Wednesday, February 15, 2012

ပြည်တွင်း အင်တာနက်သုံးစွဲမှုတွင် ၀က်ဘ်ဆိုက်ကြည့်ရှုခြင်းနှင့် Chatting အသုံးပြုမှုမှာ ၈၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ


အင်တာနက် ကဖေးတစ်ခုတွင် အင်တာနက် သုံးနေကြသူများ

ပြည်တွင်း အင်တာနက် အသုံးပြုမှုများတွင် ၀က်ဘ်ဆိုက်များ ကြည့်ရှုခြင်းနှင့် Chatting အသုံးပြုခြင်း တို့မှာ ၈၂ ရာခိုင်နှုန်းဖြင့် အသုံးပြုမှု အများဆုံးဖြစ်နေကြောင်း အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ ပြုလုပ်ခဲ့သော စစ်တမ်းအရ သိရှိရပါသည်။

ဝက်ဘ်ဆိုက်များကြည့်ရှုခြင်း နှင့် Chatting အသုံးပြုခြင်းတို့မှာ ၈၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဂိမ်းကစားခြင်းမှာ ၁၅ ရာခိုင်နှုန်း၊ ဗီဒီယိုကြည့်ခြင်းနှင့် အခြားအသုံးပြုခြင်းများမှာ ၃ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။

“လူငယ်တွေအနေနဲ့ အင်တာနက် သုံးတဲ့အခါ
လမ်းလွဲနေတာတွေ တော်တော်များများ တွေ့ရပါတယ်။တချို့ဆိုရင် အင်တာနက်ဆိုတာ Chatting ထိုင်ဖို့၊ လူမှုကွန်ရက်တွေ သုံးဖို့၊ အွန်လိုင်းဂိမ်း ကစားဖို့လောက်ပဲ အသုံးပြုနေကြတာမျိုးတွေ လည်းတွေ့ရတယ်။ အင်တာနက်ဆို တာ သုံးတတ်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိတာတွေ အတော်များများအ သုံးပြုလို့ရပါတယ်။ အသုံးပြု ပုံလမ်းလွဲသွားရင်တော့ အချိန်ကုန်တာပဲ အဖတ်တင်မှာပါ။ ကလေးတွေ အင်တာနက်သုံးတဲ့အခါမှာ လည်း မိဘအုပ်ထိန်းသူတွေ အနေနဲ့ ကြပ်မတ်သင့်တယ်။ ကိုယ့်ကလေး ငြိမ်နေရင်ပြီးရောဆိုပြီး ပစ်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်တယ်”ဟု ကွန်ပျူတာပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

“ဆိုင်မှာ လာသုံးကြတာကတော့ အများစုက ဂျီမေးလ်၊ ဂျီတော့ခ် နဲ့ Facebook စတာတွေသုံးကြပြီး သတင်းဝက်ဘ်ဆိုက်တွေကို ကြည့်ကြတာတွေလည်း များလာပါတယ်။ Chatting မှာလည်း အပျင်းပြေ အပျော်သဘောမျိုး သုံးကြတာရှိသလို တချို့ကလည်း နယ်မြို့တွေက၊ ဒါ မှမဟုတ် ပြည်ပရောက်နေတဲ့ သူ ငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ ကို ဆက်သွယ်ပြောဆိုကြတာပါ။ အပြင် ဖုန်းပြောခတွေထက် ဈေးသက်သာတာကြောင့်လည်း ပါတယ်။ လိုင်းနည်းနည်း ကောင်းရင်တော့ စကားသံနဲ့ပြောကြပြီး လိုင်းသိပ်မကောင်းရင်တော့ စာရိုက်ပြီးပြောကြတယ်” ဟု အင်တာနက်ကဖေးတစ်ခုမှတာ ၀န်ရှိသူကပြောပြသည်။

ပြည်တွင်း၌ Broadband အင်တာနက်သုံးစွဲကြရာတွင် အင်တာနက်ကဖေးများ၊ ရုံးများတွင်သာ သုံး စွဲမှုပိုမိုများပြားပြီး နေအိမ်တွင်တပ် ဆင်သုံးစွဲနိုင်မှု နည်းပါးနေသေး ကြောင်းသိရသည်။ ပြည်တွင်း၌ Broadband အင်တာနက်ချိတ်ဆက် တပ်ဆင်ထားမှု အရေအတွက်မှာ လေးသောင်းကျော်ခန့်ရှိပြီး မိုဘိုင်းဖုန်း ဖြင့် အင်တာနက်သုံးစွဲသူများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

Broadband အင်တာနက် ချိတ်ဆက်မှုတစ်ခုတွင် အသုံးပြုသူ ၅၀ ဦးခန့်ရှိနိုင်ကြောင်း ပြည်တွင်း အင်တာနက် ကုမ္ပဏီတစ်ခုက ခန့်မှန်းခဲ့သည်။
http://first-11.com/

Print this post

0 comments:

Related Posts Plugin for WordPress, Blogger...