆိုသူက ဟွန်ဒီ ငွေလွှဲရေးလုပ်ငန်းများ၏ ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြု လိမ်လည်သွားသောဖြစ်ရပ်ကြောင့် ငွေကြေးဈေးကွက်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း၊ အလားတူဟွန် ဒီလုပ်ငန်းများကို မှီခိုနေကြသော ငွေလွှဲသူများအပေါ်တွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ စင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော ရွှေရတနာ ငွေလွှဲလုပ်ငန်း ဦးစီးလုပ်ကိုင်သူ ဒေါ်တင်တင်မြင့်နှင့် အဖွဲ့သည် လက်ခံရရှိသည့် ငွေလွှဲရန်ဒေါ်လာများကို ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ဘဏ်တွင် စတိသာအသွင်းပြခဲ့ပြီး တနင်္လာ၊ အင်္ဂါနေ့များတွင် ထပ်မံဝင် ရောက်လာသောငွေများကို စုစည်းကာ အစဖျောက်ခဲ့ကြောင်း၊ အင်္ဂါနေ့တွင်မူ ခန့်မှန်းခြေဒေါ်လာ သန်း ၄၀ ခန့်ဖြင့် အင်္ဂလန်သို့ လိမ်လည် တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။ ထိုအမျိုးသမီး ထွက်ပြေးတိမ်းရှောင်သွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျက်နှင့်ပင် ပင်နီစူလာဆိုင်များမှ ငွေများကို လက်ခံယူပြီး လက်ကျန်ဒေါ်လာ နှစ်သန်းကိုပါ အစဖျောက် လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

''အခုစင်္ကာပူမှာဖြစ်သွားတဲ့ကိစ္စက မြန်မာပြည် ပြည်တွင်း ငွေကြေးဈေးကွက်ပေါ်မှာ အများကြီး သက်ရောက်ပါတယ်။ အခု ပင်နီစူလာပလာဇာက ဟွန်ဒီငွေလွှဲတဲ့ လုပ်ငန်းအသေးလေး နှစ်ခုလောက်ပဲရှိတော့တယ်လို့ သိရတယ်။ လိမ်တဲ့အမျိုးသမီးနာမည်က ဒေါ်တင်တင်မြင့်။ အခုတဖြည်းဖြည်းနဲ့ ပမာဏက များလာတယ်။ နောက်ဆုံးရရှိထားတဲ့ သတင်းအရဆိုရင် စင်္ကာပူဒေါ်လာ သန်း ၄၀-၆၀ ကျော်လောက်လို့ သိရတယ်။ တစ်ယောက်ထဲ သန်း ၂၀၊ ၃၀ ပါသွားတဲ့လူလည်း ရှိတယ်။ ပထမပိုင်းတော့ ယုံအောင်လုပ်ထားတယ်။ ဈေးတောင် လျော့ပေးထားတယ်။ အခုက တစ်ဆင့်လွှဲတဲ့သူတွေဆီကပါ ပြန်ယူသွားတာပါ'' ဟု စင်္ကာပူမှပြန် လာသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

ဘာမင်ဂမ်ရှိ ဒေါက်တာသန်းသန်းမြင့်၏ နေအိမ်

''အခု လိမ်လည်သွားတဲ့ ဒေါ်တင်တင်မြင့်ရဲ့ သမီး Stephine က လန်ဒန်မှာရှိတဲ့ Queen Marry University မှာ တက်ရောက်နေတာပါ။ သူ့ယောကျာ်းကတော့ စင်ကာပူမှာ ရှိပါတယ်။ စင်ကာပူမှာရှိတဲ့ ရွှေရတနာဆိုင်မှာ ဟန်မပျက် ဆက်နေနေတယ်။ သူ့မိန်းမစီးပွားရေးကို မသိပါဘူးလို့လဲ ငြင်းထားတယ်။ ၂၀ ရက်နေ့ နံနက် ၁၂ နာရီနောက်ပိုင်းလောက်ကနေပြီးတော့ ညနေ ၄ နာရီအချိန်လောက်မှာ သူကရုံးခန်းကိုဆင်းလာပြီး သူနဲ့လည်း လုံးဝအဆက်အသွယ်မရဘူးလို့ ပြောပါတယ်။ ၂၁ ရက်နေ့မှာလည်း အများဆုံး ပါသွားတဲ့သူက ငိုယိုပြီးပြောလို့ သူ့ညီမ(ဒေါ်တင်တင်မြင့် ညီမ)က ဖုန်းအဆက်သွယ်ရပါတယ်။ သူ့ဆီ သူ့အစ်မပြန်ဆက်ရင် ဆက်ဆက်ပြော ပေးပါမယ်လို့ ပြောပါတယ်။ ၂၂ ရက်နေ့ကိုရောက်လာတဲ့အခါ လူပျောက်ကြော်ငြာဖို့ စလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ M.A.S (Monetary Authority of Singapore)က ပင်နီစူလာမှာ စစ်ဆေးတယ်ဆိုတဲ့သတင်းကြောင့် ကိုပြည့်ဖြိုး(Loi Heing) ကလည်း လုံးဝပျောက်သွားတယ်။ ကိုပြည့်ဖြိုးတို့လင်မယားက ဟောင်ကောင်ကိုသွားပြီး တရုတ်က ငွေပို့ပေးနေတဲ့ ကုန်သည်တွေနဲ့တွေ့ဖို့ လက်မှတ်ဝယ်ထားပြီးပြီ ဗီဇာ လျောက်ထားပြီးပြီလို့ သိရတယ်။ ဒီကိစ္စမှာ မန္တလေးကနာမည်ကြီး ရွှေဆိုင်တစ်ခုကလည်း ပါဝင်ပတ်သက်နေတယ်။ သူတို့က ဒေါ်တင်တင်မြင့်ဆီက ကျပ်ငွေတွေ အားလုံးယူထားလိုက်ပြီး ကိုပြည့်ဖြိုးနဲ့ ပူးပေါင်းဖို့လို့ သိရတယ်။ အဲဒီအချိန်မှာ ငွေတွေကျပ်သွားပြီး ချက်ချင်းအလုပ် ဆက်မလည်ပတ်နိုင်တော့ပဲ ငွေကြေးဈေးကွက်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တာပါ။ နောက်ပိုင်းသိရတာတွေ ပေါ် အခြေခံပြီးသူ (ဒေါ်တင်တင်မြင့်) ရှိမယ့် ဘာမင်ဂမ်ကို လိုက်သွား ခဲ့ပါတယ်''ဟု ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသော ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူတစ်ဦးက ပြောပြပါသည်။

ဒေါ်တင်တင်မြင့်ညီမ ဒေါက်တာသန်းသန်းမြင့်၏ အမျိုးသား Dr.Zaki သည် အီဂျစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသည့် ဘာမင်ဂမ်ရှိ နေအိမ်သို့ လိုက်သွားခဲ့သော်လည်း ရှောင်နေ၍ မတွေ့ခဲ့ ရကြောင်းလည်း သိရသည်။

'' အဲဒီအိမ်ကိုရောက်ခဲ့ပေမယ့် ရှာဖွေဖို့ အခွင့်အရေးမရှိလို့ ရဲစခန်းကိုပဲ တိုင်ကြားခဲ့ပါတယ်။ ရဲများကလည်း ချက်ချင်းတိုင်ချက်ဖွင့်ပြီး ဖုန်းဆက်ရှာပေးခဲ့ပါတယ်။ ဖုန်းတွေ လုံးဝမကိုင်လို့ message တွေ ချန်ထားခဲ့ကြောင်းနဲ့ အဲဒီအိမ်နားမှာ ရဲကားတွေ လှည့်လည်စစ်ဆေးပေးမယ်လို့ ရဲတွေက ပြောခဲ့ပါတယ်''ဟု ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူက ဆက်လက်ပြောပြခဲ့ပါသည်။

ယင်းဖြစ်ရပ်များသည် မကြာမီက ထုတ်ပြန်ကြေငြာခဲ့သော ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ်အစိုးရမှ အခွန်ကောက်ခံမှုအား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ် ခွင့်ပြုလိုက်ကြောင်းနှင့် ငွေပို့ငွေလွှဲလုပ်ဆောင်ခြင်းများကို ပြည်တွင်းရှိ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ကို တရားဝင်ခွင့်ပြုခဲ့ပြီး မရှေးမနှောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

''အချို့ကိစ္စတွေက တရားမ၀င်တို့၊ တရားဝင်တို့ဆိုတာ မျဉ်းပါးပါးလေးပါပဲ။ စင်ကာပူက ဟွန်ဒီလုပ်ငန်း ဘာလို့လိုအပ်နေဆဲဆိုတာလဲ အားလုံးသိပြီးသားပါ။ ကျွန်တော်တို့နိုင်ငံက Sanction ရှိထားတဲ့အတွက် သွင်းကုန် ထုတ်ကုန်လုပ်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်မယ့်လူတွေက စင်ကာပူမှာ LC ဖွင့်ဖို့ လုပ်ရတယ်။ ဒီလိုလုပ်မှ ရမှာလေ။ အခု ငွေကြေးလိမ်လည်မှုကြောင့် နစ်နာဆုံးရှုံးရသလို စီးပွားရေးလုပ်သူ အချင်းချင်းကြား ယုံကြည်မှုတွေ ပါ ပျောက်ဆုံးရင် စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်သွားမှာပါ။ ဒီလိုကိစ္စမျိုးကို ထိထိရောက်ရောက် ကိုင်တွယ်သွားစေချင်တယ်''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

''အခုတလော ယုံကြည်မှုကို အလွဲသုံးစားလုပ်လိမ်လည်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။ ပဲကိစ္စ၊ မှန်ချိုဆေးတိုက်ပိုင်ရှင်က သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခံထားရသူက လိမ်သွားတဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ အခုပင်နီစူလာကိစ္စတွေက ပေါ့လို့မရဘူး။ လုပ်လို့ရမှန်းသိရင် ဒါမျိုးတွေ ခဏခဏဖြစ်နေရင် ယုံကြည်မှုပျက်ပြားပြီး စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်နိုင်တယ်။ ပင်နီစူလာကလိမ်လည်မှုက စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ နိုင်ငံပိုင်ငွေတချို့ ပါနေတယ်လို့ ပြောနေကြတာ ကြားတယ်။ အလုပ်လာလုပ်တဲ့ လူတွေရဲ့ ချွေးနည်းစာတွေ ပါနေတယ်လို့သိရတာ စိတ်မကောင်းစရာပါ''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

မြန်မာပြည်မှ အလိမ်ခံရသောသူများ တရားစွဲရေးအတွက် မည်သို့လုပ်ရမည်ကို မသိရှိသေးကြောင်း၊ ယင်းကဲ့သို့ ဟွန်ဒီဖြင့် ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျရယူပြီး အစိုးရ အမှု၊ တရားမမှု၊ ရာဇ၀တ်မှုတစ်ခုခု ဖြစ်ရန် ခဲယဉ်းသည်ဟု ယူဆနေသည့်အပိုင်းများလည်း ရှိကြောင်း၊ အဆိုပါငွေလိမ်သွားသူ ဒေါ်တင်တင်မြင့်မှာ စင်္ကာပူနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး တရုတ်ပတ်စ်ပို့တစ်ခုကို တရားမ၀င် ကိုင်ဆောင်ထားကြောင်း သိရှိရသည်။

ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေသည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဝင် နိုင်ငံ(သို့) ဒေသဆိုင်ရာ သဘောတူ စာချုပ်ဝင်နိုင်ငံနှင့်ဖြစ်စေ၊ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံနှင့်ဖြစ်စေ၊ အဆိုပါ ကွန်ဗင်းရှင်းဝင်နိုင်ငံ ဒေသဆိုင်ရာ သဘောတူစာချုပ်ဝင်နိုင်ငံ(သို့) နှစ်နိုင်ငံသဘောတူစာချုပ်ဝင် နိုင်ငံမဟုတ် သော်လည်း အပြန်အလှန် အကူအညီပေးရန် စည်းကမ်းချက်ဖြင့် သဘောတူသည့် နိုင်ငံနှင့်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် စုံစမ်းထောက်လှမ်းခြင်း တရားစွဲဆိုခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ခြင်း တစ်ရပ်ရပ်ကို အကူ အညီပေးခြင်းနှင့် သက်ဆိုင်စေရမည်ဟု ယင်းဥပဒေ၏ ပုဒ်မ(၂)တွင် ပြဌာန်းထားပါသည်။

ထို့အပြင် အစိုးရအဖွဲ့သည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးအတွက် ဗဟိုအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းထားရမည်ဖြစ်ပြီး ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဥပဒေတွင် သတ်မှတ်ထားပြီးဖြစ် ကြောင်း သိရသည်။

ပြည်တွင်းတွင် ဖြစ်ပွားခဲ့သော ငွေကြေးလိမ်လည်မှုများကို ဖော်ထုတ်ရရှိနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် နိုင်ငံပြင်ပတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားများ၏ ယခုကဲ့သို့ ဖြစ်စဉ်မျိုးအတွက် အချက်အလက် အထောက်အထားများဖြင့် ပြည်တွင်းတွင် ပြန်လည်တိုင်ချက်ဖွင့်ပါက လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ထပ်မံသိရှိရသော သတင်းများအရ ယခုအခါစင်ကာပူမှ အင်္ဂလန်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒေါ်တင်တင်မြင့်အား ဖမ်းဆီးရမိရေး အမှုမှန်ပေါ်ပေါက်ရေးအတွက် စင်ကာပူရဲနှင့် အင်္ဂလန်ရဲတို့ ပူးပေါင်းလုပ်ဆောင် နေကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်က အဓိက လိမ်လည်သွားသူဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှုကြောင့် လွှဲငွေလက်ခံပြီး ရွှေရတနာဆိုင်သို့ လွှဲကြရသော ကျန်ငွေလွှဲလုပ်ငန်းများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

"ဒီကိစ္စကြောင့် စင်ကာပူကနေ မဖြစ်မနေလုပ်ရမယ့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ အများကြီး ထိခိုက်ကုန်ပြီ။ စင်ကာပူမှာ ကုမ္ပဏီဖွင့်ပြီး မလုပ်ရဲအောင်ဖြစ်နေပြီ။ ဒီကိစ္စကို မြန်မြန်ဖြေရှင်းပေးဖို့ အစိုးရက အာမခံချက်ပေပြီး စုံစမ်းရင် အမှန်ပြောမယ့်သူတွေ ရှိပါတယ်" ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။

ယခုအခါ သီရိမွန် ငွေလွှဲလုပ်ငန်းမှ ဒေါ်နန်းခင်ခင်ထားက တိုင်ချက်ဖွင့်ထားသောကြောင့် စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။

'ဒီအခြေအနေမျိုးမှာ Sanctionက တစ်နှစ်ကျော်လောက် ရှိဦးမှာဆိုတော့ စင်ကာပူ ကုမ္ပဏီတွေက တစ်ဆင့်လည်း သွားရဦးမှာ။ အဲဒီတော့ ဒီအလုပ်က တရားမ၀င်ဘူးပဲ ပြောပြော၊ တရားဝင်တယ်ပဲ ပြောပြော ဆက်ရှိ ဦးမှာပါ။ ဒီတော့ မြန်မာ နိုင်ငံတွင်းက သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ ရှင်သန်အောင် ပုံမှန်လည်ပတ်နိုင်အောင် မြန်မာအစိုးရ တာဝန်ရှိအဖွဲ့အစည်းတွေရယ်၊ ကုမ္ပဏီတွေရယ် ပူးပေါင်းအဖြေရှာဖို့ လိုပါတယ်။ အဲဒီအဓိက လိမ်လည်သူ အမျိုးသမီးတွေကို ရအောင်ရှာဖွေ ဖမ်းဆီးပြီး ကျန်တဲ့တစ်ဆင့်ခံ ကုမ္ပဏီ၊ ဆိုင်ရှင်တွေရယ်ကို ရင်ဆိုင်ဖြေရှင်းသင့်တယ်။ လိမ်လည်သွားတဲ့ သူတွေ၊ လူသတ်တရားခံတွေ၊ နိုင်ငံခြားထွက်ပြေးတိုင်း လွတ်နေ တယ်ဆိုတာ မဖြစ်သင့်ဘူး။ မရရအောင် ဖမ်းသင့်တယ်။ ဒီမှာ သူတို့ရဲ့ အဆက်အသွယ်တွေ၊ ဆွေမျိုးမိဘတွေ ကျန်နေတာပဲ''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။
http://www.first-11.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

Friday, December 30, 2011

ပရီးမီးယား ရာသီတဝက် သုံးသပ်ချက်

ပရီးမီးယားလိဂ် ရာသီတဝက်အတွက် အင်္ဂလန်အသင်းနဲ့ လိဒ်စ်အသင်း နည်းပြဟောင်း တယ်ရီဗာနေဗယ်ရဲ့ သုံးသပ်ချက်ပါ။

မန်ချက်စတာစီးတီး
မနှစ်တုန်းက အက်ဖ်အေဖလားမှာဗိုလ်စွဲပြီး ပရီးမီးယားလိဂ်မှာ တတိယနေရာရခဲ့လို့ မန်စီးတီးဟာ ထိပ်သီးအဆင့်တခုကို ရောက်လာခဲ့ပါတယ်။ မနှစ်က မန်စီးတီးအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ကားလို့စ် တိဗက်စ် မရှိတော့ပေမယ့် အဂူရိုနဲ့ ဆေးဗားတို့ရဲ့ ခြေစွမ်းပြမှုတွေက မန်စီးတီးရဲ့ ကောင်းမွန်တဲ့ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်စီးတီးအသင်းဟာ အခုဆိုရင် အင်အားကြီးမားတဲ့ အစုအဖွဲ့ တခုဖြစ်နေပါပြီ။ နိုင်ပွဲတွေ ဆက်နေတာကြောင့် နည်းပြ ရောဘတ်တိုမန်စီနီအတွက်လည်း ကစားသမားတွေ လက်လွှတ်ဆုံးရှုံးရဖို့ စိတ်ပူစရာမလိုပါဘူး။

မေလမှာ ပရီးမီးယားလိဂ်အတွက် အောင်ပွဲခံချင်ရင်တော့ အသင်းရဲ့ ဟန်ချက် မပျက်သွားဖို့လိုပါတယ်။

မန်ချက်စတာယူနိုက်တက်
ဒဏ်ရာရကစားသမားတွေ အများအပြားရှိနေပေမယ့် မန်ချက်စတာယူနိုက်တက်က ချန်ပီယံဖြစ်ဖို့အတွက် အရှုံးမပေးဘဲ တိုက်ပွဲဝင်နေပါတယ်။ တကယ်လို့ မန်စီးတီးသာ ခြေချော်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မန်ယူအသင်းအတွက် ဖြစ်သွားမှာပါ။

ပြီးခဲ့တဲ့ ပွဲစဉ်တွေက မန်ယူရဲ့ ဂိုးပြတ်အနိုင်တွေဟာ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဘက်တွေ ကြောက်လန့်နေခဲ့တဲ့ ကျည်ဆံတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အသစ်ရောက်လာတဲ့ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်၊ ဒီဂီအာ တို့ဟာ မန်ယူအသင်းနဲ့ အံဝင်လာနေပြီး ခြေစွမ်းပြကစားနေသူတွေ ဖြစ်လာနေပါပြီ။ မန်ယူရဲ့ အဓိက ကစားသမား ဝိန်းရွန်နီကလည်း သူ့ရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပြသနေတာကြောင့် အခုဆိုရင် မန်ယူအသင်းဟာ မန်စီးတီးနဲ့ အမှတ်တူ အနေအထားကို ရောက်ရှိနေပါပြီ။

တော့တင်ဟမ်ဟော့စပါး
ဟယ်ရီရက်နပ် အသင်းကတော့ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာမြို့သားတွေလက်ထဲ မရောက်အောင် တားဆီးမယ့် တခုတည်းသော အသင်းဖြစ်နေပါတယ်။ အခုဆိုရင် စပါးအသင်းရဲ့ အလယ်တန်း လူစာရင်းဟာ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ အတောင့်တင်းဆုံးအသင်းထဲက တသင်းဖြစ်နေပါပြီ။ စိုးရိမ်ရတာတခုက စပါးအသင်းဟာ အတွေ့အကြုံနည်းပါးတာပါပဲ။ မန်ယူအသင်းရဲ့ အတွေ့အကြုံ၊ မန်စီးတီးရဲ့ ငွေကြေး စတာတွေကို မယှဉ်နိုင်တာကြောင့် လန်ဒန်သားတွေဟာ ဒီနှစ်သင်းကို ကြာကြာယှဉ်နိုင်မယ်လို့ မထင်ပါဘူး။

