Wednesday, February 29, 2012

စင်္ကာပူ အတိုက်အခံ ခေါင်းဆောင်တဦး၏ ဘ၀ ပုံရိပ်လွှာ

စင်္ကာပူလို နိုင်ငံမျိုးမှာ အတိုက်အခံလုပ်ရတဲ့ ခေါင်းဆောင် တဦးအတွက် သိပ်လွယ်လှတာတော့ မဟုတ်ပါဘူး။

မြန်မာနိုင်ငံက အတိုက်အခံ ခေါင်းဆောင်တွေက နိုင်ငံတကာရဲ့ အလေးထားမှု၊ နိုင်ငံသူ နိုင်သားများရဲ့ အလေးထားမှု၊ လေးစားမှုတွေကို ဖောဖောသီသီ ရနေပေမယ့် စင်္ကာပူလို ချမ်းသားတဲ့၊ နိုင်ငံသူ နိုင်ငံသားများ လေးစားအားထားရတဲ့ လီကွန်ယု လို ပုဂ္ဂိုလ်မျိုးနဲ့ ယှဉ်ပြီး အတိုက်အခံ ခေါင်းဆောင် လုပ်တယ်ဆိုတာ သိပ်တော့ လွယ်လှတာမဟုတ်ပါဘူး။

စင်္ကာပူ နိုင်ငံရေး စနစ်က Semi-Democracy လို့ခေါ်တဲ့ တ၀က်တပျက် ဒီမိုကရေစီ စနစ်အောက်မှာ အတိုက်အခံ ခေါင်းဆောင် တဦး ဘယ်လို အသက်ရှင် ရပ်တည် ရသလဲ ဆိုတာကို တင်ပြလိုက်ရ ပါတယ်။

Singapore Democratic Party (စင်္ကာပူ ဒီမိုကရက်တစ် ပါတီ) ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူးချုပ် Chee Soon Juan ရဲ့ မိသားစုဘ၀နဲ့ နိုင်ငံရေး ဘ၀နှစ်ခုကို ဘယ်လိုပေါင်းစပ် လုပ်နေရသလိုဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင်တဦး လုပ်နေရပေမယ့် ပါလီမန်တွင်းမှာ မိမိပါတီ အမတ်တဦးမှ မရှိတဲ့ ပါတီခေါင်းဆောင် ဖြစ်ပါတယ်။ နိုင်ငံရေး ဟောပြောမှုတွေကြောင့် ထောင်ဒဏ် (၁၀) ကြိမ်ကျခဲ့တဲ့ ခေါင်းဆောင် တဦးဖြစ်ပါတယ်။

အုပ်ချုပ်သူ တို့ရဲ့ ပစ်မှတ် ဖြစ်လာတဲ့ Chee

၁၉၉၂ ခုနှစ်မှာ နိုင်ငံရေးလောကသို့ စတင်ခြေချလာခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာ တက္ကသိုလ်ကနေ စိတ်ပညာပါရဂူ ဘွဲ့ကိုရရှိခဲ့ပါတယ်။ ဘွဲ့ရပြီး စင်္ကာပူ အမျိုးသား တက္ကသိုလ် စိတ်ပညာဌာနမှာ ဆရာလုပ်ခဲ့ပါတယ်။ ၁၉၉၂ နှစ် ကြားဖြတ် ရွှေးကောက်ပွဲမှာ ၀င်လာတဲ့ ခေတ်ပညာတတ် လူငယ်တဦး ဖြစ်လာခဲ့ပါတယ်။ Chee ဟာ အတိုက်အခံ နိုင်ငံရေး ပါတီသို့ ၀င်ရောက်ပြီး သိပ်မကြာခင်မှာဘဲ စင်္ကာပူအမျိုးသား တက္ကသိုလ် စိတ်ပညာဌာန ဌာနမှူး ရာထူးကနေ လာဘ်စားမှု အကြောင်းပြချက်နဲ့ ထုတ်ပယ်ခြင်းခံရပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ပါရဂူဘွဲ့တက်နေတဲ့ အမျိုးသမီးဆီကို သုတေသန ရန်ပုံငွေကို လွဲပြောင်းပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ Chee ကတော့ စွတ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးအရ လုပ်ကြံတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးအကြောင်းပြချက်နဲ့ အလုပ်ပြုတ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တက္ကသိုလ် ၀န်ထမ်းနှစ်ဦးက တရားစွဲဆိုတဲ့ အတွက် တရားရုံးက လျော်ကြေးပေးရန် ဆုးံဖြတ် ခံခဲ့ရပြန်ပါတယ်။

