ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားနေစဉ်၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိစေ့ရောက်ပြီး အချိန်မီပြန်လည် ပေးချေနိုင်ခြင်း
မရှိသေးသည့် ပြည်ပ ကြွေးမြီပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကျော်ရှိသဖြင့် နောက်ကျကြေးများ ထပ်မံတိုးပွား လျက်ရှိသဖြင့် ကြွေးမြီပြဿနာ ဖြေရှင်းနိုင်ရန်အတွက် ဂျပန်နိုင်ငံ၊ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း က ပြောကြားခဲ့သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းချေးငွေများ အတွက် ပေးဆပ်ရန် အများဆုံး ကျန်ရှိသော နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ကြောင်း သိရှိရ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက “နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။ ၁၉၈၈ ခုနှစ် မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေး ငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများ အကြား ချေးငွေများ ဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈ ဒသမ ၃၄၈ သန်းဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါ နိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံသို့ ချေးငွေနှင့် အကူအညီပေးမှု များ ရပ်ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်း များအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန် ငွေကတော့ အမေရိကန်ဒေါ်လာ ၂၆၁၄ ဒသမ ၉၅၀ သန်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၁၉၈၈ ခုနှစ် မတိုင်မီချေးငွေများနှင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းချေးငွေ နှစ်ရပ်ပေါင်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ ဒသမ ၂၉၈ ပေးဆပ်ရန် ရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
၁၉၈၈ ခုနှစ် မတိုင်မီ ပြည်ပ နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ် ရန် အများဆုံး ကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈ ဒသမ ၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံး ကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
http://first-11.com












0 comments:
Post a Comment