၁၉၉၅ နောက်ပိုင်း မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အထက် တတိယနေရာမှာ ရှိနေတာက ဟယ်ရီရက်နပ်ရဲ့ အသင်းအတွက် ကျေနပ်စရာ ရလဒ်တခုပါ။

အဓိကပြောချင်တာကတော့ စပါးအသင်းရဲ့ ဥက္ကဋ္ဌ လီဗိုင်းရဲ့ စွမ်းဆောင်ရည်တွေပါ။ သူဟာ ချဲလ်ဆီးအသင်းရဲ့ မြောက်မြားစွာသောငွေကြေးနဲ့ ကွင်းလယ်လူ မိုဒရစ် အပေါ်ကမ်းလှမ်းလာမှုကို ရဲရဲရင့်ရင့်နဲ့ ပယ်ချခဲ့သူပါ။

အာဆင်နယ်
အာဆင်နယ်ရဲ့ အခုရာသီအဖွင့်ကတော့ မလှပခဲ့ပါဘူး။ မန်ယူအသင်းကို ၈-၂ နဲ့ ဂိုးပြတ်ရှုံး၊ ဘလက်ဘန်းအသင်း ကို ၄-၃ နဲ့ ရှုံးခဲ့ပြီး တန်းဆင်းဇုံထဲမှာ တဝဲလည်လည် ရှိနေခဲ့တာပါ။

ဒါပေမယ့် နောက်ဆုံး ၁၂ ပွဲမှာ ၂ ပွဲပဲ ရှုံးနိမ့်ခဲ့တဲ့ အာဆင်ဝင်းဂါးရဲ့ အသင်းကတော့ အခုဆိုရင် ဇယား ထိပ်ပိုင်းနားကို ပြန်တက်လာပါပြီ။ သူတို့ဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံး ၁၆ သင်းအဆင့်ကို ရောက်နေပြီး အီတလီထိပ်သီး အေစီမီလန်နဲ့ တွေ့ဆုံနေပါတယ်။

လောလောဆယ် ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာအတွက် ချဲလ်ဆီး၊ လီဗာပူးလ် စတဲ့ မဟာပြိုင်ဘက်တွေနဲ့ ယှဉ်နေရပါတယ်။

ဒီအခြေအနေက သူတို့အတွက် ခက်ခဲနိုင်ပေမယ့် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို ထိန်းထားနိုင်ရင်တော့ သူတို့ ကျော်ဖြတ်နိုင်မှာပါ။

ချဲလ်ဆီး
စတမ်းဖို့ဘရစ်ဂ်ျမှာတော့ ကလပ်အသင်းအတွက်ရော မန်နေဂျာအတွက်ပါ အကူးအပြောင်းအချိန်တွေကို ရင်ဆိုင်နေရပါတယ်။ အတွေ့အကြုံနုနယ်တဲ့ နည်းပြသစ် အန်ဒရေးဗီလာဘိုအားစ် အတွက် ထိုင်ခုံလှုပ်နေချိန်လို့ ပြောလို့ရပါတယ်။

အသင်းရဲ့ အမာခံကစားသမားတွေဖြစ်တဲ့ အနယ်ကာကို ရောင်းထုတ်၊ ဒရော့ဘာ ကလည်း ထွက်ဖို့ပြင်နေပြီး ဖရန့်လမ်းပတ်ကတော့ အရံခုံမှာ အချိန်ဖြုန်းနေရတာ များနေပါတယ်။

ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားတဲ့ တိုက်စစ်မှူး တောရက်စ် ခြေစွမ်းပျောက်ဆုံးနေပေမယ့် ရာမီရက်စ်၊ မီရာလက်စ်၊ မာတာနဲ့ စတားရစ်ခ်ျတို့ ခြေစွမ်းပြနေတာကြောင့် အဆင့် ၄ နေရာအတွက် ယှဉ်ပြိုင်နေတဲ့အဆင့်ကို ရောက်နေတာပါ။

လီဗာပူးလ်
ကင်နီဒဲဂလစ်ရှ် လက်ထက်မှာ ကြိုးကြာနီတွေဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။ လီဗာပူးလ်ရဲ့ အရင်ပိုင်ရှင်တွေဖြစ်တဲ့ တွမ်ဟစ်နဲ့ ဂျီးလတ် လက်ထက်မှာတော့ လီဗာပူးလ်အသင်းဟာ ကမောက်ကမ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ လီဗာပူးလ် ပရီးမီးယားလိဂ်အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်ဖို့ ကြိုးစားနေပါတယ်။ ဆန်းဒါးလန်း၊ နောဝှစ်ခ်ျ၊ ဆွမ်းဆီးတို့ကို အိမ်ကွင်းမှာ အနိုင်မကစားနိုင်ခဲ့တာက အဟန့်အတားဖြစ်နေပါတယ်။

အဓိကတိုက်စစ်မှူး လူးဝစ်ဆွာရက်စ် ပွဲပယ်ခံရမယ့် အခြေအနေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် ဒဲဂလစ်ရှ် အတွက် နှစ်သစ်က ခက်ခဲလွန်းနေပါတယ်။

စတုတ်ခ်စီးတီး
နာမည်ကြီးကစားသမား တယောက်မှမရှိတဲ့ အသင်းငယ်လေးကို နည်းပြ တိုနီပူးလစ်က ဒီအဆင့်ထိ ရောက်လာအောင် ဆွဲတင်နိုင်ခဲ့ပါတယ်။ မနှစ်က ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၃ ရခဲ့ပြီး အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲအထိ တက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ယူရိုပါလိဂ် ရှုံးထွက်အဆင့်အထိ ရောက်နေပြီး ကစားသမားတွေဟာလည်း ပြိုင်ပွဲအတွေ့အကြုံကောင်းတွေ ရနေပြီး စိတ်ဓာတ် တက်ကြွနေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း လူလေးစားခံရတဲ့ အဆင့်အတန်းတခုကို ထိန်းထားနိုင်ပါတယ်။

ခုသူတို့ ရပ်တည်နေတဲ့ အဆင့် ၈ နေရာဟာ ဆိုရင် ၁၉၇၄ ခုနှစ် နောက်ပိုင်း အကောင်းဆုံးရရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

အဲဗာတန်
ဒေးဗစ်မိုရက်စ် ဘယ်လိုလုပ်နေတာလဲလို့ မေးခွန်းထုတ်ရမှာပါ။ ပိုက်ဆံလည်း မသုံးဘဲ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ယှဉ်ပြိုင်နေနိုင်အောင် သူဘယ်လို စီမံခန့်ခွဲနေတာလဲ။ ကွင်းလယ်ဖန်တီးရှင် မီခေး အာတီတာကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့ပေမယ့် မိုရက်စ်ဟာ အဲဗာတန်အသင်းကို ဒီခရစ္စမတ်မှာ အဆင့် ၁၁ နေရာရောက်အောင် ထိန်းထားနိုင်ပါတယ်။ နောက်လအပြောင်းအရွှေ့ရာသီမှာ သူတို့အသင်းရဲ့ ခြေစွမ်းပြ ကစားသမားတွေကို ထိန်းထားနိုင်ရင် အခုထက်ပိုမြင့်တဲ့ အဆင့်တခုမှာ သူတို့ရပ်တည်နိုင်မှာပါ။

တကယ်လို့ ကစားသမားတယောက်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့မယ်ဆိုရင်တောင်မှ မိုရက်စ်ဟာ မျက်လှည့်ဆရာတွေအတိုင်း ဦးထုပ်ထဲက နောက်ထပ် ယုန်တကောင်ကို ဆွဲထုတ်ပြဦးမှာပါ။

နယူးကာဆယ်
တကယ်လို့ ကျနော်တို့ဟာ ပရီးမီးယားလိဂ် ရာသီဝက်မှာ အကောင်းဆုံးနည်းပြကို ရွေးချယ်ရမယ်ဆိုရင် ငှက်ကျားတွေရဲ့ နည်းပြ အလန်ပါဂျူးကို လက်ညှိုးထိုးပြရမှာပါ။

လူအများခန့်မှန်းထားသလို တန်းဆင်းဇုံတဝိုက်မှာ တဝဲလည်လည်နေမယ့်အစား ဇယားထိပ်ပိုင်းမှာ ရောက်နေခြင်းက လူတိုင်းကို အံ့သြစေခဲ့တာပါ။ ပါဂျူးရဲ့အသင်းဟာ ကစားကွက်ကောင်းကောင်းနဲ့ အင်မတန်ကောင်းမွန်တဲ့ သူတို့ရဲ့ အိမ်ကွင်းရလဒ်ဟာ တခြားအသင်းတွေအတွက် ခက်ခဲတဲ့ နေရာဖြစ်နေပါတယ်။ ရာသီပြီးဆုံးချိန်မှာ အဆင့်ကောင်းဖို့အတွက်ကတော့ သူတို့ရဲ့ ဗျူဟာကောင်းတွေကို ဆက်လက်ထိန်းထားနိုင်ရပါမယ်။ ဒါပေမယ့် ဒဏ်ရာရသူတွေ ရှိခဲ့ရင်တော့ သူတို့အတွက် မလွယ်ကူနိုင်ပါဘူး။

ဝက်စ်ဘရွန်းဝှစ် အယ်ဘီရွန်
နည်းပြရွိုင်ဟော့ဒ်ဆန်က နည်းပြကောင်းတယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အသင်းရဲ့ ရလဒ်ကောင်းမွန်မှုတွေကို ပြသနေပါတယ်။

ပြီးခဲ့တဲ့ရာသီက တန်းဆင်းရမယ့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ သူတို့ရဲ့ အရှိန်နဲ့ တိုးတက်လာမှုတွေကို ပြိုင်ဘက်အသင်းတွေ သတိထားရမှာပါ။ အရှုံး၊ အနိုင် မျှတမှုတွေကြားမှာ သူတို့ဟာ အခုဆိုရင် အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။ ဒီလို ရလဒ်ကောင်းမွန်မှုကို ထိန်းထားနိုင်ခဲ့ရင်တော့ ဟော့ဒ်ဆန်ဟာ ဝက်စ်ဘရွန်းကို အဆင့် ၁၀ တွင်းရောက်အောင် စွမ်းဆောင်နိုင်မှာပါ။

ဆန်းဒါးလန်း
နည်းပြဟောင်း စတိဗရုစ် လက်ထက် ရလဒ်ဆိုးဝါးခဲ့မှုတွေကို ချေဖျက်ပြီး နည်းပြသစ် မာတင်အိုနေးလ်ရဲ့ စွမ်းဆောင်မှုတွေနဲ့အတူဆန်းဒါးလန်းရဲ့ ပြန်လည်နိုးထမှုတွေကို မြင်တွေ့နေရပါတယ်။ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲအနိုင်ရခဲ့ပြီး ဇယားထိပ်ကို တက်လှမ်းဖို့ တာစူနေပါပြီ။ ဒါပေမယ့် ၂၀၁၁ ခုနှစ် အိမ်ကွင်းမှာ ကန်တဲ့ပွဲတွေမှာ လေးပွဲပဲ အနိုင်ရခဲ့တာကို အိုနေးလ် အနေနဲ့အမြန်ဆုံး ပြင်ဆင်ဖို့ လိုနေပါတယ်။

ဘလက်ဘန်း၊ ကျူပီအာရ် တို့နဲ့ကန်တဲ့ ပွဲစဉ်တွေကလို ပွဲပြီးခါနီးမှာ အနိုင်ယူတတ်တဲ့ ရလဒ်တွေကို ထိန်းထားနိုင်မယ်ဆိုရင်တော့ ဆန်းဒါးလန်းအတွက် အိုကေတယ်လို့ ပြောရမှာပါ။

အက်စတွန်ဗီလာ
မြို့ခံပြိုင်ဘက် ဘာမင်ဂမ်အသင်းကနေ ပြောင်းလာတဲ့ နည်းပြ အဲလက်စ်မက်လစ်ရှ် အတွက်ကတော့ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နေရဆဲပါ။ အသင်းက အားထားရတဲ့ ဒေါင်းနင်း၊ အက်ရှ်လေယန်း၊ ဖရီဒယ်တို့ ထွက်ခွာ သွားမှုက အသင်းကို အများကြီး အားနည်းသွားစေခဲ့ပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာ ၈ မှတ်ပဲ ရခဲ့တာက တန်းဆင်းရမယ့် အနံ့ထွက်နေပါတယ်။

ဒါပေမယ့် တဖက်မှာဆိုရင် တိုက်စစ်မှူး ဒါရင်းဘန့်ရဲ့ ဂိုးမြူးနေမှုနဲ့ ပြစ်ဒဏ်ဘောတွေမှာ သူတို့နောက်တန်းရဲ့ ဖျက်ထုတ်နိုင်မှုတွေက သူတို့အတွက် မျှော်လင့်ချက် အငွေ့အသက်တွေပါ။

ဆွမ်းဆီးစီးတီး
ဆွမ်းဆီးရဲ့ လေဘာတီကွင်းက တခြား ပရီးမီးယားလိဂ် အသင်းတွေအတွက်
မသွားသင့်တဲ့ နေရာတခု ဖြစ်နေပါတယ်။

သူတို့ဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ အဝေးကွင်းပွဲစဉ် တပွဲမှ အနိုင်မရထားပေမယ့် အိမ်ကွင်းရလဒ်ကတော့ ကောင်းမွန်နေပါတယ်။ နည်းပြ ဘရန်ဒန်ရော်ဂျာအတွက် အဓိက စိုးရိမ်ရမှာကတော့ တိုက်စစ်ပိုင်း အားနည်းမှုတွေပါပဲ။ ဒီရာသီမှာ သူတို့အသင်းဟာ ၁၆ ဂိုးပဲ သွင်းထားနိုင်ပါသေးတယ်။

ဒါပေမယ့် မန်ယူနဲ့အတူ ပေးဂိုးမရှိ ပွဲစဉ်အများဆုံး ရပ်တည်နေနိုင်တာက သူတို့အတွက် အကောင်းဆုံး ရလဒ်တခုပါ။

နောဝှစ်ခ်ျစီးတီး
တန်းတက်လာပြီး နောက်နှစ်ပြန်ဆင်းရတဲ့ ထုံးစံအတိုင်း တန်းတက် နောဝှစ်ခ်ျအသင်း ပြန်လည်တန်းဆင်းရမှာ ဖြစ်တယ်လို့ လူအများ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် နည်းပြ ပေါလ်လမ်ဘတ်ကတော့ ငယ်ရွယ်ပြီး ထူးချွန်တဲ့ နည်းပြတယောက်ဖြစ်တယ်ဆိုတာကို ပြသပြီး နောဝှစ်ခ်ျကို အဆင့် ၉ ရောက်အောင် စွမ်းဆောင်ထားပါတယ်။ သူတို့ ဒီအဆင့် ဒီအနေအထားရောက်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။

ဒါပေမယ့် တိုက်စစ်မှာ မော်ရစ်ဆန်နဲ့ ဟော့ တို့ ခြေစွမ်းပြနေတာကြောင့် သူတို့အသင်းဟာ ထိပ်တန်းအဆင့်မှာ ရပ်တည်နေပါတယ်။

ဖူလ်ဟမ်
ဖူလ်ဟမ်အသင်း ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရတာက နည်းပြ မာတင်ဂျိုးလ်အတွက် သက်သာသွားစေတယ်လို့ ပြောရမှာပါ။ ရာသီအစပိုင်းမှာ ဖူလ်ဟမ်အသင်းသားတွေဟာ ပွဲပမ်းတဲ့ဒဏ်ကို အလူးအလဲ ခံခဲ့ရပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သူတို့ဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့အတွက် အာရုံစိုက်လာနိုင်ပါပြီ။
ဒါပေမယ့် သူတို့အတွက်တော့ မလွယ်ကူပါဘူး။ အိမ်ကွင်းမှာ မန်ယူကို ၅-၀ နဲ့ ရှုံးခဲ့ပြီး ဒါဟာလည်း ၁၉၆၈ မှာ လိဒ်စ်ယူနိုက်တက်ကို ၆-၀ နဲ့ ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံး ရလဒ်ဖြစ်ပါတယ်။

သူတို့ဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးရအနည်းဆုံးအသင်းဖြစ်ပြီး ၈ ပွဲမှာ ၄ ဂိုးပဲ ရထားပါတယ်။

ကွင်းပက်ခ်ရိန်းဂျား
ပရီးမီးယားလိဂ်မှာ အသက်ဆက်နိုင်ဖို့ဆိုရင် နည်းပြ နေးလ်ဝါးနော့ခ်ဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ လူသစ်ထပ်ဝယ်မှရမှာပါ။

သူတို့ရဲ့ အိမ်ကွင်းမာကျောမယ်လို့ ထင်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၁ ပွဲပဲ နိုင်ထားပြီး အဝေးကွင်းမှာ ၃ ပွဲ နိုင်ထားပါတယ်။ ပြီးတော့ သူတို့ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး အနည်းဆုံးအသင်း ဖြစ်တာက စိုးရိမ်စရာပါ။ ဒါကိုသိတဲ့ အသင်းပိုင်ရှင် တိုနီဖာနန်ဒက်စ်ကလည်း သူတို့အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့ ဒီဇန်နဝါရီမှာ ငွေသုံးမယ်လို့ ကတိပေးထားပါတယ်။

ဝုဗ်ဗာဟန်တန်ဝမ်းဒါးရား
ဝုဗ်နည်းပြ မက္ကာသီဟာ စကားကိုတည့်တည့်ပြောတယ်။ အဓိပ္ပာယ်မရှိတာ မလုပ်ဘူး။ ဘောလုံးအားကစားပေါ် သံယောဇဉ်ရှိတဲ့ လူတယောက်ပါ။ ပရီးမီးယားလိဂ်မှာ သူ့လို နည်းပြမျိုး များများရှိဖို့ လိုအပ်ပါတယ်။ သူ့ရဲ့အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့မယ်လို့ မျှော်လင့်တယ်။

မနှစ်က အတွေ့အကြုံအရဆိုရင် သူတို့ဟာ နောက်ဆုံးပွဲစဉ်အပြီးမှာမှ တန်းဆင်းဇုံကနေ လွတ်မြောက်ခဲ့တာပါ။
မက္ကာသီရဲ့ ဝုဗ်အသင်းဟာ အခုဆိုရင်လည်း တန်းဆင်းဇုံကနေ လွတ်အောင် အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ အသင်းဖြစ်ပါတယ်။

ဝီဂန် အက်သလက်တစ်
ရောဘတ်တိုမာတီနက်ဇ် ဟာ ဥရောပက အသက်ငယ်ပြီး အရည်အချင်းရှိတဲ့ နည်းပြတွေထဲက တယောက်ပါ။ တနေ့ကျရင် သူဟာ အသင်းကြီးတသင်းမှာ ရောက်နေမယ်လို့ အကြွင်းမဲ့ယုံပါတယ်။

ဝမ်းနည်းစရာကောင်းတာက သူ့ရဲ့ ရာဇဝင်ထဲမှာ တန်းဆင်းထားရတဲ့ အတွေ့အကြုံတခု ရှိနေပါတယ်။ လက်ရှိမှာတော့ ဝီဂန်အသင်းကို တန်းဆင်းဇုံကနေ လွတ်အောင် သူ ကြိုးစားနေပြီး မနှစ်ကလို အောင်မြင်မှုမျိုး ရမလားဆိုတာကတော့ ပြောရခက်ပါတယ်။

ဝီဂန်အသင်းဟာ တန်းဆင်းရနိုင်တဲ့ အသင်းတွေထဲက တသင်းဖြစ်နေပြီး ဝုဗ်၊ ကျူပီအာရ်၊ ဖူလ်ဟမ်နဲ့ အခြားတသင်းသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဘော်လ်တန်ဝမ်းဒါးရား
ဘော်လ်တန်အသင်းရဲ့ ခက်ခဲတဲ့ရာသီလို့ ခန့်မှန်းထားတဲ့အတိုင်း သူတို့ ဖြတ်သန်းနေရပါတယ်။ ဘော်လ်တန် ပရိသတ်တွေအတွက်တော့ စိတ်မကောင်းပါဘူး။ နည်းပြ အိုဝင်ကွိုင်လီဟာ မနှစ်က အံ့ဖွယ်ရလဒ် ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ နဲ့ အက်ဖ်အေဖလားမှာ အကြိုဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးတွေဖြစ်တဲ့ အယ်မန်းဒါးနဲ့ စတားရစ်ခ်ျတို့ ထွက်ခွာသွားမှု လီချူးယောင်၊ တိုင်ယွန်မီးရားတို့ရဲ့ ဒဏ်ရာ ရမှုတွေက သူတို့အသင်း တန်းဆင်းဖို့ ဖန်နေတယ်လို့ ဆိုရမှာပါ။ ဘော်လ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ခံစစ်အညံ့ဆုံးအသင်းရှိပြီး ပေးဂိုး ၃၉ ဂိုးရှိပါတယ်။

နောက်လဆိုရင် အားထားရတဲ့ နောက်ခံလူ ကာဟေးလ်လည်း ချဲလ်ဆီးကို ပြောင်းဖို့များနေတာကြောင့် သူတို့ အနာဂတ်က မတွေးရဲစရာပါပဲ။

ဘလက်ဘန်း
နည်းပြ စတိဗ်ကင်းကို ဝမ်းနည်းပါတယ်လို့ ပြောရမှာပါ။ ပြုတ်စော်နံနေပြီဖြစ်တဲ့ သူနဲ့သူ့အသင်းရဲ့ ရလဒ်တွေကလည်း ဆိုးရွားလွန်းနေပါတယ်။ ကစားသမားတွေက နည်းပြဘက်ကရှိတယ်၊ အသင်းရဲ့ ပရိသတ်တွေကတော့ နည်းပြကို ထုတ်ပယ်စေချင်တဲ့ အခြေအနေက အသင်းရဲ့ အဓိက အက်ကွဲကြောင်း ဖြစ်နေပါတယ်။ ကင်းဟာ လွန်ခဲ့တဲ့တနှစ် တာဝန်စယူတဲ့ အချိန်ကတည်းက ဖြစ်နိုင်ခြေ ၁၁၄ မှတ်မှာ ၃၂ မှတ်သာ ရအောင် လုပ်နိုင်တာက သူ့ကို ထုတ်ပစ်ဖို့ အသံတွေ ဆူညံလာတာ ဖြစ်ပါတယ်။

မနှစ်ကဆိုလည်း နောက်ဆုံးပွဲစဉ်ကျမှ တန်းဆင်းရမယ့် အန္တရာယ်က လွတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လွတ်လမ်းမမြင်ပါဘူး။

Source: The Sun
http://burma.irrawaddy.org/

ဆက်၍ ဖတ်ကြည့်ပါဦး ..

