ရာဇသတ်ကြီးတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၁၁ ခု ပြဋ္ဌာန်းထားပြီး ယင်းပုဒ်မများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တိုင်း၌ မည်သူမ ဆိုပြစ်မှုထင်ရှားပါက သက်ဆိုင်ရာ ပြစ်မှုများ၏ ပြစ်ဒဏ်များအတိုင်းအရေးယူခံရမည်ကို ပြဋ္ဌာန်းထားသည်ဖြစ်ရာ နိုင်ငံခြားသားဖြစ်စေ နိုင်ငံသားဖြစ်စေ ပြစ်မှုကျူးလွန်ပါက တူညီသော ပြစ်ဒဏ်ချမှတ်ခံရမည်ကို တွေ့ရှိရပါသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၁၁ ခုတွင် ပါဝင်သော ပြစ်မှုအမျိုးအစားများမှာ ပြစ်မှုဆိုင်ရာများတွင် အားပေးကူညီမှုများ၊ ပြစ်မှုမကင်းသော ပူးပေါင်းကြံစည်မှုများ၊ မမှန်သက်သေခံမှုများ၊ ဖြောင့်မှန်စွာ တရားစီရင် ရေးကို ဆန့်ကျင်သော ပြစ်မှုများ၊ ပြည်သူ့ကျန်းမာမှု၊ လုံခြုံမှု၊ သက်သာမှု၊ သိက္ခာစောင့်စည်းမှု၊ ကိုယ်ကျင့်တရားရှိမှုများကို ထိခိုက်စေသော ပြစ်မှုများပါဝင်ပါသည်။
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မအချို့ မှာ ၃၂၃ တုံးသော လက်နက်ဖြင့် သာမန်နာကျင်စေမှု၊ ၃၂၄ ချွန်ထက်သော လက်နက်ဖြင့် သာမန်နာကျင် စေမှု၊ ၂၉၄ ဆဲမှု၊ ၅၀၀ အသေရေဖျက်မှု၊ ၅၀၄ ငြိမ်ဝပ်ရေးပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း၊ ၅၀၆ ရာဇ၀တ်မကင်းသော ခြောက် လှန့်မှု ၅၀၉ မိန်းမတို့ ကာယိနြေ္ဒကို စော်ကားရန် ရည်ရွယ်သော စကား သို့တည်းမဟုတ် ကိုယ်အမူအရာ သို့တည်းမဟုတ် ပြုလုပ်မှု၊ ၃၅၂ လက် ရောက်မှု၊ ၄၂၆ အကျိုး ဖျက်ဆီးမှု၊ ၄၉၇ မယားခိုးမှုတို့ ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ပြစ်မှုမှုခင်းတစ်ခုတွင်လည်း နိုင်ငံခြားသားရော နိုင်ငံသားပါ တရားစွဲဆိုသူ နှင့် တရားစွဲဆိုခံရသူအဖြစ် ပါဝင်နေပြီး အပြန်အလှန် တရားစွဲဆိုထားကြကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှ မြန်မာအမျိုးသမီးတစ်ဦးနှင့် တည်းခိုနေထိုင်သည့်ဂျပန်နိုင်ငံသား တစ်ဦးတို့ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပေါ် အပြန်အလှန်အမှုဖွင့်ပြီးတရားစွဲဆို ထားကြောင်း စုံစမ်းသိရှိရသည်။
Orchid Hotel သို့ အဆိုပါ ဂျပန်နိုင်ငံသား တစ်ဦးက ညပိုင်းတွင် ပြင်ပမှမြန်မာအမျိုးသမီးငယ် တစ်ဦး ခေါ်ဆောင်လာသည့်အတွက် ဟိုတယ် ကောင်တာ၌ တာဝန်ကျနေသည့် မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးက ပြင်ပမှ ခေါ်ဆောင်လာသည့် အမျိုးသမီးငယ်နှင့် ပတ်သက်၍ ဟိုတယ် မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားရာတွင် အဆိုပါ ဂျပန်နိုင်ငံသားက အမျိုးသမီးဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းပြီး