Thursday, February 2, 2012

ဇော်ပိုင်နှင့် မီမီနေမင်းဝင်းတို့ သားဦးရတနာလေး မွေးဖွား

တေးသံရှင်ဇော်ပိုင်နှင့် မီမီနေမင်းဝင်းတို့၏ သားဦးရတနာလေး ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၅ရက် (ဗုဒ္ဓဟူးနေ့)က ရန်ကုန်မြို့ ပန်းလှိုင် ဆေးရုံကြီးတွင် သားဖွားနှင့် မီးယပ် ဆရာဝန်ကြီး ပါမောက္ခ ဒေါ်ခင်သိန်းဦး၊ ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါ်မြမြအုန်း၊ မေ့ဆေး
ဆရာဝန်ကြီး ဒေါက်တာအောင်သိန်းထွန်းတို့မှ မွေးဖွားပေးခဲ့ကြောင်း သိရှိရပါသည်။

“သားလေး ကိုယ်ဝန်ရှိကတည်းက ကျွန်တော်တို့နှစ်ယောက်စလုံး ပျော်ရွှင်ကြည်နူးရတယ်။ သူ့ကို မွေးတော့ ဇန်န၀ါရီလ ၂၅ ရက်နေ့ မနက် ၇ နာရီမှာပါ။ မွေးစမှာ ၇ ပေါင်နဲ့ ၁၅ ဒသမ ၆ အောင်စရှိပါတယ်။ မမွေးခင် သားလေးမှန်းသိကတည်းက နာမည်ရင်းကို ‘ရွှေပိုင်’ လို့ပေးမယ်ဆိုပြီး ရွေးခဲ့ကြတာပါ။ မွေးလာတော့လည်း ဗုဒ္ဓဟူးးနေ့ဖြစ်နေတော့ နေ့နံလည်းသင့်သွားတဲ့အတွက် နာမည်ရင်းကို ရွှေပိုင်ဆိုပြီးတော့ ပေးလိုက်ပါတယ်” ဟု တေးသံရှင် ဇော်ပိုင်က ပြောကြားခဲ့သည်။ ထို့ပြင်ဇော်ပိုင်က သားဦးလေး နှင့်ပတ်သက်၍ “ သားလေးမျက်နှာ ကိုစတွေ့လိုက်ရချိန်မှာ ကျွန်တော် တစ်ခါမှမခံစားဖူးတဲ့ ဖခင်မေတ္တာ တရားတွေနဲ့ အရမ်းကြည်နူးမှုဖြစ်ရ တယ်။ အခုဆိုရင်ကျွန်တော်တို့ မိသားစုတွေ အရမ်းပျော်ရွှင်နေပါတယ်။ မိသားစုအားလုံးလည်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိနေပါတယ်” ဟု ဆိုပါသည်။

ဇော်ပိုင်သည် ဇနီးသည် မွေးခန်းဝင်ချိန်တစ်လျှောက် ဇနီးသည် အနားတွင်ရှိနေခဲ့ပြီး အမှတ်တရ မှတ်တမ်းဗီဒီယို ရိုက်ကူးခဲ့သည်။
http://first-11.com

Print this post

0 comments:

Related Posts Plugin for WordPress, Blogger...