ထိုင်း နယ်စပ် မှောင်ခိုလုပ်ငန်း ဆက်လက်ကြီးထွား

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ တံတား ပြန်ဖွင့်သည်မှာ တလနီးပါးကြာမြင့်ချိန် အထိ ရေထွက်ကုန်ပစ္စည်း တမျိုးသာ သွင်းကုန်ထုတ်ကုန် လိုင်စင်ရရှိပြီး တရားမ၀င်ကုန်သွယ်မှုဖြင့်လည်း ဆက်လက်လုပ်ကိုင် နေကြကြောင်း မြန်မာ ကုန်သည်များက ပြောသည်။

မဲဆောက်ရှိ ပွဲရုံတခုတွင် နမူနာပြသထားသည့် မြန်မာပုစွန်များ (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်သို့ ငါး၊ ပုစွန် ၊ ကဏန်း စသည့် မြန်မာ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် တရားဝင်နှင့် တရားမ၀င်သည့် နည်းလမ်း နှစ်မျိုးစလုံး ကုန်သွယ်မှု ပြုနေကြရသည်ဟု မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည် တဦးက ပြောဆိုသည်။

“ဒီလဆန်း ၅ ရက်နေ့ မြန်မာဘက်က တံတားပြန်ဖွင့်ပြီးတာနဲ့ မကြာဘူး ငါး၊ ပုစွန်၊ ကဏန်းတွေကို ချစ်ကြည်ရေးတံတားပေါ်ကနေ ထိုင်းဘက်ကို ပို့တယ်၊ ဒါပေမယ့် ကုန်သည်တွေကတော့ အကျိုးအမြတ်ပိုရတဲ့ တရားမ၀င်နည်းနဲ့ တွဲပြီးလုပ်နေကြရ တယ်၊ တရားဝင်ကြီးပဲ ဆိုရင်တော့ အကျိုးအမြတ်က နည်းတယ်၊ ရထားတဲ့ လုပ်ငန်းလိုင်စဉ်လေးအတွက် ထိန်းပြီးလုပ်နေ ရတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာရေထွက် ပစ္စည်းများ ထိုင်းနယ်စပ်သို့ တရားဝင် တင်ပို့သူများမှာ နယ်စပ်ကုန်သွယ်ရေးဇုန်မှ တဆင့် အခွန်ဆောင်၍ ပို့ကြရကြောင်း၊ တချို့မှာ ရန်ကုန်တွင်အခွန်ပေးဆောင်ပြီး ရန်ကုန်မှတဆင့် မြ၀တီ သို့ မျှောစာများဖြင့်သယ်၍ တင်ပို့သည်များလည်းရှိကြောင်း၊ တရားမ၀င် တင်ပို့သူများမှာ အခွန်ဆောင်စရာမလိုသည့်အတွက် အကျိုးအမြတ်ပိုမိုရရှိခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ ပုစွန်ပို့ကုန် လုပ်ငန်းပိုင်ရှင် ကိုအောင်က ပုစွန်ထုပ်ဆိုက်ကြီး ၃-၄ အမျိုးအစားကို ထိုင်း နိုင်ငံသို့ တင်ပို့ပါက ယခင်က တကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၀.၄၅၅ ဒေါ်လာ သတ်မှတ်နှုန်းနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန သို့ အခွန် ပေးဆောင်ရသည်ဟု ပြောပြသည်။

“အခု မြ၀တီတံတား ပြန်ဖွင့်ချိန်ကစပြီး သတ်မှတ်ချက် ပုစွန် တကီလိုရဲ့၂ ရာခိုင်နှုန်းပဲ ပေးရတော့တဲ့အတွက် အခုဆိုရင် နယ်စပ် ကုန်သွယ်ရေးမှာ ပုစွန် တကီလို ကို အမေရိကန်ဒေါ်လာ ၀.၂၀၉၁ ပဲ ပေးဆောင်ရပါတယ်”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ လဆန်း ၁၀ ရက်ခန့်ကစ၍ မြန်မာ ရေထွက်ပစ္စည်းများကို မဲဆောက်ဘက်သို့ တရားဝင် တင်ပို့သည့် ပမာဏမှာ တရက်ခြား ၁၅ တန် ခန့်ရှိကြောင်း၊ တရားမ၀င်နည်းဖြင့် ချစ်ကြည်ရေးတံတားဘေး ၀ဲယာရှိ လှေဆိပ်များမှတဆင့် တင်ပို့မှု မှာ တရက်ခြား ၁၀ တန်ခန့်ရှိကြောင်း မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည်က ပြောပြသည်။ ပုစွန် တတန်လျှင် ကီလို ၁၀၀၀ အလေးချိန် ရှိသည်။

မဲဆောက်ရှိ မြန်မာ ရေထွက်ပစ္စည်း လက်ကားဖြန့်ချိသည့် ထိုင်းပွဲရုံပိုင်ရှင် နိုင်ပေါရမ်းချိုင်း ကလည်း အဆိုပါနည်းလမ်း ၂ မျိုး စလုံးဖြင့် ကုန်သွယ်မှုပြုခဲ့သည်မှာ ၁၅ နှစ်နီးပါး ရှိပြီဟု ပြောသည်။

“မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေးစနစ်က ကုန်သည်တွေအတွက် တိကျတဲ့အာမခံချက်မရှိဘူး၊ ကုန်သည်တွေလည်း အခွင့် အရေး ရခိုက် လုပ်နေရတဲ့ အခြေအနေ၊ အခုတက်တဲ့ မြန်မာအစိုးရရဲ့ လုပ်နည်းလုပ်ဟန် ပြောင်းလဲသွားမယ် ဆိုရင်တော့၊ ကုန်သည်တွေရဲ့ဘ၀ တိုးတက်လာမှာဖြစ်သလို မသမာမှုနဲ့ကုန်သွယ်တဲ့နည်းလည်း အလိုအလျောက် ပျောက်သွားမှာဖြစ် တယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ နယ်စပ်ကုန်သွယ်ရေးမှာ အရင်ကလိုပဲ ထိုင်းဘက်က အသာစီး ရနေဦးမှာဖြစ်တယ်”ဟု လည်း ၎င်းက ဆိုသည်။

ထိုင်းနှင့် မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေး လုပ်သူများသည် သွင်းကုန်ထုတ်ကုန်လိုင်စင် လုပ်ရကြောင်း၊ ယင်း လိုင်စင် ရရှိရန်မှာ နှစ်ပတ်ခန့် ကြာမြင့်မည်ဟု မြန်မာအာဏာပိုင်များက ပြောဆိုသော်လည်း တံတားပြန်ဖွင့်ပြီးသည့်ရက်မှ ယနေ့အထိ လိုင်စင် မရကြသေးကြောင်း ကုန်သည်များက ပြောဆိုသည်။

လက်ရှိ မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေး တွင် မြန်မာဘက်မှ ရေထွက်ကုန်အပါအ၀င် လယ်ယာထွက်ကုန်၊ သစ်တော ထွက်ကုန်နှင့် ချည်ထည်အမျိုးမျိုးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နားလည်မှုယူကာ တရားမ၀င်တင်ပို့လျက် ရှိသည်။

ထိုင်းစားသောက်ကုန်များကို ယနေ့အထိ မြန်မာဘက် တရားဝင်တင်သွင်းနိုင်ခြင်း မရှိသေးကြောင်း၊ မြန်မာ အာဏာပိုင်များက ကန့်သတ်ထားသည့် ထိုင်းစားသောက်ကုန်ပစ္စည်း ၁၅ မျိုးကိုလည်း နေ့စဉ်ခိုးသွင်းကာ ပြည်တွင်းဈေးကွက် အသီးသီးသို့ မြ၀တီ မှတဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

ပိတ်ပင်ထားသည့် ထိုင်းစားသောက်ကုန် ၁၅ မျိုးအနက် ၅ မျိုးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက အကန့်အသတ်ဖြင့် ယခုလ ၉ ရက်နေ့က စတင်၍
တင်သွင်းခွင့်ပြုမည်ဖြစ်သည့်အတွက် မြန်မာကုန်သည်များ လုပ်ငန်း လိုင်စင် လျှောက်ထားနိုင်ကြောင်း ကြေညာထားသော်လည်း စိတ်ဝင်စားသူ နည်းပါးနေသည်ဟု ရန်ကုန်မြို့မှ ကုန်သည်ကြီး ဦးယူနွတ်ဘိုင် က ပြောသည်။

“လုပ်ငန်းလိုင်စင်လျှောက်ရင် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA ရဲ့ထောက်ခံချက်ယူရမယ်၊ ပြီးရင်အခြား ကန့်သတ် ချက်အဆင့်တွေ အများကြီးရှိသေးတယ်ဆိုတော့၊ အခုလိုပဲ မဲဆောက်ကနေ စိတ်ကြိုက် ထိုင်းပစ္စည်းတွေကို နား လည် မှုနဲ့တင်သွင်းတာက ပိုပြီးအဆင်ပြေတယ်၊ ဒီနည်းကို မြန်မာကုန်သည်တွေ လုပ်လာတာ ၁၅ နှစ်ကျော်ပြီ”ဟု ၎င်းက ဆိုသည်။

မြန်မာဘက်မှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုမည့် ထိုင်းစားသောက်ကုန် ၅ မျိုးမှာ အချို မှုန့်၊ အချိုရည်၊ ဘီစကစ် မျိုးစုံ၊ စည်သွတ်ဘူး မျိုးစုံနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်ရေး ဖွင့်လှစ်ထားစဉ်ကာလအတွင်း ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်တင်ပို့သည့် ပမာဏမှာ တလလျှင် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများ အသင်း၏ စာရင်းများအရ သိရှိရ သည်။

မြန်မာနိုင်ငံ၏ ၂၀၀၉-၂၀၁၀ ဘဏ္ဍရေးနှစ်တွင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃၉.၂၂၁ သန်းဖြစ်ပြီး သွင်းကုန်မှာ အမေရိကန် ဒေါ်လာ ၁၃၅.၄၂၈ သန်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာအစိုးရက လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ်ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ဒုတိယ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို တနှစ်ခွဲနီးပါး ပိတ်ထားခဲ့ ပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

တံတားဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရားဝင် ကုန်သွယ်မှုပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ဒေသအတွင်း တရားမ၀င်ကုန်သွယ်မှုများ လျှော့နည်းသွားစေ မည်ဟု ပြောခဲ့သော်လည်း လက်ရှိတွင် မြန်မာနှင့်ထိုင်း နှစ်ဘက်ကုန်သည်များ တရားမ၀င်ကုန်သွယ်မှု အပြန်အလှန်ပြုလုပ်နေသည့် ပမာဏမှာ တံတားပိတ်ထားသည့် ကာလထက် ပိုများသည်ဟု ကုန်သည်များက ပြောသည်။
ဧရာဝတီ

ဆက်၍ ဖတ်ကြည့်ပါဦး ..

Thursday, December 29, 2011

တပတ်အတွင်း လှုပ်လှုပ်ရှားရှား ဘောလုံးသတင်း

တပတ်အတွင်း ပြစ်ဒဏ် ၂ ကြိမ်ချမှတ်ခံရတဲ့ ဆွာရက်စ်

လီဗာပူးလ် တိုက်စစ်မှုး ဆွာရက်စ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ပရိသတ်ကို လက်ခလယ် ထောင်ပြခဲ့မှုကြောင့် ၁ ပွဲပယ်နဲ့ ဒဏ်ငွေ ပေါင်၂ သောင်း ဆောင်ရတော့မှာဖြစ်ပါတယ်။ အခုပြစ်ဒဏ်ကြောင့် လာမယ့် ၃၀ ရက်နေ့ညမှာ ကန်မယ့် နယူးကာနယ်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

အရင်တပတ်ကမှ မန်ယူကစားသမား အီဗရာကို လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၈ ပွဲပယ်နဲ့ ဒဏ်ငွေ ပေါင် ၄ သောင်း ချခံထားရသောကြောင့် ယခုဖြစ်ရပ်နဲ့ပါဆိုရင် တပတ်အတွင်း ၂ ကြိမ် ပြစ်ဒဏ်ပေးခံရတဲ့ ကစားသမား ဖြစ်လာပါတယ်။ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စွဲချက်ကတော့ အယူခံဝင်ခွင့်ရှိသေးတာကြောင့် အယူခံနိုင်ရင်တော့ ပွဲပယ်ပြစ်ဒဏ်လျော့မှာ ဖြစ်ပြီး ရှုံးခဲ့ရင်တော့ ပယ်ခံရမယ့် ပွဲအရေအတွက် ထပ်တိုးမှာ ဖြစ်ပါတယ်။

၂၀၁၁ ကို ဂိုးတွေနဲ့ နှုတ်ဆက်ချင်တဲ့ ဘာဘာတော့ဗ်

နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုးသွင်းပြီး ဂိုးမြူးနေတဲ့ ဘာဘာတော့ဗ်ကို သူရဲ့ကလပ်ဟောင်း လေဗာကူဆင်က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အခုရာသီမှာ ရွန်နီ၊ ချီချာရီတို၊ ဝဲလ်ဘက်တို့ ခြေစွမ်းပြနေတာကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ စပါးအသင်းကနေ မန်ယူကို ပြောင်းရွှေ့ခဲ့တဲ့ ဘာဘာတော့ဗ်ဟာ အရန်ခုံ မှာထိုင်နေရပေမယ့် ၂၀၁၁ ကုန်ခါနီးမှာရလာတဲ့ အခွင့်အရေးကို အမိအရအသုံးချနေပြီး နောက်ဆုံး ၀ီဂန်နဲ့  ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိင်ခဲ့ပါတယ်။ လောလောဆယ် စာချုပ်သက်တမ်းတိုးဖို့ မရေမရာဖြစ်နေပေမယ့် ဖာဂူဆန်ဟာ ဘာဘာတောဗ့်ကို အသင်းမှာ ဆက်ထိန်းထားဖို့များနေသလို ဘာဘာတောဗ့်ကလည်း မန်ယူမှာ ပျော်ရွှင်နေတယ်လို့ ပြောထားပါတယ်။

ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ငွေကိုရေလို သုံးဦးမယ့် မန်စီးတီး

ပရီးမီးယားလိဂ်မှာ ခြေစွာနေတဲ့ မန်စီးတီးအသင်းဟာ အသင်းကြီးတွေအကုန် မျက်စိကျနေတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အီဒန်ဟာဇက်ကို ခေါ်ယူချင်တယ်လို့ ဆိုပါတယ်။ ဟာဇက်ဟာ ပြင်သစ်ကလပ် လိုင်လီမှာ ခြေစွမ်းပြနေပြီး သူ့ရဲ့အေးဂျင့်ကတော့ လာမယ့်ဇန်န၀ါရီလမှာ မန်စီးတီးအသင်းက ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ မျှော်လင့်နေကြောင်း ပြောဆိုသွားပါတယ်။ ဆက်လက်ပြီး ဟာဇက်ရဲ့ အနာဂတ်ဟာ ဥရောပ ကလပ်အသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာ၊ ချယ်ဆီး၊ အေစီမီလန် တို့လို အသင်းတွေမှာသာ ကစားဖို့ ဖြစ်နိုင်ကြောင်း ပြောဆိုသွားပါတယ်။

ကြိုက်တဲ့ကစားသမားကို လက်ညှိုးထိုးပြီး ဝယ်နိုင်နေတဲ့ မန်စီးတီးသူဌေးတွေကြောင့် ဟာဇက်ဟာ လာမယ့် ဇန်နဝါရီကစပြီး ပရီးမီးယားလိဂ်တိုက်ပွဲကို ပါဝင်ဆင်နွှဲတော့မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

PSG နဲ့ စာချုပ်ချုပ်ဖို့ နီးစပ်နေတဲ့ အန်ဆယ် လော့တီ

ချယ်လ်ဆီးနည်းပြဟောင်း အန်ဆယ်လော့တီဟာ ပြင်သစ်လိဂ်မှာ ပထမနေရာက ဦးဆောင်နေတဲ့ PSG အသင်းနဲ့ စာချုပ်ချုပ်ဖို့ နီးစပ်နေပြီလို့ ပြင်သစ်သတင်းစာများမှာ ဖော်ပြပါတယ်။

၂၀၁၁ မှာ ကာတာနိုင်ငံ ရင်းနှီးမြှုပ်နှံရေးအဖွဲ့က PSG အသင်းရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှာ အချမ်းသာဆုံးကလပ် ဖြစ်လာတာပါ။ လူအင်အား ဖြည့်တင်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခု နည်းပြအသစ်တယောက်ကိုပါ ခေါ်ယူဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

ပြင်သစ်မှလာတဲ့ သတင်းများအရ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ PSG အသင်းမှ တာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီးတဲ့နောက် တနှစ်ကို ဒေါ်လာ ၉ သန်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။ စာချုပ်သက်တမ်းကတော့ ၂ နှစ်ခွဲဖြစ်ပြီး တရားဝင် သတင်းထုတ်ပြန်မှုကိုတော့ မကြာခင် PSG အသင်းက ကြေညာသွားမယ်လို့ သိရပါတယ်။ အန်ဆယ်လော့တီသာ PSG မှာ နည်းပြဖြစ်သွားပြီဆိုရင် သူ့ရဲ့တပည့်ဟောင်းတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ ကာကာနဲ့ မာလူဒါတို့ကို ခေါ်ယူသွားဖို့ နီးစပ်နေပါတယ်။