ပါးတစ်ချက် ရိုက်ခဲ့သည့်အတွက် ပုဇွန်တောင်ရဲစခန်းသို့ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း ဂျပန်နိုင်ငံသား ဘက်မှလည်း ဖေ ဖော်ဝါရီလ ၁ ရက်နေ့တွင် ပုဇွန်တောင်ရဲစခန်း၌ အဆိုပါ မြန်မာအမျိုးသမီးဝန်ထမ်းကို မတရားတားဆီးကန့်ကွက် ခြိမ်းခြောက်မှုဖြင့် ပြန်လည်အမှုဖွင့်ထားကြောင်း တိုင်ကြား ချက်တွင် ဖော်ပြထားချက်များအရ သိရသည်။
Orchid Hotel မှ ၀န်ထမ်း၏ တိုင်ကြားချက်မှာ ဇန်န၀ါရီလ ၂၈ ရက်န့ ည ၁၁ နာရီအချိန် ဒေါ်...... (၂၄) နှစ်၊ Orchid Hotel ဧည့်လက်ခံ ကောင်တာ ကြီးကြပ်ရေးမှုး၊ ကမာ ရွတ်မြို့နယ်နေသူသည် ပုဇွန်တောင် မြို့နယ် (၁)ရပ်ကွက်၊ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာလမ်း ထောင့်ရှိ Orchid Hotel ဧည့်လက်ခံ ကောင်တာတွင် ရှိနေစဉ် Hotel အခန်းအမှတ် (၄၀၂) တွင် ဇန်န၀ါရီလ ၂၃ နေ့မှ လာရောက်တည်းခိုသူ ဂျပန် နိုင်ငံသား ၅၇ နှစ်သည် အမျိုးသမီး ငယ်တစ်ဦးအား ဟိုတယ်သို့ ခေါ်ဆောင်လာသဖြင့် ဒေါ်....... ၂၄ နှစ်မှလုံခြုံရေးအရ စစ်ဆေးမေးမြန်းရာ ဂျပန် နိုင်ငံသားမှ ရိုင်းပျစွာပြုမူပြောဆို ခဲ့ပြီး လူအများ ရှေ့တွင် ပါးရိုက်ခဲ့ရာ ၀ဲပါးနာကျင်ဒဏ်ရာရရှိ၍ ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသရသောကြောင့် ဂျပန်နိုင်ငံသား အပေါ်အရေးယူပေးရန် တရားလိုပြု တိုင်တန်းမှုအား ပုဇွန်တောင်ရဲစခန်း (ပ)၁၈/၁၂၊ ပုဒ်မ- ၃၂၃/၃၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ဂျပန်နိုင်ငံသားမှ လည်း တိုင်ကြားခဲ့သည့်ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂၃ ရက်နေ့မှ ၂၈ ရက် နေ့အထိ Orchid Hotel အခန်းအ မှတ်- ၄၀၂ တွင် အခန်းငှားခပေး ပြီးနေထိုင်သူ ဂျပန်နိုင်ငံသား (၅၇) နှစ်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ ည ၁၁ နာရီအချိန်အပြင်မှ ဟိုတယ် သို့ ပြန်လာစဉ်ဟိုတယ်ဧည့်ကြိုခန်း တွင်ပေးအပ်ထားသော အခန်းသော့ အားတောင်းရာ ဧည့်ကြို ဒေါ်......... (၂၄)နှစ်နှင့် ဟိုတယ်မန်နေဂျာတို့မှ အခန်းသော့အား မပေးသည့်အပြင် ၀ိုင်းဝန်းကြိမ်းမောင်းခြိမ်းခြောက် ကာ ဟိုတယ်အပြင်သို့ အတင်း မောင်းထုတ်ပြီးအခန်းအမှတ် (၃၀၂) တွင်ထား ရှိသော ၎င်းင်းပိုင်ပစ္စည်း များဖြစ်သည့် ပတ်စ်ပို့(၁)ခု၊ ဂျပန် ငွေစက္ကူ (၁) သိန်း၊ တရုတ်ငွေစက္ကူ ရောရာ (၈၀၀၀) ယွမ်၊ အမေရိကန် ဒေါ်လာ (၂၀၀၀)၊ ကျားကိုင်ခေါက် ပိုက်ဆံ အိတ်(၃)ခု၊ ဗီဇာကဒ် (၁)ခု အပါအ၀င်စုစုပေါင်း (၂၄) မျိုးအား ပြန်လည်ပေးအပ်ခြင်း မရှိသည့် အတွက် ဒေါ်.....