၂၀၀၁ ခုနှစ်လူထု စည်းဝေးပွဲ မဲဆွယ်စဉ် အင်ဒိုနီးရှား အစိုးရသို့ စင်္ကာပူဒေါ်လာ ၁၈ ဘီလီယံ ချေးငှားလိုက်တာနဲ့ ပတ်သက်ပြီး စွတ်စွဲ ပြောဆိုမှုကြောင့် လီကွန်ယုနှင့် ဂိုရှော့တောင် တို့ရဲ့ တရားစွဲဆို ခြင်းကို ခံရ ပြန်ပါတယ်။ တရားရုံးက ဂိုချုပ်တောင်ကို စင်္ကာပူ ဒေါ်လာ သုံးသိန်းနဲ့ လီကွန်ယုကို ဒေါ်လာ နှစ်သိန်း ပေးစေရန် ပြစ်ဒဏ် ချမှတ်ခဲ့ပြန်ပါတယ်။ ဒီဒဏ်ငွေတွေကို ပေးဆောင်နိုင်ခြင်း မရှိတဲ့ အတွက် ၂၀၀၆ ခုနှစ်မှာ လူမွဲစာရင်း သွင်းတာခံလိုက်ရပါတယ်။ လူမွဲ စာရင်းဝင်သွားတဲ့ ဥပဒေ ကြောင်းအရ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။

ဒီမိုကရေစီ အာဏာရှင်စနစ် အောက်က အတိုက်အခံ ခေါင်းဆောင်တဦးရဲ့ ဘ၀ကလည်း ကြမ်းတမ်းလှပါတယ်။

Chee ရဲ့ ရိုးရှင်းတဲ့ မိသားစုဘဝ

Chee ဟာ သူ့ရဲ့ ကလေးသုံးဦး ကျောင်းတက်၊ ကျောင်းဆင်းကို ကားနဲ့ လိုက်ပို့ပေးလေ့ရှိပါတယ်။ အိပ်ခန်း သုံးခန်းပါတဲ့ အိမ်နဲ့ ကားက လူမွဲစာရင်းသွင်း မခံရမှီကတည်းက ပိုင်ဆိုင်ခဲ့တဲ့ အရာတွေပါ။ စင်္ကာပူ နိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင်ဟာ မိသားစုတွေ မျှဝေသုံးစွဲရတဲ့ မော်ဒယ်အောက်နေပြီ ဖြစ်တဲ့ စားပွဲတင်ကွန်ပျူကို သုံးပြီး သူ့ဆီကိုလာတဲ့စာတွေကို ပြန်သလို၊ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေ ရေးနေတဲ့သူ ဖြစ်ပါတယ်။

ပါတီအလုပ်အပြင် စာရေးခြင်း၊ စာအုပ်တိုက်တွေကနေ သူ့ရဲ့စာအုပ်ကို ရောင်းချရေး၊ နိုင်ငံခြား တက္ကသိုလ်တွေမှာ ပညာရှင်တဦး အနေဖြင့် အလုပ်လုပ်လေ့ရှိပါတယ်။

Chee က နိုင်ငံရေးနဲ့ မိသားစု ရပ်တည်ရေး၊ ကလေးသုံး ဦးရဲ့ပညာရေး ကိစ္စတွေကို တာဝန်ယူရတာ သိပ်ကို ခက်ခဲတဲ့အကြောင်း ပြောပြပါတယ်။ သူရဲ့ အမျိုးသမီးကလည်း စိတ်တူကိုယ်တူ ပညာရှင်တဦးပါဘဲ။ နှစ် နှစ်ဆယ်ပေါင်းလာတဲ့ Huang Chih Mei ဟာအယင်က ဈေးကွက် သုတေသန ကုမ္ပဏီ တခုမှာ အလုပ်လုပ်ခဲ့ပါတယ်။

ကုမ္ပဏီမှာ လုပ်ရတဲ့ အစည်းအဝေး တက်တာ၊ တင်ပြချက်တွေလုပ်တာ၊ လူမှုရေး ဗဟိရ ကိစ္စတွေကို လုပ်ရတဲ့အတွက် ငြီးငွေ့ပြီး အလုပ်ကနေ ထွက်လိုက်ပါတယ်။ သူမလုပ်လိုတဲ့ အတကယ့်အလုပ်က သုတေသန ပါလို့ပြောဆိုခဲ့ပါတယ်။ မိမိလုပ်ချင်တဲ့ ၀ါသနာမပါတဲ့ အလုပ်ကို စွန့်လွတ်လိုက်တဲ့ ရဲဝံ့တဲ့သတ္တိ ရှိသူတဦး ဖြစ်ပါတယ်။