အန်ဆယ်လော့တီဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၀၉ မှ ၂၀၁၁ အထိလက်တွဲခဲ့ပြီး ကွန်မြူနတီဒိုင်း (၂၀၀၉)၊ ပရီးမီးယားလိဂ်ချန်ပီယံ (၂၀၁၀)၊ အက်ဖ်အေဖလား (၂၀၁၀) စတဲ့အောင်မြင်မှုများကို ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ချယ်လ်ဆီးမတိုင်ခင် အေစီမီလန်အသင်းမှာ ၈ နှစ် နည်းပြလုပ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ၂ ခု အပြင် တခြားဆုပေါင်း များစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ နည်းပြကောင်းတယောက်ပါ။ PSG အသင်းဟာ ဥရောပမှာ စိန်ခေါ်ဖို့ ရည်ရွက်ချက်ကြီးကြီးနဲ့ အန်ဆယ်လော့တီကို ခေါ်ယူခဲ့တယ်လို ယူဆရမှာပါ။

လျှော့တွက်လို့မရတော့တဲ့ တော့တင်ဟမ်

အင်္ဂလိပ်နည်းပြ ဟယ်ရီရက်နပ်ရဲ့ လက်အောက်မှာ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်ရဲ့ တောင့်တင်းတဲ့ အသင်းတသင်း ဖြစ်လာလို့ နေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၀-၁၁ ရာသီမှာ အဆင့် ၅ ရခဲ့ပြီး အခုလောလောဆယ်မှာတော့ ဇယားထိပ်က မန်စီးတီးနဲ့ မန်ယူတို့အောက် တပွဲလျော့ကန်ပြီး ၇ မှတ်အကွာမှာ အဆင့် ၃ အဖြစ် ရပ်တည်လျက်ရှိပါတယ်။ တကယ်လို့သာ လက်ကျန်ပွဲကို အနိုင်ရခဲ့ရင် တော့တင်ဟမ်ဟာ မန်စီးတီး၊ မန်ယူတို့နဲ့ ၄ မှတ်သာကွာတော့မှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ရဲ့ အောက်မှာတော့ နာမည်ကြီးအသင်းများဖြစ်တဲ့ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ဟာ အဆင့် ၄၊ ၅၊ ၆ စသည်ဖြင့် ကိုယ်စီရပ်တည်လျက်ရှိပါတယ်။

တော့တင်ဟမ်အသင်းရဲ့ နည်းပြဖြစ်သူ ဟယ်ရီရက်နပ်ဟာ မန်ယူနည်းပြ ဖာဂူဆန်နဲ့ အလွန်ရင်းနှီးသူဖြစ်ပြီး ဘောလုံးသမားများကို ကိုင်တွယ်အုပ်ချုပ်ရာမှာ လိမ္မာပါးနပ်သူလို့ နာမည်ကြီးသူဖြစ်ပါတယ်။ သူဟာအမြဲတမ်း မိမိအသင်းကို နှိမ့်ချပြောဆိုလေ့ရှိပြီး လက်ရှိထက် အောင်မြင်အောင်ကြိုးစားဖို့ ဘောလုံးသမားများကို တွန်းအားပေးနိုင်တဲ့သူပါ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်ဝစ်ခ်ျ အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် “ဟုတ်ပါတယ်၊ ဒီနေ့ကျနော်တို့ ရလဒ်ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့ဆိုတာကလည်း မလွယ်ကူလှပါဘူး။ လီဗာပူးလ် အသင်းကိုပဲကြည့်ပါ။ အန်းဖီးလ်ဒ်မှာ ဘလက်ဘန်းလိုအသင်းကို သရေကျမယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ကျနော်တို့ကတော့ တဖက်အသင်းကို အာရုံမစိုက်ပါဘူး။ အနိုင်ရဖို့သာ ကြိုးစားပါတယ်။ ဒီနှစ်ချန်ပီယံဖြစ်နိုင်တာကတော့ အခု လောလောဆယ် အခြေအနေအရဆိုရင် မန်ယူနဲ့ မန်စီးတီးပေါ့” လို့ ဟယ်ရီရက်နပ်က ပြောသွားပါတယ်။
http://burma.irrawaddy.org

ဆက်၍ ဖတ်ကြည့်ပါဦး ..

'အဲ့ဒီအခန်းဖြတ်' ဒါရိုက်တာ ဝိုင်း အသနားခံစာတင်

ချင်းမိုင် (မဇ္ဈိမ)။ ။ 'လွတ်လပ်ခြင်း အနုပညာ'ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ထားသော 'အဲ့ဒီအခန်းဖြတ်' ရုပ်ရှင်ကားတိုသည်
ပြိုင်ပွဲစည်းကမ်းနှင့် မညီ ဟုဆိုကာ ပယ်ဖျက်လိုက်ခြင်းကြောင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆုရွေးချယ်ရေး ကော်မတီသို့ အသနားခံစာ တင်ပြထားသည်ဟု ဒါရိုက်တာဝိုင်းက ပြောသည်။

"ကျနော် မနေ့က သိရတာက ပြိုင်ပွဲဝင် စည်းကမ်းနဲ့ မညီညွတ်ဘူးလို့တော့ သိရတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျနော်က မသိပါဘူး။ ဒီ အင်တာနက်ပေါ်တင်ဖို့ကိုလည်း ကျနော် အစီအစဉ် မရှိပါဘူး။ ဒါလေးကိုတော့ ကျနော် အသနားခံစာအနေနဲ့ ပြန်တင်ပြီးတော့ ဖြေရှင်းချက်ပေးထားပါတယ်" ဟု အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုအား ရိုက်ကူးသူ ဒါရိုက်တာဝိုင်းက မဇ္ဈိမကိုပြောသည်။

ဒါရိုက်တာ ကိုသူရ (ဇာဂနာ)၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ဦးစီးသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ဇာတ်လမ်းပေါင်း ၁၈၈ ကား ရှိပြီး အဆိုပါကာများထဲမှ "အဲ့ဒီအခန်းဖြတ်" သည် အင်တာနက်ပေါ် ရောက်ရှိကာ ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်သည့်အတွက် ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်မျိုး ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ကြုံတွေ့ခဲ့ဖူးပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် သူ ရိုက်ကူး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် "အင်းသီး" ရုပ်ရှင်ကားကိုလည်း အင်တာနက် စာမျက်နှာများပေါ်မှ ဖြုတ်ပေးခဲ့ရ သည်ဟု မဇ္ဈိမကို ပြောသည်။

"ကျနော် ကြုံခဲ့ဖူးတယ်ဗျ။ ကျနော့် "အင်းသီး"ကို ရုပ်ရှင်ပွဲတော်တခုကို ကျနော် ပို့တာပေါ့။ စင်္ကာပူက သူငယ်ချင်း တယောက်ကလည်း အဲဒါကို Youtube မှာ အဲဒါကို တင်ထားတယ်ဗျ။ အဲဒါကို သူတို့သိတော့ ကျနော့်ကို အဲဒါကိုဖြုတ်ပေးဖို့ သူတို့ လှမ်းပြောတယ်။ အဲဒါနဲ့ ကျနော် ဖြုတ်ပေးရတယ်" ဟုပြောသည်။

"အဲ့ဒီအခန်းဖြတ်" နှင့်ပတ်သက်၍ ပြိုင်ပွဲဝင်စည်းကမ်းကို ဖေါက်ဖျက်သကဲ့သို့ဖြစ်သည်မှာ မှန်ကန်ပြီး ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များကို မဝေဖန်လိုကြောင်းနှင့် မိမိတွင် အပြစ်ရှိကြောင်းလည်း ဒါရိုက်တာဝိုင်းက
ပြောသည်။

"ကျနော့်ရဲ့ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့ အမေစုအပေါ်မှာ၊ ကိုသူရအပေါ်မှာ၊ ကိုမင်းထင်အပေါ်မှာ ပရိသတ်
တွေက ထင်ကြေးတွေ မပေးကြပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်နေတဲ့ အလုပ်ကလေးတွေက အများ
ကောင်းကျိုးအတွက်ဆိုတာ ကျနော်တို့က နားလည်ရမယ်လေ။ ကျနော် စည်းကမ်းဖေါက်သလို ဖြစ်တဲ့အတွက် ကျနော့်မှာ အပြစ်ရှိတယ်။ သို့သော်လည်း ကျနော်လုပ်တာ မဟုတ်ဘူးဆိုတာ သူတို့ကို တင်ပြထားတယ်။ တကယ့်တကယ်တော့ သူတို့မှန်ပါတယ်" ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်ပွဲတော်ပြိုင်ပွဲမှ ပယ်ချခံရသည့် ၁၈ မိနစ်ကြာမြင့်သော "အဲ့ဒီအခန်းဖြတ်" ရုပ်ရှင်ကားသည် ပြန်ကြားရေး၊
ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေးစသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့မှ ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက် ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် ရုပ်ရှင်ကားပေါင်း ၁၈၈ ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် ၅၃ ကား ရွေးချယ်ထားသည်။ အဆိုပါ ဆန်တကာတင်ကားများကို ဒီဇင်ဘာ ၃၁ ရက်နေ့ ရန်ကုန်ပြည်လမ်းရှိ တော်ဝင်စင်တာတွင်ကျင်းပမည့် ရုပ်ရှင် ပွဲတော်တွင် ထုတ်ပြန်မည်ဖြစ်ကာ ဆုရကား လေးကားကိုလည်း ရွေးချယ်မည်ဟု သိရသည်။

ဆုပေးပွဲကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဆုပေးမည်
ဖြစ်သည်။ ပြိုင်ပွဲဝင်ရုပ်ရှင်ကားများ ပေးပို့ထားသည့် ဒါရိုက်တာများအားလုံးကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တော်ဝင် စင်တာသို့ ညနေ ၄ နာရီအရောက် လာကြရန် ဖိတ်ကြားထားသည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

ဆက်၍ ဖတ်ကြည့်ပါဦး ..

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

"ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်းတထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ
အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။

နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ပေါက်ကွဲမှုအကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှုဖြစ်နေတဲ့ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်က
မြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင်နေတဲ့ နေရာ
ရောက်တော့ မီးသတ်သမားလေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ကြားထဲဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်းနေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့နေရာ ဝင်သွားတယ်။ ကျနော်လည်းနောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံလိုက်ရိုက်တယ်။ ခဏနေတော့
ဓါတ်ပုံသတင်းထောက် တော်တော်များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော်
လန့်သွားရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီးနေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။

ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်းမှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်
ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျမသိနိုင်သေးချိန်မှာတော့ မီးသတ်အရာရှိတဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့အရောင်ကို အကဲခတ်ရင်း သူ အဝေးက
နေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမားတယောက်ရဲ့ ရူးသွပ်မှုဖြစ်တတ်တဲ့အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှုဖြစ်လာနိုင်တဲ့ ဧရိယာအတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓပစ္စည်းများပါ ပါဝင်လောင်ကျွမ်းနေတယ်လို့ သံသယရှိသည့်တိုင်မီးခိုးငွေ့တွေကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူတယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာတခု ဖြစ်နေမှာ အမှန်ပဲထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါးအောက်မှာ ရှာဖွေရင်း
မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦး
ဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေစစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ်ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ မီးသတ်တွေ အပျက်အစီးတွေကြားထဲမှာ ရှိနေသေးတယ်ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီတွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ်ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေအဖြစ် ကျနော့်စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

ဆက်၍ ဖတ်ကြည့်ပါဦး ..

ဓါတုပစ္စည်းအန္တရာယ် သတိမမူမိ၍ မီးသတ်တပ်ဖွဲ့ဝင်များ ကျဆုံးရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သောနိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

“မီးလောင်တယ်ဆိုတော့ဗျာ အခြားဘက်တွေကို မကူးအောင်ဆိုပြီး မီးကိုပဲ အဓိကထားပြီး ငြိမ်းသတ်နေတဲ့ အချိန်မှာပဲ ဒီဓါတုပစ္စည်းတွေက ထပေါက်ကွဲတော့ အဲဒီမှာ ထိကုန်တာ။ ဒါတွေ ရှိနေတယ်ဆိုတာကို ကျုပ်တို့က မသိဘူး။ ဂိုဒေါင်စောင့်တွေကတော့ တချို့က ပစ္စည်းသယ်နေတုန်းမှာ ထိကုန်တာ” ဟု ပြောသည်။

ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကျဆုံး (ဓါတ်ပုံ မဇ္ဈိမ)

သေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့များမှာ မင်္ဂလာတောင်ညွှန့်မီးသတ်ဌာနမှ ၄ ဦးနှင့် ရန်ကုန်တိုင်း ဗဟိုမီးသတ် ဌာနချုပ်မှ ၁ ဦးတို့ ဖြစ်ကြောင်းသိရပြီး ကြာသာပတေးနေ့ ညနေပိုင်းတွင်ပင် ရေဝေး သုဿန်၌ အခမ်းအနားဖြင့် မီးသဂြုင်္ိဟ်ပေးခဲ့သည်။

ကြာသာပတေးနေ့ ညနေ ၅ နာရီအထိ နောက်ဆုံး စုံစမ်းသိရှိမှုအရ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် မီးသတ် တပ်ဖွဲ့ ၃၁ ဦး၊ အရန်မီးသတ် ၆ ဦးနှင့် အရပ်သား ၅၄ ဦး ပါဝင်သည့် စုစုပေါင်း ၉၁ ဦးကိုလည်း ရန်ကုန်ပြည်သူ့
ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာ သည့် မီးသတ်ကား ၅၇ စီးအနက်မှ ၈ စီးမှာလည်း ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဆိုသော ဂိုဒေါင် ၁၆ လုံး ပျက်စီး ခဲ့သည်။ ထိုအထဲမှ ဂိုဒေါင်တခုတွင် သင်္ဘောဆေးနှင့် အမိုးနီးယား၊ ဆာလ်ဖြူရစ်အက်ဆစ်နှင့် ယမ်းစိမ်းတို့ ပါဝင်
သော ဓါတုပစ္စည်းများ သိုလှောင်ထားခြင်းသည် ပေါက်ကွဲမှုဖြစ်ရခြင်း၏ အကြောင်းရင်းဟု နယ်မြေခံ ရဲအရာရှိများ က ယူဆနေကြသည်။

“သိုလှောင်ထားတဲ့ တချို့ဟာတွေက ရေပတ်ရင်တောင် ဓါတ်ပြုပြီးတော့ ဝုန်းကနဲ ထလောင်တာတွေ ရှိတယ်ဗျာ။ ကျနော်တို့ကတော့ အဲလို ယူဆထားတာပဲ။ ဓါတုတွေထားတဲ့ ဂိုဒေါင်ကတော့ တခုပဲဗျ။ သူက ပေါက်ကွဲမှုက များတဲ့အခါကျတော့ ဘေးက ဂိုဒေါင်တွေ၊ အိမ်တွေကို ထိသွားတဲ့သဘောပါ” ဟု အခင်းဖြစ်ပွားရာကို သွားရောက် စစ်ဆေးခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာနေရာများမှ သိမ်းဆည်းခဲ့သည့် ဓာတုပစ္စည်းလောင်ကျွမ်းမှုမှ အကြွင်းအကျန်များကို လူအများ အား ထိခိုက်စေမည့် အန္တရာယ်ပေးနိုင်မှု ရှိမရှိ ဓါတ်ခွဲ စမ်းသပ်မှု ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။

အစိုးရအနေနှင့် ပေါက်ကွဲမှုဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများကို လူနေထူထပ်သည့် မြို့တွင်းနေရာများ၌ သိုလှောင်ခြင်းကို လူအများက ပြစ်တင်ပြောဆိုနေကြသလို ပေါက်ကွဲမှုများကို ကြိုတင်ရှောင်ရှားနိုင်ရန် စံနစ်တကျ
လေ့ကျင့်ပေးထားခြင်းမရှိဟုဆိုကာ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကိုလည်း အလားတူပြောဆိုမှုများ ရှိနေသည်။

ပေါက်ကွဲမှုကတဆင့် ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု
ပေါင်း ၁၄ဝ ကျော်မှ လူဦးရေ ၁ ထောင်ခန့်မှာ အိုးအိမ်မဲ့ဖြစ်ကာ မီးဘေးဒုက္ခအဖြစ်နှင့် အမှတ် ၂ဝ၊ ၂၄ မူလတန်း
ကျောင်းများနှင့် တာမွေမြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဟာဝိဇယရာမ ကျောင်းတိုက်တို့တွင် ခိုလှုံနေကြကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် တာဝန်ယူနေသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှုး ဦးမျိုးမြင့်ကြိုင်က ပြောသည်။

မီးဘေးဒုက္ခသည်များအတွက် အစားအစာ၊ အဝတ်အထည်၊ သောက်ရေနှင့် ဆေးများ ကူညီရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးသမီးအဖွဲ့များအပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့် လူမှုကူညီရေးအဖွဲ့များ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက သွားရောက် ကူညီပေးမှုများ လုပ်ဆောင်နေကြ သည်။

ဆက်၍ ဖတ်ကြည့်ပါဦး ..

မန်ချက်စတာယူနိုက်တက်ရဲ့ ၂၀၁၁ အတက်အကျများ

၂၀၁၁ သမိုင်းဝင် အမှတ်တရနေ့များ

၂၀၁၁ ခရီးလမ်းအစမှာ ဖာဂူဆန်နဲ့ မန်ယူအသင်းသားတွေဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ဆာအဲလက်စ် ဖာဂူဆန်ဟာ ပြိုင်ဘက် လီဗာပူးလ်အသင်း စံချိန်တင်ထားတဲ့ အမှတ်ပေးဖလား ၁၈ ကြိမ် ရရှိထားတဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ၁၉ ကြိမ်မြောက် ဖလားကို ရရှိခဲ့တာကြောင့် မန်ယူပရိသတ်တွေအတွက် ဂုဏ်ယူစရာတခု ဖြစ်လာခဲ့ပါတယ်။ အရင်နှစ်များကဆိုရင် လီဗာပူးလ်နဲ့ မန်ယူ တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းလိုလိုမှာ လီဗာပူးလ်ပရိသတ်တွေက “မင်းတို့ ဖလား ၁၈ ကြိမ်ရမှ ပြန်လာခဲ့” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ မန်ယူပရိသတ်တွေကို လှောင်ပြောင်ခဲ့ကြတာပါ။ ဒီနှစ်မှာတော့ မန်ယူပရိသတ်တွေရဲ့အလှည့် ဖြစ်သွားပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်ဖလား ၁၉ ကြိမ်ရသွားတာကြောင့် “ပရီးမီးယားလိဂ်ဖလား ၁၉ ကြိမ်နဲ့ ငါတို့ပြန်လာပြီ”၊ “မင်းတို့လည်း ၁၉ ကြိမ်ရမှ ပြန်လာခဲ့” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ပြန်လည် လှောင်ပြောင်နိုင်ခဲ့ပါတယ်။

မန်ယူနဲ့ မြို့ခံပြိုင်ဘက်

အာရပ်လူမျိုး ဘီလျံနာ ရှိတ်မန်ဆောက မန်စီးတီးကို ဝယ်ယူပြီး အသွင်သစ် ပြောင်းလဲစေတာက မန်ယူပရိသတ်တွေအတွက် စိတ်ပူပန်စရာဖြစ်လာခဲ့ပါတယ်။ တန်ဖိုးကြီး ကစားသမားများစွာကို ဝယ်ယူပြီး ၂၀၁၁ ကုန်ခါနီးမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေမှုကြောင့် မန်ယူ ပရိသတ်တွေနဲ့  မန်ချက်စတာစီတီးရဲ့ ယှဉ်ပြိုင်မှုက ပိုပြီးပြင်းထန်လာပါတော့တယ်။ လတ်တလောအချိန်မှာ မန်ချက်စတာစီးတီးရဲ့ တရှိန်ထိုး တိုးတက်လာမှုတွေဟာ မန်ယူအသင်းနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒါပေမယ့် အောင်မြင်မှုပိုင်းမှာတော့ မန်ယူကိုမီဖို့ အများကြီးလိုပါသေးတယ်။ မန်ယူပရိသတ် တွေကလည်း ဒါကို “မင်းတို့အသင်းမှာ ပိုက်ဆံတွေပဲရှိတယ်၊ ငါတို့အသင်းမှာ အောင်မြင်မှုတွေ ရှိတယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ လှောင်ပြောင်နေပါတယ်။