(၂၄)နှစ်နှင့် အပေါင်းအပါများအပေါ် အရေးယူ ပေးရန် တရားလိုပြုတိုင်တန်းမှုအား ပုဇွန်တောင် ရဲစခန်း(ပ)၂၃/၂၀၁၂၊ ပုဒ်မ ၃၄၁/ ၅၀၆ ဖြင့် ဖေဖော်ဝါရီ လ ၁ ရက်နေ့၌ အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပ တ်သက်၍ Orchid Hotel မှ ၀န်ထမ်းဖြစ် သူ ဒေါ်......(၂၄)နှစ်က “ အဲဒီဂျပန် နိုင်ငံသားက အပြင်မှာလုပ်စားနေတဲ့ အမျိုးသမီးငယ် တစ်ယောက်ကို ဟိုတယ်ကို ခေါ်လာတဲ့အတွက် ဟိုတယ် ရဲ့စည်းကမ်းအရ အဲဒီလိုမိန်းကလေး တွေကို တည်းခိုခွင့်မပြုထားတဲ့ အတွက် ကျွန်မအနေနဲ့ စစ်ဆေးမေးမြန်းခဲ့တာပါ။ ပြီးတော့ အဲဒီ မိန်းကလေးမှာပါလာတဲ့ မှတ်ပုံတင်က ဓာတ်ပုံကလည်း ၀ါးနေတယ်။ ပါတဲ့ အကြောင်းအရာကလည်း ပျက်နေတဲ့ အတွက်ကြောင့်မလို့ မိန်းကလေး ကို လက်မခံဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီတော့ ဂျပန်နိုင်ငံသားက ပြန်ထွက်သွားတဲ့ အမျိုးသမီးအနောက် ကို လိုက်သွားတယ်။ ပြီးတော့ ကျွန် မဆီ ပြန်လာပြီးတော့ ဆဲဆိုတယ်။ လူအများရှေ့မှာ ပါးရိုက်ခဲ့ပါတယ်။ သူကျွန်မကိုပါးရိုက်ခဲ့တဲ့ မှတ်တမ်း တွေကိုလည်း CCTV ကင်မရာ သုံးလုံးနဲ့ မှတ်တမ်းတင်ထားပါတယ်။ ပြီးတော့ အပြင်ကိုထွက်မဲ့ ဂျပန်နိုင်ငံသားက သူရဲ့အခန်းသော့ကိုတောင်းလို့ မပေးတာက ဟိုတယ်ရဲ့စည်းကမ်းပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ပေးလိုက်ရင် သော့ခဏခဏပျောက်တဲ့ ဖြစ်စဉ်တွေ ရှိတဲ့အတွက်ကြောင့် မလို့ ကောင်တာမှာ သိမ်းပေးထားတာပါ “ ဟု ၄င်းကြုံတွေ့ခဲ့ရတဲ့ဖြစ် စဉ်ကို ပြောကြားခဲ့သည်။
Orchid Hotel မှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးဌေးအောင်က “ကျွန်တော့်အနေနဲ့ ဟိုတယ်ဝန်ထမ်းဘဲဖြစ်ဖြစ် လာရောက်တည်းခိုတဲ့ ဧည့်သည်တွေဘဲဖြစ်ဖြစ် ပြဿနာ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ရှင်းပေးရမဲ့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ အခုကိစ္စမှာ တရားလိုက တရားခံဖြစ်တယ်။ တရားပြိုင်အဖြစ်နဲ့ သွားရမယ်ဆို တော့ တရားဥပဒေပိုင်းက တစ်ခုခု မှားယွင်းနေတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်သိထားတာက တရားရုံးမှာ အဲဒီဂျပန်နိုင်ငံသားက ကျွန်တော်ရဲ့ဝန်ထမ်းကို ပြန်တောင်းပန်မယ်။ ကျွန်တော်တို့ဘက်က သည်းခံပေးဖို့ စီစဉ်ပြီးသွားခဲ့တဲ့အခါ မှာ တရားရုံးရောက်တော့ ကျွန်တော် တို့ဘက်ကို ပြန်ပြီး တရားဆွဲထားတယ်”ဟု ပြောပြခဲ့သည်။