ရိုးရှင်းတဲ့ နေထိုင်မှု

Chee နေထိုင်တဲ့ တိုက်ခန်းမှာ ကြမ်းပြင်ကနေ၊ မျက်နှာကြက်အထိ တွေ့မြင်နေရတာက မြင့်မားတဲ့ စာအုပ်စင်တွေဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အရွယ်မရောက်မှီ ၁၃ နှစ်နှင့် ၉ ကလေးနှစ်ဦးကို ခေတ်ရေစီးကြောင်း ကနေဆွဲထုတ်ပြီး စာဖတ်ခြင်းမှာ မွေ့ပျော်အောင် လုပ်ပေးထားပါတယ်။ ဒီကလေးတွေမှာ အိုင်ဖုန်းမရှိဘူး၊ တီဗွီဂိန်းဆော့တာကိုလည်း သိပ်ပြီးခွင့်ပြုလေ့မရှိပါဘူး။ အဖေ ဖြစ်သူ နိုင်ငံရေးသမားရဲ့ အတွေးက ကလေးတွေကို လူတွေနဲ့ စကားပြောဆိုရတာ၊ လူတွေရဲ့ အခက်အခဲကို နားထောင်တတ်တဲ့ ကလေးတွေဖြစ်လိုပါတယ်။

ကလေးတွေကလည်း စာကြည့်တိုက်ကနေ စာအုပ်ငှားရင် အနည်းဆုံး ခြောက်အုပ်ငှားလေ့ရှိပါတယ်။ စာဖတ်တာအပြင် ကလေးတွေကို အနုပညာနဲ့ ပတ်သက်တဲ့ အရာတွေကိုလည်း လေ့လာခိုင်းလေ့ ရှိပါတယ်။ ကလေးတွေက စန္ဒရားကို ပိုသဘော ကျတယ်လို့ Chee ကပြောတယ်။ သမီးကြီး An Lyn ကတော့ ဖခင်ရဲ့ အရိပ်အရကို ဆက်ခံလိုတဲ့ ရည်မှန်းချက် ရှိတယ်လို့ ဖွင့်ပြောလာပါပြီ။

ကောင်းခြင်းလော၊ ဆိုးခြင်းလော

စင်္ကာပူ နိုင်ငံက အတိုက်အခံ ခေါင်းဆောင်တဦးရဲ့ ဘ၀က ခက်ခဲလှပါတယ်။ အကြိမ် (၁၀) ကျော် ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရသူဖြစ်ပါတယ်။ သူရဲ့ ဇနီးဒေါက်တာ Huang ကတော့ သူမရဲ့ ဘ၀က ပံ့ပိုးပေးသူ အဖြစ်ခံယူထားသူ ဖြစ်ပါတယ်။ သူ့မရဲ့ ခင်ပွန်းက အတိုက်အခံ ခေါင်းဆောင် လုပ်နေချိန်မှာ သူမရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍက ထောက်ခံအားပေးသူ၊ ဘေးကနေ ပံ့ပိုးပေးသူ အဖြစ် အကောင်းဆုံး ဆောင်ရွက်သူ ဖြစ်ကြောင်း ပြောဆိုလေ့ရှိပါတယ်။ Chee ကသူ့ရဲ့ နိုင်ငံရေးအတွေး အခေါ်နဲ့ သူ့လုပ်ရပ်တွေက မိသားစု ဘ၀ပုံရိပ်ကို ဖန်တီးတဲ့အခါ အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်လေ့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Chee ဟာ သူ့ကလေးတွေ တိုင်ဝမ်မှာရှိတဲ့ မိခင်ဖက်က အဖိုးတွေဆီသွားလည်ရင် အဖေတဦးအနေနဲ့ အတူလိုက်ပါခွင့် မရှိတာကို သားသမီးတွေကို ရိုးရှင်းစွာနဲ့ ရှင်းပြလေ့ရှိပါတယ်။ အစိုးရဘက်က တရားစွဲဆိမှုတွေနှင့်အတူ နစ်နာကြေးတွေ မပေးနိုင်လို့ လူမွဲစာရင်း ၀င်ခဲ့ရပုံကိုလည်း သားသမီးတွေကို ရိုးသားစွာ ရှင်းပြတတ်သူ ဖြစ်ပါတယ်။

မိသားစု ဘ၀ရဲ့ ပျော်ရွင်မှုကို ရုပ်ပိုင်းဆိုင်ရာနှင့် ဆက်စပ် စဉ်းစားလေ့ မရှိကြောင်းပြောပြပါတယ်။ “ကျနော့် အခန်းက ကျနော့်မိသားစု အရေအတွက်နဲ့ဆို သေးငယ်ပေမယ့် ကျနော့်မိသားစု အတွက်တော့ လုံလောက်ပါတယ်၊ ပျော်ရွင်မှုဆိုတာ မိမိစိတ်အပေါ်မှာ တည်တယ်” လို့ပြောဆိုခဲ့ပါတယ်။

“တခါတလေမှာ ဆုံးဖြတ်ချက်တွေဟာ ဘ၀အတွက် ခါးသီးတဲ့ အရာတွေပါ၊ တကယ်လို့များ အဲဒီလို မလုပ်ခဲ့ဘူးဆိုရင် အမှားတွေက သင်ခန်းစာကိုလည်း ရရှိမှာမဟုတ်ဘူး၊ ဘ၀မှာ ပြီးသွားတဲ့ အရာတွေကို နောင်တ ရမနေဘဲ လေ့လာသင်ယူရမယ် ဘ၀သင်ခန်းစာ အဖြစ်ခံယူမယ်ဆိုရင် တန်ဖိုးရှိပါတယ်” လို့ စင်္ကာပူ နိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင် Chee Soon Juan မှပြောဆိုခဲ့ပါတယ်။