ချန်ပီယံလိဂ်နဲ့ မန်ယူ

ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ဒီနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာသာ အောင်မြင်ခဲ့တာမဟုတ်ပဲ ၄ နှစ်အတွင်း ချန်ပီယံလိဂ်ဖိုင်နယ်ကို ၃ ကြိမ်တိုင် တက်ရောက်နိုင်ခဲ့ပြီး တကြိမ်ဗိုလ်စွဲခဲ့တာက မန်ယူအသင်းရဲ့ အရှိန်အဝါကို ပရီးမီးယားမှာသာမက ဥရောပထိပါ နယ်ချဲ့လာနိုင်ပါတယ်။

ဒါပေမယ့် ၂၀၁၀-၂၀၁၁ ရာသီပြီးဆုံးချိန်မှာတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို ခြေစွမ်းခြင်း မယှဉ်နိုင်ဘဲ ၃ နှစ်အတွင်း ၂ ကြိမ်မြောက် ထပ်မံရှုံးနိမ့်မှုက အသင်းကို သွေးသစ်လောင်းဖို့ အချိန်တန်ပြီဆိုတာ ပြသလိုက်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ခဲ့တဲ့ ဂယ်ရီနယ်ဗီး၊ ပေါစခိုးလ်၊ ဗန်ဒါဆားတို့ ဘောလုံးကစားခြင်းမှ အနားယူသွားသလို ဝက်ဘရောင်း၊ ဂျွန်အိုရှေးနဲ့ အိုဝင်ဟာဂရေ့ဗ် တို့ကိုလည်း အသင်းကနေ ရောင်းထုတ်ခဲ့ပါတယ်။

ဖာဂူဆန်ဟာ ဗန်ဒါဆား နေရာအစားထိုးဖို့ စပိန်လူငယ်ဂိုးသမား ဒီဂီယာကို ခေါ်ယူခဲ့သလို အင်္ဂလန်ရဲ့ လူငယ်လက်သစ် ဖီးလ်ဂျုန်းစ်နဲ့ အက်စတွန်ဗီလာမှာ ခြေစွမ်းပြနေတဲ့ အက်ရှ်လေယန်းတို့ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ကွင်းလယ် အဓိကနေရာဖြစ်တဲ့ ပေါစခိုးလ်နေရာအစားထိုးဖို့တော့ လူမဝယ်ခဲ့ပါဘူး။ အင်တာမီလန်ကစားသမား ရှနိုက်ဒါကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တပတ်ပေါင် ၂ သိန်းခွဲ တောင်းဆိုမှုကြောင့် လက်လျှော့ခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဖာဂူဆန်ဟာ တခြား ပရီးမီးယားလိဂ်အသင်းတွေမှာ အငှားသွားကစားခဲ့တဲ့ ကလေဗာလေကို ကွင်းလယ်မှာကစားဖို့ ပြန်ခေါ်ယူခဲ့သလို ဒန်နီဝဲလ်ဘက်ကိုလည်း တိုက်စစ်အတွက် ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၁-၂၀၁၂ ရာသီအစပိုင်းဟာ မန်ယူအတွက် ခက်ခဲတဲ့လမ်းတွေ ဖြစ်လာပါတယ်။ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၆-၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်မှုဟာ ဖျောက်ဖျက်ဖို့ခက်တဲ့ ဒဏ်ရာဖြစ်လာသလို ချန်ပီယံလိဂ်မှာလည်း မထင်မှတ်ဘဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ တဆက်တည်းမှာပဲ နောက်ခံလူ ဗီဒစ်နဲ့ ကွင်းလယ်လူ ဒါရန်ဖလက်ချာတို့ ကာလကြာရှည် ဒဏ်ရာရမှုတွေကြောင့် အသင်းဟန်ချက်ကို တည့်မတ်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်လာစေပါတယ်။

မန်ယူ ပရိသတ်အတွက် ၂၀၁၁ ပြန်ပြောင်း ရင်ခုန်စရာများ

ပြိုင်ဘက်အသင်း လီဗာပူးလ်ရဲ့စံချိန်ကို ကျော်လွန်ပြီး ၁၉ ကြိမ်မြောက် ချန်ပီယံသရဖူကို ဆွတ်ခူးနိုင်ခဲ့ခြင်းက အင်္ဂလန်မှာ အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တယ်။

ပရိတ်သတ်တွေ ပါးစပ်ဖျားကမချနိုင်တဲ့ ဖြစ်ရပ်တခုကတော့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ရွန်းနီရဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာဟာ ကြည့်ရတဲ့ ပရိသတ်တိုင်း အံ့သြမှင်သက်စရာဖြစ်ခဲ့တယ်။

အနာဂတ် အင်္ဂလန်အသင်းကို ခေါင်းဆောင်မယ့်လူလို့ လူတိုင်းသတ်မှတ်ထားတဲ့ ဘလက်ဘန်းအသင်း နောက်ခံလူ ဖီးလ်ဂျုန်းစ်နဲ့ အက်စတွန်ဗီလာ တောင်ပံလူ အက်ရှလေယန်း တို့ကို ပြိုင်ဘက်အသင်းတွေနဲ့ အပြိုင်ခေါ်ယူနိုင်ခဲ့တယ်။

အသင်းရဲ့ သမ္ဘာရင့်ကွင်းလယ်ကစားသမား ရိုင်ရန်ဂစ်ဟာ လက်ရှိအချိန်ထိ ငယ်မူငယ်သွေးပြန်ပြီး ခြေစွမ်းပြနေတာက ပရိသတ်တွေအတွက် ချိုမြိန်တဲ့ လက်ဆောင်ဖြစ်နေပြီး စံချိန်ပေါင်းများစွာ တင်ထားသူ လည်းဖြစ်တယ်။

မန်ယူပရိသတ်အတွက် ၂၀၁၁ အရိပ်ဆိုးများ

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီလိုနာ အသင်းကို ၂၀၀၈-၂၀၀၉၊ ၂၀၁၀-၂၀၁၁ ဖိုင်နယ် နှစ်ကြိမ်တွေ့ခဲ့ရာမှာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့မှုက မန်ယူပရိသတ်များအတွက် နာကြည်းစရာဖြစ်ခဲ့တယ်။

မြို့ခံပြိုင်ဘက်အသင်းကို အိမ်ကွင်းမှာ ၆-၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဟာ မန်ယူပရိသတ်အတွက် အချိန်အတော်ကြာ ကျန်ရစ်နေမည့်အမာရွတ် ဖြစ်တယ်။

ဒီနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရမှုနဲ့ ကာလင်းဖလားမှာ ခရစ်စတယ်ပဲလေ့စ် အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်မှုဟာ ဘောလုံးပရိသတ်တိုင်းအတွက် အံ့သြစရာဖြစ်ခဲ့တယ်။

ပရိသတ်များ ထောက်ပြကြတဲ့ ပေါစခိုးလ်နေရာ အစားထိုးဖို့ ပျက်ကွက်ခဲ့လို့ ကွင်းလယ်ကစားကွက်မှာ အရင်လို ထက်မြက်မှုနည်းနေတယ်။ ရှနိုက်ဒါနဲ့ မိုဒရစ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး

၂၀၁၁ အတွင်း ပရိသတ် အချစ်တော်ဖြစ်လာသူ

ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းလောက်နဲ့ မက္ကစီကိုကလပ် ချီဗက်စ်ကနေ ၂၀၁၀ ခုနစ်ကခေါ်ယူခဲ့တဲ့ မက္ကစီကို တိုက်စစ်မှူး ချီချာရီတိုဟာ သူရဲ့ပွဲဦးထွက်ရာသီမှာ အသင်းအတွက် ဂိုး ၂၀ သွင်းယူနိုင်ခဲ့လို့ ပရိသတ်ရဲ့ အချစ်တော်ဖြစ်လာတယ်။ ချယ်လ်ဆီး၊ အဲဗာတန်အသင်းတွေနဲ့ တွေ့ဆုံမှုတွေမှာ ချီချာရီတိုရဲ့ ဂိုးတွေက မန်ယူအသင်း ၁၉ ကြိမ်မြောက် ဖလားရရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

မန်ယူရဲ့ လာခြင်းကောင်းသော ၂၀၁၂

၂၀၁၁ ကုန်ခါနီး ဒီဇင်ဘာလပွဲတွေမှာ မန်ယူအသင်းဟာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး မန်ချက်စတာစီးတီး အသင်းနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါပြီ။ တကျော့ပြန် ခြေစွမ်းပြနေတဲ့ ဘာဘာတောဗ့်ဟာ ဂိုးပုံမှန် ပြန်သွင်းနေပြီး မန်ယူအတွက် ၂၀၁၁ ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝီဂန်နဲ့ပွဲမှာ ဟက်ထရစ် ရတဲ့အထိ ခြေစွမ်းပြနိုင်လာတယ်။

အသစ်ဝယ်ယူထားတဲ့ ဂျုန်းစ်ဟာ နေရာစုံကစားနိုင်ပြီး ခြေစွမ်းပြနေသောကြောင့် ဖာဂူဆန်ရဲ့ အားထားစရာ ဝှက်ဖဲတချပ်ဖြစ်လာသလို၊ ရှေ့တန်းမှာ ရွန်းနီ၊ ချီချာရီတို၊ ဘာဘာတော့ဗ်၊ ဝဲလ်ဘက်၊ မိုက်ကယ်အိုဝင်၊ မာချီဒါတို့ဖြင့် တိုက်စစ်အင်အားကောင်းတဲ့ မန်ယူအသင်းဟာ တခြား အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ အမြဲအသင့်ရှိနေပါတယ်။ ဒီဇန်နဝါရီမှာ အတွေ့အကြုံရင့် ကွင်းလယ် ကစားသမားတစ်ယောက် ခေါ်ယူလိုက်နိုင်ပြီဆိုရင် မန်ယူအသင်းဟာ အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးမယ့် အလားအလာကောင်း များရှိပါကြောင်း။
http://burma.irrawaddy.org

ဆက်၍ ဖတ်ကြည့်ပါဦး ..

စက်ဆန်း ဂိုဒေါင် ပေါက်ကွဲမှု တွင် ဓါတု အဆိပ် သင့် မှု များ ဖြစ်ပေါ်


ယနေ့ မနက် အစော ပိုင်း က မင်္ဂလာ တောင်ညွန့် မြို့  နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွားခဲ့ သည့် ဓါတု ဗေဒ ကုန်လှောင် ရုံ ပေါက် ကွဲ မှု ၏ အကျိုး ဆက် အဖြစ် ရန်ကုန် တိုင်း မြို့  နယ်အချို့ တွင် ဓါတု ဗေဒ အဆိပ် သင့် မှု များ ဖြစ် နေသည် ဟု FNG က စုံ စမ်း သိရှိ ရသည်။

လေးနားရီ နီးပါး ကြာ လောင်ကျွမ်းထား သည့် မီး အရှိန် ကြောင့် မင်္ဂလာ တောင်ညွန့် မြို့ နယ်၊တာမွေ မြိ နယ်၊ ဒေါပုံ မြို့ နယ် ၊ သာကေတ မြို့ နယ် ၊ သင်္ဃန် ကျွန်း မြို့  နယ် တို့  တွင် ပြာမှုန်နှင့် မီးခိုး ငွေ့ များ ဖုံး လွှမ်း နေ သည်။

တာမွေ မြို့ နယ် နှင့် မင်္ဂလာ တောင် ညွန့်  မြို့ နယ် တွင်း နေကြ သူ အချို့  မှာ ယားယံ ခြင်း နှင့်အသက် ရှု ကျပ် သည့် ရော ဂါ များ ယနေ့  မနက် မှ စတင် ခံစား နေကြ ရ သည် ဟု သိရှိရသည်။ မင်္ဂလာ တောင် ညွန့် မြို့  နယ် ယုဇန ပလာ ဇာ အနီး တိုက် ခန်း များ နှင့် တာ မွေကျောက် မြောင်း ရှိ ဒေသခံ အချို့  ဉ် ယား နာ ကဲ့ သို့  အနီရောင် အဖု လေး များ ထလာ ပြီးလက် နှင့် မျက် နှာ တစ်ဝိုက် တွင် အဖြစ် များ သည် ဟု တာ မွေ သတိ ပဌာန် လမ်း မှ ဆရာဝန် တစ်ဦး က ပြောသည်။

အချို့  မှာ မျက် စေ့ စပ် လာ မှု နှင့် မျက် ရည် ပူ များ ကျဆင်း မှု များ ကြုံ တွေ့ ရသည်။

ယနေ့  မနက် အစော ပိုင်း ပေါက်ကွဲ မီး လောင် မှု ကြောင့် ဒုက္ခ ရောက် ခဲ့ သူများ ကို မြန်မာနိုင်ငံ ကြက် ခြေ နီ အသင်း ၊ တပ်မတော် စစ်ဆေးရုံ မှာ တာဝန် ရှိ သူ များ ၊ ကြံ့ဖွံ ပါတီ နှင့်သရုပ် ဆောင် ရဲတိုက် ၏ ရဲ
တိုက် ဖောင်ဒေးရှင်း မှ သွားရောက် ကူညီ လျှက် ရှိ သည်။

မီးလောင်မှု တွင် အိုးအိမ် ပျက်စီး ဆုံး ရှုံး သူများ ကို ပုသိမ်ညွန့်  ကျောင်း တိုက် နှင့် အစိုးရ အခြေခံ ပညာ ကျောင်းများ တွင် ယာယီ ခိုလှုံ ခွင့် ပြု ထား သည် ဟု သိရသည်။

ည ၂ ချက် တီး အချိန် က မီးလောင် ပေါက် ကွဲ မှု သည် ဆာလ်ဖြူ ရစ် အက်ဆစ် ဓါတု ကန်အနီး ၀ါယာ ရှော့ခ် ဖြစ်ရာ မှ စတင် ခြင်း ဟု ဆို သော် လည်း အစိုးရ တာဝန် ရှိ သူ များ ကအတိအကျ သတင်း ထုတ် ပြန် မှု မပြု သေးချေ။

မီးလောင်ပေါက် ကွဲ မှု ဖြစ်ပွား ရာ အနီး တစ်ဝိုက် ရှိ နေ အိမ် များ တွင် သောက် ရေ နှင့် စားသောက် ဖွယ် ရာ များ ကို ဖုံး အုပ် ထား ရန် အတွေ့ အကြုံ ရှိ သည့်  လူကြီး များက ယနေ့  မနက် လမ်း များ ဉ် ဆော် သြနေသည်။

ယနေ့  ည ပေါက် ကွဲ မှု ဉ် ည ၁ နာ ရီ ၄၅ မိနစ် မှ ၂ နာရီ ကျော် အထိ ဆက် တိုက် ပေါက် ကွဲ ခဲ့ပြီး အဆိုပါ ဆန်း ကြယ် သည့် ပေါက် ကွဲ မှု ကို သက်ဆိုင်ရာ က စုံ စမ်း စစ်ဆေး ဆဲ သာ ဖြစ်သည် ဟု သိရသည်။

ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တစ်ဝိုက် တွင် ၁၀ ပေ ခန့် နက် သည့် ကျင်းကြီး များ ဖြစ်ပေါ် ခဲ့ သည်။

ကူးတို့  ဆိပ် ရပ် ကွက် တွင် နေသူ များ မှာ ည လုံး ပေါက် မီး ခိုး မှုန်း များ ကြောင့် အသက် ရှုကျပ် သည့် ဒဏ် နှင့် ယားယံ မှု များ ကို လည်း ခံ စား နေရသည်။

မီးလောက် ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တွင် တွေ့ ရ သည့် အမိုနီယံ အမှုန့် များ မှာ လည်းအန္တရယ် ရှိ သဖြင့် ကိုင် တွယ် ခြင်း မပြု ရန် မီး သတ် တပ် ဖွဲ့  က ဆော် သြနေ သည်။

ယနေ့  နေ့ လည် ၁၂ နာ ရီ နောက် ဆုံး ရ သတင်း များ အရ သေဆုံး သူ ၂၀ ကျော် ရှိ ပြီး ၁၈ ဦးပျောက် ဆုံး နေကာ ၉၀ ကျော် ဒဏ်ရာ ရရှိ သည်။

ယနေ့  မီးလောင် ပေါက်ကွဲ မှု တွင် အနည်း ဆုံး အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖိုးခန် ပျက်စီးဆုံး ရှုံး နိုင် သည် ဟု ပြည်တွင်း ရေကြောင်း ပို့  ဆောင် ရေးဌာ န မှ အရာ ရှိ တစ်ဦး က ခန့် မှန်းသည်။

၂၀၁၀ ခုနှစ် ဧပြီလ မဟာ သင်္ကြန် အချိန် က ဖြစ်ပွား ခဲ့ သည် လူ ၃၀ ကျော် သေဆုံး သည့် ဗုံးပေါက်ကွဲ မှု နောက် ပိုင်း တွင် ယခု ပေါက် ကွဲ မှု သည် လူ အသေ အပျောက် အများ ဆုံး ဖြစ်သည်။

ယနေ့ မီးလောင် မှု ကြောင့် လူဦးရေ ၁၀၀၀ ကျော် အိုးမဲ အိမ် မဲ့ ဖြစ်ပွား ခဲ့ ရသည်။
by FNG on December 29, 2011

ဆက်၍ ဖတ်ကြည့်ပါဦး ..

