Thursday, February 16, 2012

တေးရေးညီသစ် ဘန်ကောက်မြို့တွင် ကွယ်လွန်

တေးရေးနဲ့ စာရေးဆရာ ညီသစ် (ခ) ဝင်းမျိုးကျော် အသက် ၄၂ နှစ်ဟာ ဖေဖော်ဝါရီ ၁၅ ဗုဒ္ဓဟူးနေ့ မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကွယ်လွန်သွားပါတယ်။

ပန်းနာရင်ကျပ်ရောဂါနဲ့ အသက်ရှူရပ်ပြီး သေဆုံးသွားတာလို့ ဘန်ကောက်မြို့မှာရှိတဲ့
မာဘွန်ကရောင်း ဆေးရုံက ပြောပါတယ်။


ကိုညီသစ်ဟာ လေးဖြူ၊ ဝိုင်ဝိုင်း၊ ကြိုးကြာစတဲ့ နာမည်ကြီး အဆိုတော်တွေ သီဆိုခဲ့တဲ့ တေးသီချင်းတွေကို ရေးသားခဲ့သူဖြစ်ပြီး လေးဖြူ သီဆိုတဲ့ ပါဝါတေးစီရီးထဲက မျက်ရည်များ၏နောက်ကွယ်၊ အငြိုးအင်အား၊ အလွမ်းရဲ့ နတ်သမီး၊ လတစင်းကိုရူးသွပ်သူ၊ လပြည့်ည စတဲ့ သီချင်းတွေ၊ လူသိများပါတယ်။ ဝိုင်ဝိုင်းသီဆိုတဲ့ “ကြိုးမဲ့စွန်” စီးရီးထဲက ရေဆန်လမ်း၊ “လမင်းနဲ့ပင်လယ်” စီးရီးထဲက – နှလုံးသားရှာသူ – အချစ်မဲ့နိဂုံး စတဲ့သီချင်းတွေ လူသိများပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒမဲခံယူပွဲ ကာလ ကလည်း ကန့်ကွက်မဲတွေ ပေးကြဖို့ လှုံ့ဆော်ကြတဲ့ VOTE NO ဆိုတဲ့ သီချင်းကို ဖန်တီးဖြန့်ချိခဲ့ပါတယ်။

ဒါ့အပြင် ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ၊ အချစ်ဆိုတဲ့အရာ၊ ဇနီးတစ် ယောက် ချစ်ရာရောက်အောင်၊ ကမ္ဘာ့စကားပုံထဲက မိန်းမသား၊ ခင်ဗျားဒိန်ခဲကို ကျွန်တော်နေရာရွေ့ခဲ့တယ်နဲ့ စိတ်ဓာတ် ခွန်အားကို ပေးသော စာစုများ စတဲ့ ဘာသာပြန် စာအုပ် တော်များများကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ပြည်ပအခြေစိုက် မီဒီယာတွေဖြစ်တဲ့ ခေတ်ပြိုင်ဂျာနယ်နဲ့ ဒီဗွီဘီသတင်းဌာနတွေမှာ တာဝန်ထမ်းခဲ့ဖူးပါတယ်။

ညွှန်း - ပီတာအောင် ·DVB
http://www.irrawaddyblog.com/

Print this post

0 comments:

Related Posts Plugin for WordPress, Blogger...