လှရွှေ

References;

1.Singapore is taking the first steps to true democracy
2.A peek into the life of Chee Soon Juan
3.Singapore’s ‘Martyr,’ Chee Soon Juan
4.Asia Profile: Singapore democracy activist Chee Soon Juan

http://www.maukkha.org/

ဆက်၍ ဖတ်ကြည့်ပါဦး ..

စင်ကာပူက ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံဖြစ်လာ

ဖို့ဘ်မဂ္ဂဇင်းက ပြုစုခဲ့သည့် စစ်တမ်းတွင် စင်ကာပူသည် ကာတာနှင့် လူဇင်ဘတ်တို့ပြီးလျင် ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့က ပြုစုခဲ့သည့် အချက် အလက်များကို အသုံးပြုပြီး လေ့လာခဲ့ရာ စင်ကာပူသည် တစ်ဦးချင်းနှစ် စဉ်ဝင်ငွေတွင် ဒေါ်လာ ၅၆၇၀၀ ရှိခဲ့ပြီး တတိယအချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ ရေနံကြွယ်ဝသည် ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ကာတာက တစ်ဦးချင်းနှစ်စဉ်ဝင်ငွေ ၈၈၀၀၀ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။

လူဦးရေ ၁ ဒသမ ၇ သန်းရှိသော ကာတာနိုင်ငံသည် ကမ္ဘာ့တတိယသဘာဝဓာတ်ငွေ့ အကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးနိုင်ငံမှာ လူဇင်ဘတ်ဖြစ်ပြီး တစ်ဦးချင်း နှစ်စဉ်ဝင်ငွေဒေါ်လာ ၈၁၀၀၀ ရှိသည်။ လူဦးရေ ၅၀၀၀၀၀ ခန့်သာရှိသော လူဇင်ဘတ်နိုင်ငံသည် ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ ဂျာမနီတို့နှင့် နယ်နိမိတ်ထိစပ်နေသော ဘဏ္ဍာရေး ဗဟိုချက်ဖြစ်သည်။

ဝယ်နိုင်စွမ်းအားနှင့် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်တွက်ချက်ပြီး နိုင်ငံ ၁၈၂ နိုင်ငံကို စစ်တမ်းပြုစုခဲ့ခြင်းဖြစ်ကြောင်း ဖို့ဘ်မဂ္ဂဇင်းက ပြောကြားခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ဘရူနိုင်းက နံပါတ် ၅ နေရာရရှိခဲ့ပြီး အမေရိကန်က နံပါတ် ၇ နေရာရရှိခဲ့ကာ ဟောင်ကောင်က နံပါတ် ၈ နေရာရရှိခဲ့ကြောင်း သိရသည်။

Ref:Straits Times
်first11.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

အမြန်လမ်းပေါ်ရောက်လာတဲ့ အင်ဒိုနီးရှားကားဈေးကွက်

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်ပြီး လူလတ်တန်းစားတွေ များပြားလာတာကြောင့် အင်ဒိုနီးရှားက ထိုင်းနိုင်ငံကိုကျော်ပြီး အာဆီယံမှာ ထိပ်တန်းကားဈေးကွက် ဖြစ်လာခဲ့ပါတယ်။

ချမ်းသာတဲ့ လူလတ်တန်းစားတွေ များလာတဲ့ အင်ဒိုနီးရှားကို ဂျပန်ကနေ အိန္ဒိယထိ ကားကုမ္ပဏီတွေက မျက်စိကျပြီး အရင်ကထက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာကြပါတယ်။ တစ်နှစ်ကို စီးပွားရေး ၆ ဒ သမ ၅ ရာခိုင်နှုန်း တိုးတက်နေတာကြောင့် အင်ဒိုနီးရှားမှာ လူလတ် တန်းစားတွေ များလာပါတယ်။ ဒီလူလတ်တန်းစားတွေက သူတို့ရဲ့ကြွယ်ဝချမ်းသာမှုသင်္ကေတအဖြစ် ကားနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို ဆာလောင်လာကြပါ တယ်။ အမေရိကန်နဲ့ ဥရောပမှာ စီးပွားရေး တုံ့နှေးနေတာကြောင့် ရောင်းဖို့ဈေးကွက် ရှာနေကြတဲ့ ကားကုမ္ပဏီတွေအတွက်တော့ အင်ဒိုနီးရှားက သတင်းကောင်းတစ်ခုပါပဲ။ ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားတွေဟာ ကား ၈၉၀၄၀၀ စီး ၀ယ်ယူခဲ့ကြပြီး ဒီနှစ်မှာ ၉၄၀၀၀၀ ထိ ၀ယ်ယူမယ်လို့ မျှော်မှန်းထားကြောင်း စီးပွားရေး သုတေသနလုပ်ငန်း Frost & Sullivan က ဆိုပါတယ်။