လက်နက်ကြီး ထုတ်လုပ် ရာ တွင် သုံး သည့် ဓာတု ဗေဒ ပစ္စည်း ကြောင့် ယခု ကဲ့ သို့  ပေါက် ကွဲ မှု ပြင်းထန် ခဲ့ ခြင်း ဖြစ်


တင်ကျော်ကျော်စိုး ၊ ၊ဒီဇင်ဘာ လ ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၃၀ အချိန် တွင် ရန်ကုန် တိုင်း မင်္ဂလာ တောင်ညွန့် မြို့ နယ် ကူးတို့ ဆိပ်ရပ်ကွက် စက်ဆန်း ရှိ အစိုးရ ပိုင် ဓါတုကုန်လှောင် ရုံ တွင် မီးလောင် ပေါက်ကွဲ မှုကြောင့် လူ ၂၀ ထက် မနည်း သေဆုံး က ရာချီဒဏ်ရာ ရရှိ ခဲ့ သည့် ဖြစ် ရပ် ဆိုး ကြီး မှာ ပေါက်ကွဲ စေတတ် သည့် လက် နက် ကြီး ထုတ် လုပ် ရာ တွင် လို အပ် သည့် ဓာတု ဗေဒ ဓာတ် ပြု မှုများ ကြောင့် သား ယခု ကဲသို့  ပေါက် ကွဲ မှု ပြင်း ထန် ခြင်း ဖြစ် ကြောင်း မြန်မာ့ တပ် မတော်လက် နက် ခဲယမ်း နှင့် ပေါက် ကွဲ စေတတ် သည့် ပစ္စည်း များ ကျွမ်း ကျင် သူ အရာ ရှိ တစ်ဦးက FNG သို့  သုံး သပ် ပြောကြား သည်။

ကြီးမား သော ပေါက်ကွဲ မှု ကြီး ၄ ကြိမ်ထက် မနည်း ဖြစ်ပေါ် ကာ အသေး စား ပေါက်ကွဲ မှုများ မှာ ဆယ်ကြိမ် ထက် မနည်း ဖြစ်ခဲ့ သည့် ပြင် ပေါက် ကွဲ မှု ကြောင့် တုန် ခါ မှု မှာ ၃ မိုင်ပတ် လည် ခန့်  ရှိ ပြီး ၊ ပျက်စီး စေမှု မှာ ပေ ၂၀၀၀ ၀န်း ကျင် ခန့် ကို သက် ရောက် သည် ဆိုခြင်း ကြောင့် မည် သည့် သာမန် ဓာတု ဗေဒ ပစ္စည်း များ မှာ ထို ကဲ့ သို့  မဖြစ် ပေါ် ဟု ဆိုသည်။

ပေါက်ကွဲ သံ ကို ရန်ကုန် မြို့  မြောက် ဥက္ကလာ ပ မြို့  နယ် က ပင် ကြား သိရ ပြီး မြေကြီးများသိမ့် ခါ သိမ့် ခါ တုန် ခါ သွား မှု ကြောင့် အများ ပြည်သူ များ က ဗုံးပေါက် ကွဲ သည် ဟု ယူဆခဲ့ ကြသည်။

ပေါက်ကွဲ သည့် ကုန်လှောင် ရုံသည် အစိုးရ ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် မှ ပိုင် ဆိုင် ခြင်းဖြစ် ပြီး မြန်မာ စစ် တပ် ရှိ စစ်လက် နက် ၀ယ် ယူရေး ဌာန အရာ ရှိ များ မှာ လက် ရှိ တွင်ဖြစ် စေ ၊ အငြိမ်းစား ယူလျှင် ဖြစ်စေ ဦး ပိုင် တွင် အဆင့် မြင့် တာဝန် များ ထမ်း ဆောင်ကြ သည်။

မြန်မာ အစိုးရ သည် ယနေ့  မနက် ပေါက် ကွဲ မှု နှင့် ပတ် သက် ပြီး မှတ်ချက် တစ်စုံ တစ်ရာ ပြောကြား ခြင်း မရှိ သေးချေ။

အစိုးရ အဖွဲ့  ၀င် များ ထဲ မှ သဘောထား တင်းမာသူ အချို့ ၏ လျှို့  ၀ှက် လက်နက် တိုက်ပေါက် ကွဲ မှု ဟူ ၍ လည်း ရန်ကုန် နှင့် နေပြည် တော် တွင် သတင်း ထွက် ပေါ် နေသည်။

နေ ပြည်တော် ကာကွယ် ရေး ၀န် ကြီး ဌာန က မူ ယခု ဖြစ်ရပ် ကို Chernobyl of Burma ဟု တင်စား ခေါ် ဝေါ် နေကြ သည်။

၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင် ယူကရိန်း နိုင်ငံ ဉ် ဖြစ်ပွား ခဲ့ သည့် ချာ နို ဘိုင်းလ် ညူကလီးယား စက် ရုံ ပေါက် ကွဲ မှု ကို အဆွဲ ပြု ပြီး ယနေ့  စက် ဆန်း ပေါက် ကွဲ မှု ကို ခေါ် ခြင်း ဖြစ်သည် ဟု FNG ကို ပြော သည်။

ပေါက်ကွဲ မှု မှာ C,C2.C3, PE4 နဲ့  တင့် ကား ဖျက်မိုင်း မှာ အသုံး ပြု တဲ့ ယမ်းတွေ ဖြစ် နိုင်ပြီးအဲဒီယမ်း နံတွေ ဟာ အခုအချိန် အထိ ပေါက်ကွဲ တဲ့ နေရာ တစ်ဝိုက် မှာ ရရှိ နေဆဲ ဖြစ်ပါတယ်။တစ်ခါဒဏ်ရာ ရ လာ သူ တွေ ကို ကုသ ပေး မှု ကို လည်း ဘယ်သူ့  ကို မှ တွေ့ ခွင့် မပြု တော့ ဟုသိရ သည်။
http://freedomnewsgroup.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

လူအသေအပျောက်များသည့် ရန်ကုန်မြို့ပေါက်ကွဲမှု - ကြားဖြတ်သတင်း (Breaking News)






ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် စက်ဆန်းရှိ ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ ဂိုဒေါင်အတွင်း ပြင်းထန်စွာ ပေါက်ကွဲမှု တစ်ခု ယနေ့ နံနက် ၂ နာရီ အချိန်က ဖြစ်ပွါးခဲ့သည်။

ယခု သတင်းရေးသားနေချိန်အထိ မီးလောင်နေဆဲ ဖြစ်ပြီး သေဆုံးသည့် အလောင်းများကို ကောက်ယူ၍ မပြီးသေးသဖြင့် သေဆုံးသူ အရေအတွက် တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း Mutdfan.com မှ သတင်းသွားရောက်ယူခဲ့စဉ် အချိန်အထိ အလောင်း ဆယ်လောင်းခန့် သယ်ထုတ်ခဲ့၇ပြီး ဖြစ်သည်။ အခင်းဖြစ်ပွါးရာနှင့် ကိုက် ၅၀၀ ခန့် ဝေးသော စက်ဆန်းလမ်းမကြီးပေါ်ရှိ ရွက်နုဝေ ကျောက်စရစ်ရောင်းဝယ်ရေးဆိုင် ရှေ့လမ်းဘေးတွင် ဦးခါင်းမရှိတော့သော အမျိုးသမီးငယ် နှစ်ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ရသည်။ ကူးတို့ဆိပ်ရပ်ကွက် အတွင်းရှိ ပေါက်ကွဲမှု ဖြစ်ရာ နှင့် ကိုက်တစ်ရာအနီးရှိ နေအိမ်များ ပြိုကျကုန်ကြောင်းလည်း သိရသည်။

ပေါက်ကွဲမှုအရှိန်မှာ အလွန်ပြင်းထန်လွန်းပြီး ၈ မိုင်ခန့် ဝေးသော ဗဟန်းမြို့နယ်အတွင်းရှိ အိမ်များပါ တုန်ခါသွားခဲ့သည်။ ပေါက်ကွဲသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးသော်လည်း ခဲယမ်း မီးကျောက်များ မီးလောင်ပြီး ပါက်ကွဲမှု ဖြစ်နိုင်သည်ဟု ရပ်ကွက်နေ လူအများက သုံးသပ်သည်။

မီးသတ်ကားများ ရွှေဂုံတိုင်လမ်းမကြီးမှ ထွက်သွားအပြီး မိနစ် ၁၀ ခန့် အကြာမှ ပေါက်ကွဲသံကြီး ကြားခဲ့ရခြင်း ဖြစ်သည်။ နောက်ထပ် သိရသော သတင်းများအရ သေဆုံးသူများထဲတွင် မီးသတ်ဦးစီးဌါနမှ မီးသတ်ဝန်ထမ်းများလည်း ပါဝင်ပြီး မီးငြိမ်းသတ်နေစဉ် အခြားဂိုးဒေါင်အတွင်းမှ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်နေတဲ့ ယုဇနပါလာဇာ နားက အိမ်ရဲ့ မှန်ပြတင်းတွေ အကုန်ကွဲကုန်ပါတယ်" ဟု အခင်းဖြစ်ရပ်နှင့် လေးမိုင်ခန့် အကွာမှ လူငယ်တစ်ဦးက ပြောသလို အခင်းဖြစ်ပွါးရာ စက်ဆန်း လမ်းမကြီးတစ်လျောက်တွင်လည်း ပလူပျံနေသည့် ကျောက်စရစ်ခဲများကို မြင်တွေ့ခဲ့ရသည်။



အောက်ပါ ဓါတ်ပုံမှာ လူသေအလောင်းပုံများ ဖြစ်ပါသည်။

နှလုံးရောဂါ အခံရှိသူများ နှင့် ကြောက်တတ်သူများ မကြည့်ပါရန်...

http://www.mutdfan.com/news_images/IMG_0020.JPG (Click Here)

http://www.mutdfan.com/news_images/IMG_0014.jpg

http://www.mutdfan.com/news_images/IMG_0025.jpg

ဆက်၍ ဖတ်ကြည့်ပါဦး ..

ဘားအံစက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်၍ ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း သိရှိရ

ထိုင်းနိုင်ငံ ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်သူ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ မြန်မာများဖြစ်ပြီး ဘားအံစက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်၍ ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း သိရှိရ

ယခုနှစ် နိုဝင်ဘာလအတွင်း မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအား ယာယီဖွင့်လှစ်ပြီး ဌာနေပြန်မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံသာများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ လွှဲပြောင်းလက်ခံ ကြိုဆိုစဉ်

ထိုင်းနိုင်ငံတွင် ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်လာသူ ရွှေ့ပြောင်းလုပ်သားများအား စစ်တမ်းကောက်ယူရာ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ ကရင်ပြည်နယ်ဒေသခံများဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှ စတင် တည်ဆောက်လျက်ရှိသော ဘားအံစက်မှုဇုန်ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်၍ ရွှေ့ပြောင်းလုပ်သား အများစုအနေဖြင့် ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း စုံစမ်းသိရှိရသည်။

ဘားအံစက်မှုဇုန်ကို စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်တည် ဆောက်ပြီးလာမည့်ခြောက်လအတွင်း အပြီးသတ်တည်ဆောက်မည်ဖြစ်ကာ ပထမဆုံးလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံကို ဖွင့်လှစ်လည်ပတ်မည်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာစက်ရုံနှင့် အခြား စက်မှုလက်မှုစက်ရုံများလည်း တစ်ဆက်တည်း လုပ်ကိုင်မည်ဖြစ်သောကြောင့် ဒေသပြန်ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို စောင့်မျှော်လျက်ရှိကြောင်း သိရှိရသည်။

''ကိုယ်နေထိုင်တဲ့ ပြည်နယ်မှာ စက်မှုဇုန် ပေါ်ပေါက်လာတော့မှာမို့ မိဝေးဖဝေး ထိုင်းနိုင်ငံကို မပြန်လိုတော့ဘူးလေ။ ဒီမှာ အလုပ်အကိုင်အခွင့် အလမ်းတွေ ရလာတော့မှာ။ တစ်ဖက်နိုင်ငံက လုပ်ငန်းရှင်သူဌေးကလည်း ပြန်လာဖို့ ဖုန်းဆက်ခေါ်တယ်။ ထိုင်းမှာရေကြီးလို့ စက်ရုံတွေ ပိတ်ထားတယ်။ ငွေမာဈေးက မတည်ငြိမ်ဘူး။ မောင်လုပ်မောင်စား အဆင့်ပဲရှိတာမို့ ပြန်ကြတာများတယ်။ စက်မှုဇုန် အမြန်ပြီးစီးဖို့တော့လိုတယ်။ ဟိုမှာတတ်ခဲ့တဲ့ လုပ်ငန်းကျွမ်းကျင်မှုကို စက်မှုဇုန်မှာ အသုံးချခွင့် ပြုတဲ့အတွက် ဒီမှာပဲအပြီးသတ် နေထိုင်တော့မယ်လို့ ဆုံး ဖြတ်ထားပါတယ်''ဟု ဒေသခံတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

ဘားအံစက်မှုဇုန်ကို လာမည့်ခြောက်လအတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် လုပ်သားဦးရေ ၁၀၀၀၀ မှ ၂၀၀၀၀ အကြား အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဘားအံစက်မှုဇုန်အတွင်း ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်း ရှင်များမှ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း သိရသည်။
http://first-11.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

နှင်း များ နဲ့  ဒီဇင်ဘာ တစ်နေ့ မှာ မြောက်ကိုရီးယား ခေါင်းဆောင် ရဲ့  နောက်ဆုံး ခရီး ကို ကျင်းပ


ဒီဇင်ဘာလ ၁၇ ရက်နေ့  က ရထား ဖြင့် ခရီး သွား နေစဉ် နှလုံး ရော ဂါကြောင့် ကွယ်လွန် ခဲ့ တဲ့မြောက် ကို ရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် ရဲ့  ဈာပန အခမ်း အနား ကို ဒီနေ့  မြို့  တော် ပြုံးယမ် မှာ ကျင်း ပတယ် လို့  မြောက် ကို ရီးယား က လာတဲ့ သတင်း တွေ အရ သိရှိ ရပါ တယ်။

နှင်း တွေ တဖွဲ ဖွဲ ကျ နေ ပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အီလ် ရဲ့  ပုံ တူ ပန်းချီ ကား ကို သယ် ဆောင် လာတဲ့ မာစီး ဒီး (ဘင့်ဇ) ကား နဲ့  သယ် ဆောင် လာခဲ့ ပြီး လက်နက်တပ် ဆင် ထား တဲ့ မြောက်ကိုရီးယား စစ်သား တွေ က စောင့် ကြပ် လိုက် ပါလာ တဲ့ လွမ်းသူ့ ပန်း ခွေ တွေ တင် ဆောင် ထား တဲ့ တရုတ် နဲ့  ရုရှား လုပ် စစ်ကား တွေ နောက် မှာ တံခါး ခြောက်ပေါက်ပါ အကောင်းစား ဇိမ်ခံ ကား ကြီး ကို ပြန်ပြင် ထား တဲ့ အခေါင်းတင် ကား မှာ တော့ အသက် ၆၉ နှစ် အရွယ် မှာ သေဆုံး ခဲ့ တဲ့ ကင်ဂျုံအီလ် ရဲ့  အလောင်း ကို တင်ဆောင် လာခဲ့ ပါတယ်။

အလောင်း ကို တင် ဆောင် လာတဲ့ ကား ပေါ် မှာ သွား လေ သူ ကင်ဂျုံ အီလ် ရဲ့  ဦးလေး လဲ ဖြစ်မြောက် ကိုရီးယား က ပိုင် ဆိုင် တဲ့ ညူလက်နက် တွေ ကို ပစ်ခတ် ဖို့  အမိန့် ပေး နိုင် သူ လဲ ဖြစ်တဲ့ ဂျန် ဆောင် ထဲ နဲ့  ကာကွယ် ရေး ဦးစီး ချုပ် ရီဟောင် ယို နဲ့  ကင်ဂျုံအီလ် ရဲ့  အရိုက် အရာ ကိုဆက် ခံ တဲ့ သူ့  ရဲ့  တတိယ မြောက် သား ဖြစ်သူ ကင်ဂျုံ အွန် တို့  က ဘေးနား က လျှောက် ပြီးလိုက်ပါ လာခဲ့ ပါတယ်။

တစ်ချိန် တည်း မှာ ပဲ ဗိုလ်ရှု သဘင် ခံ ယူ သလို ပါ လုပ်သွား တဲ့ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအွန်းဟာ မြောက် ကို ရီးယား ဗိုလ်ချုပ် တွေ နဲ့  အထူး တပ် ဖွဲ့  ရှေ့ ရောက် တဲ့ အခါ မှာ ပြန် လည် အလေးပြု ခဲ့ ပါတယ်။

ကင်ဂျုံအီလ် ရဲ့  အလောင်း ကို သယ်ဆောင် လာတဲ့ ကား တန်း ကို ခြံရံ ပြီး လိုက် ပါလာတဲ့ ကားတန်း မှာ မော် တော် ယာဉ် စီးရေ ၁၀၀ ကျော် ပါ ၀င် ပြီး ၊ မြောက်ကိုရီးယား အစိုးရ က ဥရောပမော် တော်ကား ကုမ္ပဏီ တွေ ကနေ အထူး မှာ ယူထား တဲ့ မော်တော် ကား တွေ လည်း ပါရှိတယ်လို့  CNN သတင်း မှာ ဖော် ပြ ထား ပါတယ်။

အချက်ပြ လမ်းရှင်း မီး တွေ တပ် ဆင် ထား တဲ့ မာစီဒီး ကား ခြောက် စီးက ကင် ရဲ့  အလောင်း ကိုသယ် ဆောင် လာတဲ့ ကား ရှေ့ က နေ စတင် ခဲ့ ပြီး အဲဒီ နောက် မှာ တော့ မိုင် ၀က် လောက် ရှည်တဲ့ ကား တန်းကြီး လိုက်ပါလာ ခဲ့ ပါတယ်။

ကင်ဂျုံအီလ် ရဲ့  ဈာပန အခမ်းအနား ဟာ ၁၉၉၄ ခုနှစ် က ကွယ်လွန် ခဲ့တဲ့ သူ့  ရဲ့  ဖခင် မြောက်ကိုရီးယား ခေါင်းဆောင် ကြီး ကင်အီဆွန်း ရဲ့  ဈာပန နဲ့  ဆင်တူ တယ်လို့  ပြုံးယမ် က လာတဲ့ AP သတင်း မှာ ဖော် ပြထား ပါတယ်။

ကင်အီလ်ဆွန်း ရင် ပြင် ရောက် တဲ့ အခါ မှာ ဂုဏ်ပြု တပ် ဖွဲ့  က သေနတ် ၂၁ ချက် ပစ် ဖောက် အလေးပြု ခဲ့ ပြီး ဈာပန အခမ်း အနား ကို တက်ရောက် လာကြတဲ့ ပြည်သူ ထောင် ပေါင်း များ စွာ က ငိုကြွေးတာ ကို မြောက် ကို ရီးယား အစိုး ရ အာ ဘော် ရုပ် သံ မှာ ဖော်ပြ ခဲ့ ပါတယ်။

ကင်ဂျုံအီလ် ရဲ့ အလောင်း တင်ဆောင် လာတဲ့ ကား ကို မြောက်ကိုရီးယား အလုပ်သမား ပါတီ ရဲ့  အလံအုပ်ထား ပြီး ဒီကား ဘေးမှာ တော့ ပါတီ နဲ့  အစိုး ရ ဘက် မှာ ထိပ် တန်း ခေါင်း ဆောင် ၅ ဦး နဲ့  စစ်တပ် ဘက် မှာ ထိပ် တန်း ခေါင်း ဆောင် ၅ ဦး တို့  က ခြံရံ ပြီး လိုက်ပါလာ ခဲ့ ကြပါတယ်။

ဒီ အသု အဘ အခမ်းအနား ကို ကြည့် ရတာ ဟာ မြောက် ကိုရီးယား နိုင်ငံ ဟာ အာဏာ ကို ချောချောမွေ့ မွေ့  နဲ့  လွှဲ ပြောင်း နိုင် ခဲ့ ပုံ ရှိတယ် လို့  ဟိုနိုလူလူ မှာ ရှိတဲ့ အရှေ့ - အနောက် စင်တာ က မြောက်ကို ရီးယား ရေးရာ ကျွမ်းကျင် သူ ဒယ်နီရွိုင်း က CNN ကို ပြောပါတယ်။

လက်ရှိ မြောက် ကိုရီးယား မှာ ထိပ်တန်း သြဇာ အာဏာ ရှိ တဲ့ သူ တွေ ဟာ ခေါင်းဆောင် သစ် ကင်ဂျုံအွန်း ရဲ့  နောက်က နေ ရိုရိုသေသေ လိုက်ပါ လာ ခဲ့ ကြပါတယ်။
http://freedomnewsgroup.com/






ဆက်၍ ဖတ်ကြည့်ပါဦး ..

Wednesday, December 28, 2011

နိုင်ငံခြားမှ ငွေလွှဲနိုင်ရန် ဧရာဝတီဘဏ် လုပ်ဆောင်နေဟု ဦးဇော်ဇော်ပြော

ရန်ကုန်(မဇ္ဈိမ) ။ ။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ငွေလွှဲပို့ဆောင်နိုင်ရန် အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

အင်္ဂါနေ့ ညနေက ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီဘဏ် တနှစ်ပြည့် ညစာစားပွဲ တွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“အခု မလေးရှားက အလုပ်သမားတွေ ဗမာပြည်ကို ငွေပြန်လွှဲဖို့အတွက် ဆောင်ရွက်နေပါပြီ။ သို့သော် authorised dealer ရတဲ့ပုံစံမျိုးနဲ့သွားတာ မဟုတ်သေးပါဘူး။ Swift code တွေ ရတဲ့အခါ နိုင်ငံတကာက ဘဏ်တွေနဲ့ ဆက်စပ် ပြီးလုပ်ဆောင်လို့ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ဦးဇော်ဇော်နှင့် ဦးကိုကိုထွေး (တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ) (ဓါတ်ပုံ မဇ္ဈိမ)

မြန်မာအမျိုးသားပိုင် ဘဏ်များအနေဖြင့် နိုင်ငံတကာ ဘဏ်လောကသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်မှာ အလှမ်းဝေးနေဆဲဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုကလည်း ဘဏ်လုပ်ငန်းအတွက် အဟန့်အတားတခု ဖြစ်နေသေးကြောင်း ထည့်သွင်း ပြောဆိုသွားသည်။

“ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ ဒီဘဏ်တွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ လည်ပတ်မှု ဆိုတာ လည်း အတားအဆီး အနှောက်အယှက်တခု ရှိတယ်ဆိုတာတော့ မလွဲမသွေ တင်ပြလိုပါတယ်” ဟု ပြောသည်။

ဧရာဝတီဘဏ်ကို ၂၁.၈.၂ဝ၁ဝ ရက်နေ့တွင် နေပြည်တော်၌ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး တနှစ်အတွင်း နိုင်ငံတွင်း ဘဏ်ခွဲ ၁၇ ခု ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တနှစ်ပြည့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ၊ မြန်မာ့ထိပ်တန်း စီးပွါးရေး လုပ်ငန်းရှင်များ၊နိုင်ငံခြားဧည့်သည်များ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသူ ပရိသတ်များထဲမှ မြို့တော်ဝန် ဦးလှမြင့်အပြင် ဦးအောင်ကိုဝင်း (ကမ္ဘောဇဘဏ်)၊ ဦးချစ်ခိုင် (မြန်မာ့ရှေ့ဆောင်ဘဏ်)၊ ဦးတေဇ (AGD ဘဏ်)နှင့် ဦးနေအောင် (United Myanmar ဘဏ်)တို့အား အထူးပြုကျေးဇူးစကား ဆိုသွားပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအနေဖြင့် growing together, win-win situationဖြစ်ခဲ့ကြောင်း သုံးသပ်ပြောဆိုသွားသည်။

ဧရာဝတီဘဏ်မှာ ညီနောင်ဘဏ် ၈ ခုနှင့် မြို့နယ် ပေါင်း ၁၂ဝ ကို ချိတ်ဆက်ပြီး ငွေလွှဲလုပ်ငန်းများ လုပ်ဆောင်နေ ကာ စီးပွါးရေးလုပ်ငန်း ၃၅ဝဝဝ ခန့်နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ဘဏ်တခုဖြစ်ကြောင်း ဦးလှမြင့်က ပြော သည်။

ဆက်၍ ဖတ်ကြည့်ပါဦး ..

