လူငယ်များ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်လူငယ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်၍ ပြောကြားရာတွင်
" တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးပြောသည့်စကားကို ပြန်လည်မျှဝေလိုကြောင်း၊ တိုင်းရင်းသား လူငယ်များအနေဖြင့် သေနတ်မကိုင်လိုပဲ လပ်တော့ကိုသာ ကိုင်လိုသည်ဟု ပြောဆိုခဲ့ကြောင်း ထိုစကားရပ်ကို မိမိအနေဖြင့် ခံစားရပါကြောင်း၊ တိုင်းရင်းသားလူငယ်များ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်နိုင်ရန် ဖြည့်ဆည့်းပေးဖို့ တာဝန်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများဆန္ဒပြည့်ဝရေးမှာ သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် အောင်မြင်အောင် ဖော်ဆောင်ဖို့ ယုံကြည်ချက်ခိုင်မာအောင် ထားရှိပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတွင် ယုံကြည်မှုက အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပရိယာယ်မရှိဘဲ ပင်လုံစိတ်ဓါတ်ကို အခြေခံကာ ယုံကြည်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ထို့အပြင် ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်တိုးမြှင့်ထားခြင်းကိုလည်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
ကျန်းမာရေးအသုံးစရိတ်ကို ယခင်နှစ်ကထက် လေးဆတိုးမြင့်ထားကြောင်း၊ ပညာရေးအသုံးစရိတ်ကို ယခင်နှစ်ကထက် နှစ်ဆတိုးမြင့်ထားကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို အခြေခံပြီး ကဏ္ဍအသီးသီးကို မြင့်မားအောင် ဆောင်ရွက်နိုင်မှသာလျှင် ရေမြင့်ကြာတင့် ဖြစ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မက ပြောကြားခဲ့ပါသည်။
မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ပြည်နယ်ပညာရေးမှူးတာဝန်ယူခဲ့သူ၊ မွန်အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ပညာရေးဘတ်ဂျက်ကို အဆ ၂၀ ခန့်အထိတိုးမြှင့်ရန် လိုအပ်ကြောင်းထောက်ပြခဲ့သည်။ အထူးသဖြင့် ပညာရေး အရည်အသွေးနှင့် အရေအတွက်ပါ မြင့်မားလာစေရန် များစွာ လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း သုတေသီများက ထောက်ပြထားကြသည်။
လက်ရှိပြောင်းလဲမှုများမှာ နောက်ကြောင်းပြန်မလှည့်နိုင်ဟုလည်း သမ္မတဦးသိန်းစိန်က ကတိပေးပြောကြားခဲ့သည်။
မောက္ခပြည်တွင်းသတင်း













0 comments:
Post a Comment