အင်ဒိုနီးရှား ကားဈေးကွက်ကို ၉၀ ရာခိုင်နှုန်းနီးပါး ရရှိထားတဲ့ ဂျပန်ကားထုတ်လုပ်သူတွေက ရင်းနှီးမြှုပ်နှံမှုမှာ ရှေ့ဆောင်နေပါတယ်။ တိုယိုတာက ဒုတိယမြောက်စက်ရုံ တည်ဆောက်နေပြီး ဆူဇူကီးက တတိယမြောက် စက်ရုံဖွင့်ဖို့ ပြင်ဆင်နေပါတယ်။ နစ်ဆန်းကလည်း ရှိဆဲစက် ရုံတွေကို တိုးချဲ့ဖို့ ဒေါ်လာသန်း ၂၅၀ သုံးစွဲနေပါတယ်။ အင်ဒိုနီးရှား ကားဈေးကွက်ကို ၃၅ ရာခိုင်နှုန်း ရရှိထားတဲ့ တိုယိုတာက ပြီးခဲ့တဲ့နှစ်မှာ ကား ၁၁၀၀၀၀ ထုတ်လုပ်ခဲ့ရာကနေ ၂၀၁၃ ခုနှစ်မှာ ၁၈၀၀၀၀ ထိ ထုတ်လုပ်မှု တိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။ ဂျကာတာအခြေစိုက် ဆူဇူကီး အင်ဒိုနီးရှားကားလုပ်ငန်းက အင်ဒိုနီးရှားမှာ နှစ်နှစ်အတွင်း ဒေါ်လာသန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု စီစဉ်ထားခဲ့ကြောင်း ပြောခဲ့ပါတယ်။ အမေရိကန် ကားထုတ်လုပ်သူတွေဖြစ်တဲ့ ဖို့ဒ်နဲ့ ဂျင်နရယ်လ်မော်တာအပြင် အိန္ဒိယကားကုမ္ပဏီ တာတာကပါ အင်ဒိုနီးရှား ကားဈေးကွက်ကို ၀င်ရောက်လာနေကြပါတယ်။ ဖို့ဒ်က အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့နှစ်က ကားကိုယ်စားလှယ် ၇ နေရာ ဖွင့်လှစ်ခဲ့ပြီး ဒီနှစ်မှာ ၈ နေရာတိုးဖို့ စီစဉ်ထားပါတယ်။ ဂျီအမ်ကုမ္ပဏီကလည်း အနောက်ဂျားဗားမှာ စက်ရုံပြန်ဖွင့်ဖို့ စီစဉ်နေပြီး ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားပါတယ်။အိန္ဒိယရဲ့ တာတာကားကုမ္ပဏီကလည်း အင်ဒိုနီးရှားဈေးကွက်ကို ၀င်ရောက်လိုကြောင်း ပြောလာပါတယ်။