ပုဇွန်တောင်ရဲစခန်းမှ တာဝန်ရှိသူက “ဒီအမှုကို ကျွန်တော်အနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တရားရုံးကို ပို့လိုက်ပါပြီး ဘယ်သူ မှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ ကိုတော့ တရားရုံးက စစ်ဆေးသွား မှာပါ။ အမှုရင်ဆိုင်နေတဲ့ အချိန်မှာတော့ ဂျပန်နိုင်ငံသားရဲ့ ပတ်စ်စပို့ ကိုတော့ ခတ္တသိမ်းဆည်းထားပါတယ်”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
“ဒီဖြစ်စဉ်မှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ တရားရုံးဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ဥပဒေရှုထောင့်အရ ကြည့်မယ်ဆိုရင်တော့ ပြစ်မှု အမှန်တကယ်ကျူးလွန် သူဟာ နိုင်ငံခြားသားဖြစ်လည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမှာဖြစ်သလို ပြစ်မှုအမှန် တကယ် ကျူးလွန်သူဟာ နိုင်ငံသား ဖြစ်လည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမှာပါ။ နိုင်ငံခြားသားဖြစ်လို့ လျော့ပေါ့ စဉ်းစားလို့မရပါဘူး။ မြန်မာနိုင်ငံမှာရှိတုန်း မြန်မာနိုင်ငံက ဥပဒေကိုချိုးဖောက်ရင် မြန်မာနိုင်ငံက ဥပဒေအတိုင်း အရေးယူခံရမှာ ဖြစ်ပါတယ်”ဟု ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်အတွင်းက နိုင်ငံခြားသူနှစ်ဦးက မြန်မာအမျိုးသမီး လေးဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်တစ်ခု ကမာရွတ်မြို့နယ် လှည်းတန်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့ကဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး လှည်း တန်းဈေးအနီးတွင် ဈေးသည်အမျိုး သမီးတစ်ဦးနှင့်နောက်ထပ် အမျိုးသမီး တစ်ဦးအား နိုက်ဂျီးရီးယားလူမျိုး အမျိုးသမီးနှစ်ဦးက ပါးရိုက်ခဲ့ပြီး ကွမ်းခြံဈေးတွင်လည်း အမျိုးသမီး နှစ်ဦးအား ထပ်မံပါးရိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။
အဆိုပါ နိုက်ဂျီးရီးယား အမျိုးသမီးနှစ်ဦးအား သက်ဆိုင်ရာရဲတပ် ဖွဲ့စခန်းမှ ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နောက်ပိုင်းကာလများတွင် မိမိတို့နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ပိုမိုပွင့်လင်းလာနိုင်သည့် အားလျော်စွာ နိုင်ငံခြားသားများလည်း ပိုမိုဝင်ရောက်လာနိုင်ကြောင်း ထိုအချိန်၌ နိုင်ငံခြားသားနှင့် နိုင်ငံသားတို့အကြား အမှုအခင်းများလည်း ရှိလာနိုင်ကြောင်း ထိုသို့ရှိလာပါက နိုင်ငံခြားသားဖြစ်စေ နိုင်ငံသားဖြစ်စေ ပြစ်မှုကျူးလွန်ပါက မည်သူ့မည်သူကိုမျှ မငဲ့ညှာဘဲ ဥပဒေနှင့်အညီ တူညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေးမှာ များစွာ အရေးပါကြောင်း သို့မှသာ တရားဥပဒေစိုးမိုးရေး ပိုမိုပီပြင် လာမည်ဖြစ်ကြောင်း လေ့လာသူများ က အကြံပြုခဲ့ကြပါသည်။
http://first-11.com












0 comments:
Post a Comment