ရထားပေါ်မှာပဲ ဘဝဆုံးတဲ့ ရထားချစ်သူ

ဒီဇင်လဘာလ ၁၇ ရက်နေ့က ရထားပေါ်မှာပဲ နှလုံးရောဂါနဲ့ အနိစ္စသဘော ကိစ္စချောသွားတဲ့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးလ် အခုတော့ ပန်းတွေနဲ့ ဝေနေပါပြီ။လာမယ့် ဒီဇင်လာ ၂၈ ရက်နေ့မှာတော့ နိုင်ငံတော် ဈာပနနဲ့ သူ့ကို သင်္ဂြိုဟ်ပါတော့မယ်။

မြောက်ကိုရီးယားမှ ၂၀၀၂ ခုနှစ်တွင် ထွက်ပြေးလာပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခိုလှုံနေသော ရုပ်ပြောင်ရေးသူ Song Byeok က သူ၏ စတူဒီယိုတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ရေးဆွဲထားသည်များကို ပြသစဉ် (ဓာတ်ပုံ - AP)

ကင်ဂျုံအီးလ်ဟာ ဖခင်ဖြစ်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်အီဆွန်း ကွယ်လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက မြောက်ကိုရီးယားရဲ့ အာဏာရှင်ကြီးအဖြစ် ဖခင်အရိုက်အရာကို ဆက်ခံခဲ့တဲ့သူပါ။

မြောက်ကိုရီးယားမှာ သိကြတဲ့ သူ့ကိုယ်ရေးရာဇ၀င်အရ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြောက်ကိုရီးယား တောင်တန်းဒေသမှာ ထူးခြားတဲ့နက္ခတ်တွေနဲ့ ယှဉ်ပြီး ဘုန်းတန်ခိုးကြီးသူအဖြစ် မွေးတယ်ဆိုပါတယ်။ ဒါပေမယ့် ဘီဘီစီ သတင်းတပုဒ်မှာတော့ သူ့ဖခင် ကင်အီဆွန်း ပြည်ပြေးစဉ် ဆိုက်ဘေးရီးယားမှာ သူ့ကိုမွေးခဲ့တယ်လို့ ဆိုထားပါတယ်။

ငယ်စဉ်ကတည်းက တကိုယ်ကောင်းဆန်တဲ့ ကင်ဂျုံအီးလ်ဟာ တရုတ်ပြည်မှာ အနေများခဲ့ပြီး ပညာလည်း တရုတ်နိုင်ငံမှာ သင်ခဲ့ပါတယ်။ တိုင်းပြည်မှာ အာဏာအရှိဆုံး ဖြစ်လာတဲ့အချိန်မှာ တရုတ်နိုင်ငံ ခေါင်းဆောင်တချို့ရဲ့ အကြံဉာဏ်ကလွဲရင် ဘယ်သူ့ဆီကမှ မယူဘူး။

သူခရီးသွားတဲ့ အခါမှာ အချိန်မီ သွားလာနိုင်ဖို့ လေယာဉ်နဲ့ခရီးသွားခြင်းဟာ အလွန်သင့်တော်တယ်လို့ အကြံပြုတာကို လုံးဝ ပယ်ချခဲ့တယ်။ ကင်ဂျုံအီးလ်ဟာ လေယာဉ်စီးရမှာကို အလွန်ကြောက်လန့်သူဖြစ်ပြီး အမြင့်တက်ရမှာလဲ အလွန်ကြောက်တတ်တဲ့သူပါ။ ပိုဆိုးတာက လေယာဉ်စီးသွားချိန်မှာ အချိန်မရွေး ပျက်ကျတာဖြစ်ဖြစ်၊ ဖျက်ချတာဖြစ်ဖြစ် အသက်ဆုံးရှုံးသွားရမှာကို သူက အကြောက်ဆုံးလို့ ဆိုပါတယ်။

တဖက်ကလည်း မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ တခြားလေယာဉ်တွေကို ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ခဲ့ရာမှာ ပတ်သက်နေတာကြောင့် သူ့အလှည့် ပြန်ခံရမှာကို ကြောက်နေပုံလည်း ရပါတယ်လို့ ဝေဖန်ကြတယ်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံ အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံဖို့လည်း သူက အမိန့်ပေးခဲ့တာလို့ ကျွမ်းကျင်သူတွေက ဆိုထားတယ်။ သမ္မတ ချန်ဒူးဝမ် အသက်ဘေးလွတ်ပေမယ့် တောင်ကိုရီးယား အစိုးရအရာရှိ ၁၇ ဦး သေဆုံးခဲ့တယ်။

လက်နက်မှောင်ခိုနဲ့ မူးယစ်ဆေးဝါးကိစ္စတွေလည်း ပတ်သက်သလို ဂျပန်တွေကိုလည်း ပြန်ပေးဆွဲတာတွေ သူစီမံလုပ်ခဲ့ပါတယ်။

ဒါတွေကြောင့် ကင်ဂျုံအီးလ်ဟာ သူ့ကို ပြန်လည်လုပ်ကြံခံရမှာကို သတိထားလေ့ရှိတယ်။ လေယာဉ်စီးပြီး ခရီးမထွက်တာလည်း ဒါကြောင့်ဖြစ်တယ်။ သူ့နောက်ဆုံးအချိန်အထိ ကျေကျေနပ်နပ်လက်ခံပြီး ခရီးသွားဖို့ ခင်တွယ်တာ တခုပဲရှိတယ်။ ဒါကတော့ ရထားနဲ့ ခရီးသွားခြင်းပါ။

သူစီးလေ့ရှိတဲ့ ရထားဟာ နန်းတော်တခုလို ပြင်ဆင်ထားပြီး ရထားထဲမှာ အလွန်နှစ်လိုဖွယ် ကတ္တီပါတွေ၊ ကော်ဇောတွေ၊ လက်မှုပစ္စည်းတွေ၊ တံဆိပ်အမျိုးမျိုးနဲ့ ထောင်ချီတဲ့ ၀ိုင်အရက်ပုလင်းတွေ၊ အီတလီ၊ ဂျပန်နဲ့ ဥရောပ စားဖိုမှူးတော်တော်များများလည်း သူ့ရဲ့ရထားကြီးမှာ ပါလေ့ရှိပါတယ်။ အမွှေးအကြိုင်လည်း ရထားတွဲတိုင်း သင်းပျံ့နေလေ့ရှိတယ်။

သူသေတော့လည်း ရထားပေါ်မှာပဲ သေပါတယ်။

သူ့အကြောင်း မြန်မာပြည်မှာ စာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဟိန်းလတ်က “ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်။ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက် စားတယ်ဆိုတာလောက်ပါတာပါ။ ဒီထက်ဆက်ရေးရင် အများကြီးပဲ။ သူ့ဆီမှာ အီတာလျှံ စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက်တွေထားပြီး ကောင်းကောင်းစားတယ်။ လူရှေ့သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲဒီစာအုပ်တွေမှာ ရေးထားတယ်” လို့ ပြောပါတယ်။

မြောက်ကိုရီးယား ပြည်သူတွေကတော့ ငတ်နေပါတယ်။ ကလေးငယ်တွေဆိုရင် အဟာရချို့တဲ့တဲ့ဒဏ် အပြင်းအထန်ခံစားကြရပါတယ်။

အလွန်ခမ်းနားတဲ့ ကင်ဂျုံအီးလ်ရဲ့ ရထားတွဲ ဖြတ်သွားလိုက်တိုင်း မြောက်ကိုရီးယား ပြည်သူတွေရဲ့ ဘ၀အမော ငိုချင်းချ ညည်းတွားသံတွေကို သူနဲ့အတူပါနေကျ တတိယသားတော်၊ အခုငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရှင်ဖြစ်လာသူ ကင်ဂျုံအန်းလည်း မကြားခဲ့ကြဘူး။ မြောက်ကိုရီးယား ကွန်မြူနစ်နန်းတော်မှာ သြဇာညောင်းတဲ့ ညီမနဲ့ ယောက်ဖဖြစ်သူတို့ စုံတွဲကလည်း မမြင်ခဲ့ကြဘူး။

မြောက်ကိုရီးယားနိုင်ငံမှာ အာဏာရှင် နန်းဆက်ရှည်နိုင်ရေးအတွက် ကင်ဂျုံအီးလ်ဟာ သူ မကွယ်လွန်ခင်ကတည်းက သားဖြစ်သူ ကင်ဂျုံအန်း ဆက်ခံနိုင်စေဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါကြောင့်လည်း မနှစ်က စက်တင်ဘာလထဲမှာ ကင်ဂျုံအီးလ်ဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ကင်ဂျုံအန်းကို ဗိုလ်ချုပ်ကြီး ရာထူးပေးခဲ့တာပါ။ ညီမနဲ့ ယောက်ဖတော်တွေကိုလည်း အရေးပါတဲ့ နေရာတွေကို ပေးထားခဲ့တယ်။

ကင်ဂျုံအန်းဟာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့မှာ ပညာသင်ခဲ့တယ်။ ကင်အီဆွန်းတက္ကသိုလ်က ဘွဲ့ရခဲ့တယ်။ ဘတ်စကက်ဘော ၀ါသနာထုံသလို နှင်းလျှောစီးလည်း ကျွမ်းကျင်တယ်။ ဖခင်နဲ့ တူတာကတော့ ၀ိုင်အရက်နဲ့ ရုပ်ရှင်ကို အလွန်ကြိုက်တာပါပဲ။

ကင်ဂျုံအန်းက သွားလေရာ ဗီဒီယို ကင်မရာယူသွားလေ့ရှိပြီး မိန်းမလည်း ကြိုက်ပါသေးတယ်။ ဘီယာချစ်သူလည်း ဖြစ်တယ်။

ဒီသားတော်မောင်နဲ့ ချစ်ညီမ စုံတွဲအတွက် ကင်ဂျုံအီးလ်က အစစအရာရာ အနာဂတ်ရေး စိတ်အေးချင်လို့ ပြင်ခဲ့ဆင်ခဲ့တယ်။

ကင်ဂျုံအီးလ်ဟာ သူကြိုက်တဲ့ ၀ိုင်ခွက်ကို မြှောက်မြှောက်ပြီး ၀ိုင်ရနံ့ကို ခေါင်းဝှေ့ ခံစားလိုက်တိုင်း မြောက်ကိုရီးယား ပြည်သူတယောက် အသက်ရှုရပ်သွားတာကိုတော့ ကြိုတင်မခံစားခဲ့ပါဘူး။ သူကြိုက်တဲ့ စီးကရက် မီးခိုးငွေ့များထဲ အနာဂတ်မဲ့ မြောက်ကိုရီးယား ကလေးငယ်များရဲ့ ၀ိဉာဉ်တွေလူးလွန့်နေတာ သူ ဂရုမစိုက်ပါဘူး။

ဝင်ရိုးတခုတည်း ကမ္ဘာမှသည် ဝင်ရိုးစုံကမ္ဘာကြီးအဖြစ် ပုံဖော်နေတဲ့ အချိန်မှာ မိစ္ဆာနိုင်ငံတွေကို မွေးဖွားပေးလေ့ရှိတဲ့ ပေါက်ဖော်ကြီး ရှေ့ကျားအဖြစ် မြောက်ကိုရီးယားဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့တာ ကြာပါပြီ။

ကမ္ဘာကြီးကို ခါးစောင်းတင်ဖို့ ရည်ရွယ်ချက်နဲ့ မြောက်ကိုရီးယားကို ကမ္ဘာ့နိုင်ငံတွေက လေးစားကြောက်ရွံ့ခြင်း ခံရအောင် နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားရင်း ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံလည်း ဖြစ်လာသလို လူဦးရေ ၆ သန်းကျော်ဟာ ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို အလူးအလှိမ့် ခံစားနေရတာပါ။

တောင်ကိုရီးယားနဲ့ နိုင်ငံတကာက ငတ်မွတ်မှုခံစားနေရတဲ့ မြောက်ကိုရီးယား ပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါး၊ အ၀တ်အထည်တွေကို လူသားချင်းစာနာပြီး ကူညီပေးခဲ့ကြတာတောင် အာဏာရှင်ကြီးက ကန့်သတ်ခဲ့ပါ တယ်။

နျူကလီးယား လက်နက်စမ်းဖို့ မြေကျင်းကြီးတွေတူး၊ ပြင်းထန်တဲ့ဖောက်ခွဲမှုတွေစမ်းသပ်နေချိန်မှာ ထောင်နဲ့ချီတဲ့ အသက် ၅ နှစ်အောက် မြောက်ကိုရီးယား ကလေးငယ်တွေဟာ အာဟာရဓာတ်ချို့တဲ့လို့ သေဆုံးကြရတယ်။ ငိုသံတွေဟာ ဗုံးခွဲသံတွေကြား ပျောက်ကွယ်သွားတယ်။

စစ်တပ်အင်အားကြီးမားရေးနဲ့ နျူကလီးယားကို စစ်ရေးအတွက်သာ အမြဲစဉ်းစားခဲ့တဲ့ ကင်ဂျုံအီးလ်ဟာ လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်ပေးနိုင်စွမ်းရှိလျက်နဲ့ ကွန်မြူနစ်နန်းတော်ကလွဲလို့ တိုင်းပြည်ကတော့ ညတိုင်း မှောင်မည်းနေတတ်ပါတယ်။

ဒီလို နျူကလီးယားလက်နက် စမ်းသပ်တဲ့ပေါက်ကွဲသံနဲ့ တာဝေးပစ် ဒုံကျည်စမ်းသပ်လို့ ပေါ်ထွက်လာတဲ့ အသံတွေ၊ မြောက်ကိုရီးယား အများပြည်သူတွေရဲ့ အငတ်ဘေးကြောင့် ငိုကြွေးသံတွေကို ကင်ဂျုံအီးလ်ကတော့ ၀ိုင်အရက်နဲ့ မြည်းနေခဲ့တယ်။

နျူကလီးယားရပ်တန့်ရေး ၆ နိုင်ငံဆွေးနွေးပွဲကို ကင်မ်ဂျုံအီလ်ဟာ မြောက်ကိုရီးယား နိုင်ငံသားတွေရဲ့ သွေးသားတွေ၊ ဘ၀တွေနဲ့ အပေးအယူလုပ် ဈေးဆစ်နေလေ့ရှိတယ်။

မြောက်ကိုရီးယား ပြည်သူတွေအတွက် စနစ်ရဲ့ကျိန်စာကြောင့်လား၊ သူတို့ အာဏာရှင်မျိုးဆက်များရဲ့ မိုက်မဲမှုကြောင့်လား ဝေခွဲ သိခွင့်မရဘဲ အဓိပ္ပာယ်မဲ့ အသက်ဆက်ရှင်သန်နေရတယ်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ် စစ်ပွဲကြီး ရပ်နားပြီးတော့ မြောက်ကိုရီးယားနိုင်ငံရယ်လို့ ပေါ်ထွန်းလာခဲ့တဲ့ အချိန်မှာ ခေါင်းဆောင်ကြီး ကင်အီဆွန်ရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ ကွန်မြူနစ်စနစ်ကို ကျင့်သုံးခဲ့တာဟာ မြောက်ကိုရီးယား နိုင်ငံသားတွေအတွက် ကျိန်စာသင့်မှု စခဲ့တာလားလို့ ပြောရမလိုပါပဲ။
http://burma.irrawaddy.org

ဆက်၍ ဖတ်ကြည့်ပါဦး ..

Tuesday, December 27, 2011

ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု

အသင့်တင့်ခိုင်လုံသော သတင်းဌာနမှ သတင်းအရ၊ ရွှေရတနာမိန်းမနှင့် အဖွဲ့သည် စနေ၊ တနင်္ဂနွေနေ့များက လက်ခံရရှိသည့် ငွေလွဲရန် ငွေဒေါ်လာများကို ဒီဇင်ဘာ
၁၉ (တနင်းလာနေ့) တွင် စတိသဘော ဘဏ်တွင်သွင်းပြခဲ့ပြီး၊ တနင်းလာ၊ အင်္ဂါနေ့တွင် ထပ်မံဝင်ရောက်လာသည့် ငွေများစွာ စုစည်းပြီး အစဖျောက်သွားခဲ့သည်။

အင်္ဂါနေ့ညတွင် ခန့်မှန်းချေ စင်ကာပူ ဒေါ်လာ သန်း ၄၀ ခန့်ဖြင့် ထွက်ပြေး၊ အစဖျောက်သွားသည်။ လန်ဒန်တွင် ဖမ်းမိသည် ဆိုသည်မှာ မဟုတ်ပါ။ လွတ်နေဆဲ ဖြစ်သည်။

ထိုအမျိုးသမီး ထွက်ပြေးသွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျှက်နှင့် ပင်နီစူလာဆိုင်များမှ ငွေများကို ဆက်လက် လက်ခံယူပြီး လက်ကျန် ဒေါ်လာ ၂ သန်းခန့်ကို
လက်ကျန်ရှင်းပြီး အလစ်သုတ်၊ အစဖျောက်သွားပါသည်ဟု သတင်းများတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။

(မှတ်ချက် – သတင်းထွက်ကာစက ဒေါ်လာ ၄ သန်း ခန့် လိမ်ခံရသည် ဟု ဆိုပြီး၊ ယခုအခါ သန်း ၄၀ ကျော် ဖြစ်လာပါသည်။ အချို့ကလည်း ဘီလျှံဒေါ်လာဟု ဖေါင်းပွ
ပြောဆိုနေကြပါသည်။)

စူပါရိုင်ရယ် မှ အမျိုးသမီးကလည်း လန်ဒန်သို့ထွက်ပြေးသွားပြီး ပြန်လာပြီး ရှင်းရန်ရှိသည်။ သီရိမွန်မှ အမျိုးသမီးတစ်ယောက်သာ စင်ကာပူတွင် ဒိုင်ခံဖြေရှင်းနေရပါသည်။

ငွေလွှဲလုပ်ငန်းကို ဆိုင်များစွာက လုပ်ကိုင်နေရာ ထပ်ဆုံးခေါင်မှ ဒိုင်ကြီးများက ဈေးကစားပြီး သိမ်းဆည်းပါသည်။ ရွှေရတနာအမျိုးသမီးအုပ်စုက ငွေဈေး ကစားနိုင်သောကြောင့် လူများ အထင်ကြီး၊ ယုံကြည်မှုကို ရအောင်လုပ်ပြီး အပိုင် လိမ်လည်သွားခြင်းဖြစ်သည်။