ပြီးခဲ့တဲ့နှစ်က ထိုင်းရေကြီးမှုကြောင့် ထိုင်းစီးပွားရေးတုံ့နှေးခဲ့ပြီးနောက် အင်ဒိုနီးရှားကားရောင်းအားမှာ ထိုင်းကို ကျော်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအနေနဲ့ ကားထုတ်လုပ်မှု ဗဟိုချက်နေရာကိုရဖို့အတွက် လိုအပ်ချက်တွေ ရှိနေဆဲပါ။ ပို့ကုန်ဈေးကွက် ၂၀၀ နီးပါး အတွက် ကားတွေထုတ်လုပ်ပေးနေတဲ့ ထိုင်းဟာ အာရှရဲ့ Detroit ဖြစ်နေခဲ့ပါပြီ။ စီးပွားတိုးတက်နေပေမယ့် အင်ဒိုနီးရှားက ခြစားမှုတွေ၊ ကြိုးနီစနစ်တွေ၊ အခြေခံအဆောက်အအုံ မပြည့်စုံတာတွေ၊ ယာဉ်ကြောပိတ်ဆို့တာတွေ ရှိနေဆဲပါ။ ဂျကာတာမြို့ရဲ့ လမ်းတွေပေါ်ကို နေ့စဉ် ကားသစ် ၁၀၀၀ ထက်မနည်း ၀င်ရောက်လာနေပါတယ်။ ကားရှစ်သန်းလောက်ရှိတဲ့ ဂျကာတာမြို့ဟာ အာရှမှာ ယာဉ်ကြောပိတ်ဆို့မှု အဆိုးဆုံးမြို့ ဖြစ်နေပြီး၂၀၁၄ ခုနှစ်မှာ ဂျကာတာရဲ့ပိတ်ဆို့မှုဟာ အဆိုးဆုံးအခြေအနေကို ရောက်လာမယ်လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးအသင်းက ပ ညာရှင်တွေက ဆိုပါတယ်။ ''ဂျကာတာဟာ လူတွေအမြောက်အမြား ရွှေ့ပြောင်းသွားလာမှုကို စီမံခန့်ခွဲတဲ့နေရာမှာ စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကုန်ထုတ်လုပ်မှုအချိန်တွေ လေလွင့်ရုံမက တိုးတက်မှုကိုလည်း
နှောင့်နှေးစေပါတယ်''လို့ Frost & Sullivan ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဂျကာတာက ကားပြခန်းတစ်ခုမှာ အသက် ၄၄ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း မိုဟာမက်ရိုပီက လူမှုဘ၀ လှေကားမှာ တိုးတက်လိုတဲ့ တခြားအင်ဒိုနီးရှားတွေလိုပါပဲ။ မိသားစုအတွက် ကားနောက်တစ်စီးဝယ်ဖို့ စိတ်ကူးနေပါတယ်။ ''ကျွန်တော်က တိုယိုတာ Avanza ကားကို ကျွန်တော့်အတွက် လိုချင်ပါတယ်။ ဒါပေမယ့် ရုံးပိတ်ရက်မှာပဲ ကျွန်တော် ဒီကားစီးလို့ရမှာပါ။ ကားနဲ့အလုပ်သွားရင် တစ်နာရီခွဲလောက်ကြာပြီး ဆိုင်ကယ်နဲ့သွားရင် အချိန်က တစ်ဝက်လောက် ပဲ ကြာမှာပါ''လို့ သူက ပြောခဲ့ပါတယ်။

Ref:AFP
http://first-11.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

မြ၀တီ၊ သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယလမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည်

ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းအူကြောင်းသစ်ပြ မြေပုံ

အရှေ့အာရှ စီးပွားရေးစင်္ကြံ၏ အဓိကလမ်းအစိတ်အပိုင်းဖြစ်သော မြ၀တီ-သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယမြေပြန့်လမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ ရက်ပေါင်း ၈၄၀ အတွင်း အပြီး တည်ဆောက်ဖောက်လုပ်ရန်နှင့် မကြာမီရက်ပိုင်း၌ စတင်တည် ဆောက်တော့မည်ဖြစ်ကြောင်း
မြန်မာ့ဆောက်လုပ်ရေးဌာနမှ သိရှိရသည်။

''See Sang ကုမ္ပဏီကမကြာခင် ရောက်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ လက်ရှိတံတားဟောင်း ကြံ့ခိုင်မှုအပိုင်း၊ မြ၀တီ-သင်္ကန်းညီ နောင်လမ်းပိုင်း၊ ဒုတိယလမ်းသစ်ရယ်ကို အရင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ပြည်သူ့ဆောက်လုပ်ရေး မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်စပ်မြ၀တီမြိုမှ လက်ရှိသွားလာနေသော သင်္ကန်းညီနောင်-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှလမ်းပိုင်းမှာ ခရီးမိုင် ၃၀ ရှိပြီး ယခုဖောက်လုပ်မည့် ဒုတိယလမ်းမှာ ၁၈ မိုင်၊ ၂၈ ဒသမ ၆၀၇ ကီလိုမီတာ ရှည်လျားကြောင်း၊ လမ်းအကျယ် ၁၀ မီတာရှိပြီး နိုင်လွန်ကတ္တရာလမ်း အမျိုးအစားဖြစ်ကြောင်း၊ ထိုင်း၊ မြန်မာ-အိန္ဒိယလမ်းပိုင်းစီမံကိန်း၏ ဘီအဆင့် ဒုတိယလမ်းပိုင်း ရွေးချယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလသင်္ကန်းညီနောင်-ကော့ ကရိတ်လမ်းပိုင်းထက် ၁၂ မိုင် တိုတောင်းသွားကာ ဘတ် ၁၁၆၆ သန်း ကုန်ကျခံတည်ဆောက်သွားရန် လျာထားကြောင်းလည်း သိရသည်။

မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် ဒုတိယလမ်းမှာ ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သော လမ်းအူကြောင်းလည်းဖြစ်ပြီး အောက်ခံမြေသား ကောင်းမွန်ခြင်း၊ ဒေါနတောင်ရှောင်ကွင်းကာ ညီနောင်-တတံကူး-ကော့နွဲ့၊ ချောင်းတောင်-လှိုင်ဝရွာတွင် လက်ရှိလမ်းဟောင်းနှင့် ပေါင်းဆုံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် မိုင်တိုင် အမှတ် (၉၂/၇)မှစတင်ကာ ခုနစ်ကီလိုမီတာ (၄ ဒသမ ၃၅၁၉) မိုင်ကို မြ၀တီမြို့နယ် အင်ဂျင်နီယာများက တာဝန်ယူကြီးကြပ်ပြီး ကော့ကရိတ်ဘက်ခြမ်း ၂၁ကီလိုမီတာ(၁၃ဒသမ၀၅၅၇)မိုင်ကို ကော့ကရိတ်ခရိုင် အင်ဂျင်နီယာမှူးကြီးက ကြီးကြပ်ပြီး ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ တာဝန်ယူဖောက်လုပ်ကာ အခြေခံအလုပ်သမားများအား မြန်မာနိုင်ငံအတွင်းမှ
ခေါ်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
http://first-11.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

မြန်မာသဘောင်္သားတွေ ရင်လေးစရာ

ပြီးခဲ့သော အပတ်က စပြီး အစိုးရပိုင် သင်္ဘောကျင်းများမှာ လုပ်သက် Service ဆင်းနေသူများဟာ လုပ်သက်မှတ်တမ်း စာရွက်စာတမ်း တွေ အသိမ်းခံရပါတယ်။

(နိုင်ငံရပ်ခြားသင်္ဘောတွင် စက်ခန်းဘက်ဆိုင်ရာ အလုပ်လုပ်ပိုင်ခွင့်ရဖို့  အထောက်အကူပြုတဲ့စာရွက်စာတမ်းတွေပါ)

ပြီးတော့ မှ သတင်းထွက်လာတာက ကျွန်တော်တို့ ရဲ့  ကလေးတွေဖြစ်တဲ့  G.T.U လို သိပ္ပံနှင့် နည်းပညာ အင်ဂျင်နီယာဘွဲ့ ရပြီး သား ကျောင်းသားတွေပာာ အချိန်တွေကုန် ငွေတွေကုန်ပြီး ဥပဒေပြောင်းလို့  L.C.D ဆိုတဲ့  ပြည်တွင်းသွား သင်္ဘောတွေပေါ်မှာ SEA TIME တစ်နှစ်ယူရမယ်လို့  သတင်းတွေ ထွက်လာပြန်ပါတယ် ။

သူတို့ ပြောတဲ့  L.C.D သင်္ဘောတွေပေါ်မှာ SEA TIME ယူဖို့ ဆိုတာကလဲ အလကားမရဘဲ ပိုက်ဆံ (10) သိန်း လောက်ပေးရမှ ရနိုင်မှာဖြစ်ပါတယ်..။ ဘာတစ်ခှုမျှ တာဝန်ယူပေးမှုနှင့် ၀န်ထမ်းသားသမီးအပါအ၀င် ၊ အောက်ခြေလူတန်းသားများအတွက် စဉ်းစားပေးခြင်း မရှိပါ။

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်ကလဲဘဲ E / C သို့ မပာုတ် ENGINE-CADET ဆိုတဲ့  နိုင်ငံတကာမှာ ရှိနေတဲ့  စာမေးပွဲကို ဖျက်သိမ်းခဲ့ ပြီး B.E.S.T ဆိုတဲ့  အင်္ဂလိပ်စာ စာမေးပွဲကို ပြုလုပ်ပြီး ENGINE RATING လက်မှတ်တွေ ထုတ်ပေးခဲ့ ပါတယ် ။

ဒါပေမယ့် အဲဒီ B.E.S.T ဆိုတဲ့  စာမေးပွဲကလည်း ရေကြောင်းသိပ္ပံမှာ ကျင်းပ ပြုလုပ်တာ အင်္ဂလိပ်စာ မတိုးတက်ပဲ အလွတ်ကျက်ပုံစံမျိုးနှင့် ငွေကြေးပိုက်ဆံ ကုန်ဆုံးကာ ပွဲစားများ သာ ကောင်းစားသွားပြီး C.D.C ဆိုတဲ့  သင်္ဘောသားမှတ်ပုံတင် တွေကိုင်ပြီး အလုပ်လက်မဲ့ တွေ ဖြစ်နေပါသည်။

သင်္ဘောပေါ်မှာ ENGINE စက်ပြင် အလုပ်မျိုးတွေ လုပ်ဖို့  ဆိုတာ အင်္ဂလိပ်စာ တစ်ခုတည်း ရရုံ နဲ့  မဖြစ်နိုင်ပါ။

ယခုတဖန်လဲပဲ J / E ဆိုတဲ့  JUNIOR ENGINEER စာမေးပွဲကိုလည်းI.M.O ကလက်မခံဘူးလို့  အကြောင်းပြပြီးဖျက်သိမ်းတယ်လို့သတင်းတွေ ထွက်နေပြန်တယ်။

ENGINEER ရာထူးများ ဖြေရန် ရေကြောင်းသိပ္ပံ ဌာနတွေမှာ ဒေါ်လာပေးပြီးမှ တက်ရမယ်လို့  ကြားပြန်တယ်.။