မြန်မာပြည်သို့ ငွေပို့သူများ ဒေါ်လာသိန်း၊ သန်းချီသော လုပ်ငန်းရှင်ကြီးများစွာ “လူယုံသတ်” ခံလိုက်ရပါသည်။ အဓိက ရွှေရတနာဆိုင်မှာ ခပ်တည်တည် ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး၊ လွိုင်ဟိန်းဆိုင်မှာ ပင်နီစူလာငွေလွှဲဆိုင်အသေးများမှ ငွေ စုစုပေါင်း ၂သန်းခန့်ကို ရွှေရတနာအကြောင်းပြပြီး ထပ်မံလိမ်သွားသောကြောင့် ခရစ်စမတ်နေ့ နေ့ခင်းမှာ ဆိုင်တွင “လူလိမ်လင်မယားစာ” နှင့် “လင်မယားဓါတ်ပုံကြီး” ပါကပ်ထားခြင်းခံရပါသည်။ ညပိုင်းတွင် လုံခြုံရေးမှ ခွာယူသွားပါသည်။

စုစုပေါင်း ဒေါ်လာ (သန်း ၄ ၊ ၅ သန်း သို့မဟုတ်က) သန်း ၄၀ ခန့်မှာ မြန်မာ – စင်ကာပူနိုင်ငံ စီးပွားရေးအတွက် ထိခိုက်မှုမရှိသော်လည်း၊ ခံလိုက်ရသောသူများမှာ တသက်စာ၊ ချွေးနှီးစာ များဖြစ်ပါသည်။

မြန်မာပြည်တွင်းမှ ခံလိုက်ရသော ငွေရှင်ကြီးများကလည်း တရားစွဲရေးအတွက်၊ မည်သို့လုပ်ရမည်ကို မသိကြသေးပါ။ ထိုငွေများအား ရွှေရတနာနှင့် လွိုင်ဟိန်း
ထွက်ပြေးသွားသူများထံမှ ပြန်လည်ဖေါ်ထုတ်ရန် နည်းလမ်း ရှာနေဆဲပင်ဖြစ်သည်။

ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျ ရယူစွဲဆွဲပြီး အစိုးရအမှု၊ တရားမမှု၊ ရာဇ၀တ်မှု တခုမဟုတ် တခုခု ဖြစ်ရန်မှာ ခက်ခဲနေပါသည်။

၂၆ ဒီဇင်ဘာ ရန်ကုန်မှ ELEVEN MEDIA သတင်းအရ၊ စင်ကာပူအစိုးရနယ်မြေတွင် အခြေပြု ဖြစ်ပွားသောကြောင့် စင်ကာပူအစိုးရ၏ ငွေကြေးဆိုင်ရာနံပါတ် (၁)
အဖွဲ့ကြီးဖြစ်သော M.A.S Monetary Authority of Singapore မှ တာဝန်ယူ စစ်ဆေးဖွယ်ရာ ရှိသည်ဟု ရေးသားထားပါသည်။

မြန်မာအစိုးရက အပြန်အလှန်ကူညီပြီး ငွေကြေး လောင်ဒရီ၊ ဟွန်ဒီလုပ်ငန်းများတွင် မသမာလုပ်သူများအား အရေးယူမည့် အလားအလာရှိသည်။ ထိုအမျိုးသမီးသည် စင်ကာပူနိုင်ငံသားဖြစ်ပြီး၊ တရုပ်နိုင်ငံကူးလက်မှတ်ကိုလည်း တရားမ၀င်ကိုင်ဆောင်ဟန် ရှိသောကြောင့် တရုပ်ပြည်အစိုးရနှင့်လည်း ဆက်နွယ်လျှက်ရှိသဖြင့် နိုင်ငံတကာ မသမာလုပ်ရပ်ကြီးဖြစ်သည်။

သင်ခန်းစာယူစရာအဖြစ် – ငွေကြေး၏ သားကောင်၊ လောဘသားကောင် ဖြစ်ခဲ့သူများ တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသကဲ့သို့ ငွေကြေးနဲ့ လောဘဇော သားကောင်များဘ၀မှ လွတ်မြောက်စေလိုပါသည်။

ယခုနှစ် ဒီဇင်ဘာလ၊ ခရစ်စမတ်ပွဲတော်အတွင်း စင်ကာပူတွင် ၀မ်းနည်း၊ ၀မ်းသာ သတင်း၂ ခုသိရသည်။ ၀မ်းသာခြင်းမှာ ကျွန်တော် အနှစ် ၂၀ ကျော် ဆောင်ခဲ့သော
ပြည်ပရောက် မြန်မာများဝင်ငွေခွန် နောက်လမှစပြီး ဆောင်စရာမလိုတော့ ဟူသောသတင်းဖြစ်ပါသည်။

ဝမ်းနည်းခြင်းမှာ မိတ်ဆွေများစွာ ငွေကြေး၏ သားကောင်ဘ၀တွင် ဒုက္ခရောက်သွားသောကြောင့် ဖြစ်သည်။

ပင်နီစူလာမှ ရွှေရတနာဆိုင် အမျိုးသမီးတဦးက ဒေါ်လာ သန်းပေါင်းများစွာနှင့် ပျောက်ဆုံးသွားခြင်း၊ သူ ပျောက်ဆုံးသွားသည်နှင့် လွိုင်ဟိန်းဆိုင်မှ ဇနီးမောင်နှံလည်း ပင်နီစူလာဆိုင်များ မှတဆင့် လွှဲပေးသည့် ငွေဒေါ်လာ သန်းဂဏန်းကို ဆက်လက်လက်ခံယူပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။

အလုပ်သမားများ၏ ချွေးနှည်းစာလွှဲငွေများကို အခြားပင်နီစူလာဆိုင်များက မြန်မာပြည်တွင် ကျပ်ငွေဖြင့် ပြန်လည် ပေးသော်လည်း ထွက်ပြေးသွားသည့် လူလိမ်ဆိုင်များမှ ပြန်ရဖို့ တော်တော်ခက်သွားပါပြီ။ အထူးသဖြင့် ငွေနောက်လိုက်သူ များစွာ ခံလိုက်ရသည်။

ငွေလွှဲသူ အနည်းစုသာ ခံရသော်လည်း ယုံပြီး စီးပွားရေးအတွက် အပ်နှံငွေများမှာ ပလုံ ဖြစ်သွားပါတော့သည်။ ပင်နီစူလာတွင် ထိုသို့ငွေကြေးဆိုင်ရာ တရားမ၀င်လုပ်ဆောင်နေသည့် အုပ်စုအချို့ ရှိရာ ရွှေရတနာဆိုင်မှာ ငွေလွှဲအုပ်စုတခုဖြစ်သည်။ အခြားငွေလွှဲအုပ်စုများမှာ ပုံမှန်လုပ်ဆောင်လျှက်ရှိပါသည်။

လွန်ခဲ့သော ၃နှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် ကျပ်ငွေတန်ဖိုးတက်လာသည်။ မြန်မာအစိုးရကလည်း အတိုးနှုန်း တနှစ် ၁၃ ရာနှုန်း တရားဝင် ခွင့်ပြုထားသည်။ တရားမ၀င် ငွေတိုးချေးစားသူများမှာ အတိုးနှုန်း ၃၆ ရာနှုန်းမှ လက်လီ အသေးစားချေးငွေများမှာ နေ့ပြန်တိုး ၅ကျပ်နှုန်း (၆၀ရာနှုန်း) အထိ ယူကြသည်။

စင်ကာပူရှိ ငွေစုဆောင်းထားသူများသည် ဘဏ်အတိုးနှုန်း ၀.၂ ရာနှုန်းမျှသာရပြီး၊ Fix Deposit ၂နှစ် အပ်နှံပါက အတိုးနှုန်းပိုမိုရသည်။ (Less than S$5,000 = 0.1875% p.a. More than S$5,000 to below S$50,000 = 0.30% p.a )။

သို့သော် မြန်မာနိုင်ငံမှပေးသော ၁၃ရာနှုန်း မပြောနှင့် ၃ ရာနှုန်းပင် စင်ကာပူဘဏ်များက မပေးပါ။ ထိုအခါ စင်ကာပူဒေါ်လာ သောင်းဂဏန်း စုဆောင်းမိသူများသည် မိမိတို့ငွေများကို ယုံကြည်စိတ်ချသူ ပင်နီစူလာဆိုင်ပိုင်ရှင်များ (သို့မဟုတ်) လုပ်ငန်းရှင်များထံ အပ်နှံထားရသည်။

မြန်မာပြည်တွင် လုပ်ငန်းများထူထောင်ထားသော ဟိုတယ်၊ ခရီးသွားလုပ်ငန်းများမှာ လကုန်၊ နှစ်ကုန်လျှင် ကျပ်ငွေနှင့် လစာပေးရသောကြောင့် စင်ကာပူမှဒေါ်လာများ မြန်မာပြည်သို့ လွှဲခြင်းလုပ်ငန်းမှာ ဒီဇင်ဘာလကုန်တွင် အထူးများပြားလှပေသည်။

ယုံကြည်၍ အတိုးနှုန်းများများရရန် အပ်နှံထားသောငွေများကို ထိုမိန်မက အပိုင်သိမ်းပိုက်သွားဖြင်းဖြစ်သည်။ ထိုမိန်းမ ငွေကြေးအကြပ်အတည်းဆိုက်ရောက်နေသည်ကို လုပ်ငန်းရှင်များ ရိပ်မိသော်လည်း ထိုသို့လုပ်ရက်မည် လုံးဝမထင်မှတ်ခဲ့ပါ။

နောက်ဆုံးတွင် ပိုလျှံငွေ၊ စုဆောင်းငွေများကို အတိုးနှုန်း ပိုမိုတိုးပွားရလိုသူများစွာ၏ ငွေများ၊ စုစုပေါင်း ဒေါ်လာ သန်း၄၀ ကျော်သည်ဟု ဆိုပါသည်။ (YANGON, ELEVENDIA MEDIA သတင်းအရ အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ဟု ဆိုသည်)။

မြန်မာပြည်တွင်လည်း ငွေတိုးပေးလုပ်ငန်းလုပ်သူများကို ဖမ်းဆီးပြီး .. စင်ကာပူတွင်မူ ထိုလုပ်ငန်းမှာ တရားမ၀င်ဖြစ်သောကြောင့် ရဲက ဖမ်းဆီးလောက်သည့်အဆင့်
မရောက်သေးပါ။ ပြဿနာက ခံလိုက်ရသူများကို အလွန်ပူလောင် စိတ်သောကရောက်စေပါသည်။

သို့သော် ခပ်တည်တည်ဖွင့်နေသော ရွှေရတနာဆိုင်ကိုပင် လူအများအံ့သြနေဆဲဖြစ်သည်။

ငွေသည် ပူလောင်တတ်ပါသည်။

၂၆-ဒီဇင်ဘာ-၂၀၁၁
http://moemaka.com/
ဝတ်မှုံ၊ စင်ကာပူ၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၁

ဆက်၍ ဖတ်ကြည့်ပါဦး ..

မလေး၊ ထိုင်းသို့ လူပို့သူ မှောင်ခိုသမား ၃၆ ဦးကို ဖမ်းဆီးရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ အမိန့်ထုတ်

ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနမှ မလေးနှင့် ထိုင်းသို့ လူမှောင်ခိုပို့သူများဟု သံသယ ဖြစ်ခံရသူ ၃၆ ဦးကို ဖမ်းဆီးရန် ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

မလေးသို့ သွားလိုသူများကို အဓိက တင်ပို့ရာ နတ်မြစ်ဝရှိ အုန်းကျွန်း

အဆိုပါ လူပုဂ္ဂိုလ် ၃၆ ဦးမှာ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာနိုင်ငံမှ မလေးသို့ သွားလိုသူများကို ငွေကြေး ယူဆောင်ပြီး မော်တော်ဘုတ်များဖြင့် ပို့ဆောင်နေသူများ ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနမှ ယခုကဲ့သို့ ဖမ်းဆီးရန် အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေး အဖွဲ့မှ အဆိုပါ ပုဂ္ဂိုလ်များ၏ အမည် စာရင်းကို အစိုးရ ၀န်ကြီး အဖွဲ့သို့ တင်ပြပြီးနောက် ထိုကဲ့သို့ ဖမ်းဆီးရန် အမိန့်ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူတို့ ၃၆ ဦးထဲမှ ၂၄ ဦးမှာ ဘင်္ဂလားဒေခ်ျ့ ပင်လယ်ကမ်းခြေ ဒေသများမှ တဆင့် မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ပို့ဆောင်နေသည်မှာ အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အကြား အချိန် ကြာမြှင့် နေပြီ ဖြစ်ကြောင်းနှင့် ၂ ဦးမှာ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။ ထိုအထဲမှ ၁၀ ဦးမှာ မော်တော် ဘုတ်ပိုင်ရှင်များ ဖြစ်ကြသည်။

ယခု ဖမ်းဆီးရန် အမိန့်ထုတ်ခံရသူ အများစုမှာ မြန်မာနှင့် နယ်စပ်ချင်း ကပ်နေသော ကော့စ်ဘဇားခရိုင် တက်ကနက် မြို့နယ်မှ ဖြစ်ကြသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့မှ တဆင့် စက်လှေများဖြင့် မလေးရှားသို့ အလုပ်ရှာဖွေရန် သွားရောက်စဉ် လှေနစ်ပြီး သေဆုံးမူများ ရှိလာသဖြင့် ဘင်္ဂလာ အစိုးရက အဆိုပါ ကိစ္စအပေါ် အာရုံ စူးစိုက်လာခဲ့သည်။

ဒီိဇင်္ဘာလ ၂၅ ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့မှ မလေးရှားသို့ သွားရောက်မည့် လူ ၂၃ ဦးကို ဖမ်းဆီးခဲ့ရာ ၁၃ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဖြစ်ပြီး ၁၀ ဦးမှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း The Independent သတင်းစာက ဖေါ်ပြသည်။

အလားတူ ဒီဇင်္ဘာလ ၂၄ ရက်နေ့ကလည်း မလေးကို သွားမည့် စက်လှေ တစ်စီးမှ လူပေါင်း ၂၃ ဦးကို ဖမ်းဆီးရာ ၁၈ ဦးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ ဖြစ်ကြသည်ဟု အဆိုပါ သတင်းစာက ရေးသား ဖေါ်ပြသည်။
နိရဉ္စရာ သတင်းဌာန

ဆက်၍ ဖတ်ကြည့်ပါဦး ..

မြန်မာတို့အတွက် မဲဆောက်တွင် ဆေးရုံဆောက်မည်

မြန်မာအလုပ်သမား ၂ သိန်းခန့် အလုပ် လုပ်ကိုင်နေသည့် ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ အတွက် သီးသန့် ဆေးရုံတခု ဆောက်လုပ်ပေးရန်အတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်း ကျန်းမာရေးဝန်ကြီးက ယနေ့ ပြောလိုက်သည်။

မဲဆောက်မြို့တွင် တွေ့ရသော ထိုင်းကျန်းမာရေးဝန်ကြီး နိုင်ဝိထယာဗူရန်ဆီရီ (ဓာတ်ပုံ - ဧရာဝတီ)

“မဲဆောက် ဆေးရုံကြီးမှာ လူနာဆောင်တွေ တိုးချဲ့ ဆောက်လုပ်နေပေမယ့် နေရာ လောက်ငှမှု မရှိဘူး။ ဒါကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံက ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့အတွက် သီးသန့် ဆေးရုံ တည်ဆောက်ရေး ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု မဲဆောက်မြို့တွင် ရောက်ရှိနေသော ၀န်ကြီး နိုင်ဝိထယာဗူရန်ဆီရီက ဒေသခံ သတင်းထောက်များကို ပြောသည်။

ဆေးရုံစီမံကိန်းသည် မကြာသေးမီက သမ္မတ ဦးသိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝပ်တို့ တွေ့ဆုံအပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲစေမည့် လိုအပ်ချက်အရ ပေါ်ပေါက်လာသော စီမံကိန်း တခု ဖြစ်သည်ဟုလည်း ထိုင်းကျန်းမာရေးဝန်ကြီးက ဖြည့်စွက် ပြောကြားသည်။

မဲဆောက်ဒေသရောက် မြန်မာပြည်သားများသည် ကျန်းမာရေး စောင့်ရှောက်မှု အတွက် အများအားဖြင့် မဲဆောက်ဆေးရုံကြီး နှင့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတို့ကို ဆက်သွယ်တတ်ကြသည်။

တရားဝင် အလုပ်သမား မှတ်ပုံတင် ရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင် တကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျှင် ထိုင်းဘတ်ငွေ ၃၀ (တဒေါ်လာခန့်) သာ ပေးဆောင်ရမည် ဖြစ်သည်။ ထိုပမာဏသည် ထိုင်းနိုင်ငံသားများ၏ ကျန်းမာရေးအတွက် သတ်မှတ်ထားသော နှုန်းထား ဖြစ်သည်။

သို့သော်လည်း အလုပ်သမား အများစုမှာ တရားဝင် စာရွက်စာတမ်း မရှိပေ။ တရားမ၀င် အလုပ်သမားများ မဲဆောက်ဆေးရုံကြီးတွင် ကုသမှု ခံယူနိုင်ကြသော်လည်း ကျန်းမာရေးအတွက် ငွေကြေး ပိုမို ကုန်ကျမည်ဖြစ်သည်။

မြန်မာပြည်သားများအတွက် သီးသန့်ဆေးရုံတခု ပေါ်ပေါက်လာမည် ဆိုသော သတင်းကို မယ်တော်ဆေးခန်းက ကြိုဆိုလိုက်သည်။

“အလုပ်သမားတွေအတွက် သီးသန့်ဆေးရုံ ရှိမယ် ဆိုရင်တော့ အလုပ်သမားတွေ အတွက် ကောင်းတာပေါ့၊ လက်ရှိအခြေအနေထက် ပိုကောင်းတာပေါ့” ဟု မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောသည်။

သို့သော်လည်း ထိုဆေးရုံကြောင့် မယ်တော်ဆေးခန်းရှိ ၀န်ထုပ် ၀န်ပိုး လျော့ကျသွားဖွယ်မရှိဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။

“ဆေးရုံ ဆောက်ပေးမှာတော့ ဟုတ်ပါပြီ။ လက်မှတ်ရှိသူ လူနည်းစုတွေကိုပဲ ဈေးသက်သက်သာသာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ် ဆိုရင်တော့ ၀န်ထုပ်ဝန်ပိုး သက်သာလာမယ် မဟုတ်ဘူး။ ဆင်းရဲသူတွေ၊ လက်မှတ် မရှိသူတွေက ဒီဆေးခန်းကိုပဲ လာမှာပဲ” ဟု ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ပြောသည်။

မယ်တော်ဆေးခန်းသို့ ကျန်းမာရေး အခမဲ့ စောင့်ရှောက်မှု လာရောက်ခံယူကြသူ အရေအတွက်မှာ တနှစ်လျှင် ၇ဝ,ဝဝဝ ခန့် ရှိသည်ဟု ဆေးခန်း မှတ်ပုံတင်ဌာန၏ မှတ်တမ်းအရ သိရသည်။

မယ်တော်ဆေးခန်းကို အားကိုးနေသူများထဲတွင် မြန်မာအလုပ်သမားများသာမက မဲဆောက်မြို့ တဘက်ကမ်းရှိ မြ၀တီမြို့တွင် နေထိုင်သူများလည်း ပါဝင်သည်။ မယ်တော်ဆေးခန်းက အကြီးစားခွဲစိတ်မှု လိုအပ်သော လူနာများကို မဲဆောက်ဆေးရုံကြီးသို့ တရားဝင် လွှဲပြောင်းပေးလေ့ရှိသည်။

မဲဆောက်ဆေးရုံကြီးသည် ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူများ၊ တိုက်ပွဲတွင် ဒဏ်ရာ အကြီးအကျယ်ရသူများကို လက်ခံကုသပေးသော ဆေးရုံဖြစ်သည်။

ယနေ့ မဲဆောက်ဆေးရုံကြီးတွင် တိုးချဲ့ လူနာဆောင်အသစ် ဖွင့်လှစ်ပွဲ ကျင်းပရာ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
http://burma.irrawaddy.org

ဆက်၍ ဖတ်ကြည့်ပါဦး ..

Related Posts Plugin for WordPress, Blogger...