အဲဒီလို ဖြစ်ခဲ့ ရင်လဲ အခြေခံလူတန်းစားနဲ့  လက်ရှိသင်္ဘော လိုက်နေတဲ့  အောက်ခြေ OILER အဆင့်ရှိတဲ့  လစာဒေါ်လာ ( ၁၀၀၀ ) နီးပါးရတဲ့  လူတွေအတွက် မိသားစု စားဝတ်နေရေးကြောင့်ဝင်ရောက်ဖြေဆိုရန်မဖြစ်နိုင်တော့ပါ။

နောက်တစ်ခု မတရားတာက ရေကြောင်းတက္ကသိုလ်က ပြီးတဲ့ ကျောင်းသားတစ်ယောက်ပာာ ပင်လယ်ပြင်လုပ်သက် ဘာမျှမသိပဲ ကျောင်းပြီးတာနဲ့3/Eရာထူး တန်းပေးပြီး နိုင်ငံခြားသင်္ဘောပေါ်ရောက်တော့  လုပ်ငန်းမလုပ်တတ်တဲံ့ ပြသနာတွေကိုလည်း အပြင်မှာ လက်တွေ့ လုပ်ငန်းခွင် ၀င်နေတဲ့ သင်္ဘောသား အပေါင်းကို မေးကြည့်ရင် သိနိုင်ပါလိမ့်မည်။

ဒါကြောင့်ကုလ လက်အောက်ခံ အဖွဲအစည်းဖြစ်တဲ့ ကမ္ဘာ့ရေကြောင်းဆိုင်ရာ I.M.O အဖွဲ့ ကြီးကလည်း မြန်မာနိုင်ငံ ပို့ ဆောင် ၀န်ကြီးဌာနက တင်ပြတဲ့ Training System တင်ပြချက် တွေကို အကြွင်းမဲ့  မယုံကြည်ပဲ အောက်ခြေအဆင့်အထိ လက်တွေ့ ကျကျ လေ့လာ သုံးသပ် ပြီးမှ မြန်မာနိုင်ငံနှင့် လျော်ညီတဲ့သတ်မှတ်ချက်မျိုးထုတ်ပြန်ပေးသင့်ပါသည်။

အဲဒီလို မလုပ်ခဲ့ရင်တော့  ကျွန်တော်တို့  မြန်မာနိုင်ငံမှာ ရှိတဲ့  New Generation သင်္ဘောသားများ အတွက် ရင်လေးစရာမို့  မြင်သိတာတွေကို ကျွန်တော် တို့  သင်္ဘောသားအပေါင်းနှင့် မိသားစုများ အကျိုးအတွက် မျှော်တွေးလျှက် အများအကျိုးအတွက် တင်ပြခြင်းသာဖြစ်ပါသည်။

ပင်လယ်ထဲမှာ လမ်းပျောက်နေသူ
http://www.irrawaddyblog.com/

ဆက်၍ ဖတ်ကြည့်ပါဦး ..

စင်္ကာပူ မြန်မာသံရုံးနဲ့ ခြားနားခွန်


သို့ 
နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျနော် မြန်မာနိုင်ငံသား မောင်စိုးအောင်သည် စင်ကာပူနိုင်ငံတွင် ခေတ္တလာရောက် အလုပ် လုပ်ကိုင်နေပါသည်။

ကျနော်မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ကျနော်၏နိုင်ငံကူးစာအုပ်ကို အသစ်လဲရန်အတွက် နိုင်ငံက
ဝင်ငွေခွန်ထမ်းဆောင်စေသော ၄၀%ကို တရားဝင်စင်ကာင်္ပူဒေါ်လာမှ အမေရိကန်ဒေါ်လာသို့  တန်ဖိုး
ပြောင်းလဲပြီး MFDB တွင် ဆောင်စေပါသည်။

ထို့ နောက်စာအုပ်ကိုအသစ်လဲပါသည်။

ယခုကျနော်သည်စာအုပ်ကို သက်တမ်းတိုးရန်အတွက် စင်င်္ကာပူရှိမြန်မာသံရုံးတွင် သွားရောက်
လျောက်ထားစဉ် ကျနော် ထမ်းဆောင်ခဲ့သော ၀င်ငွေခွန်းများကို မြန်မာနိုင်ငံမှာဆောင်ခဲ့သောကြောင့်
ခြားနားခွန်ဆိုပြီး ယခင် ထမ်းဆောင်ခဲ့သော အခွန်များကို ထပ်လောင်း၍ တောင်းဆိုပါသည်။

ထို့ ကြောင့်ကျနော်တို့ မြန်မာနိုင်ငံသားများသည် မည်သည့်နိုင်ငံ၏ဥပဒေကို အတည်ယူ၍
မည်သို့ မည်ပုံပြုလုပ်ရပါမည်နည်း။

မြန်မာနိုင်ငံတော်အခွန်ရုံးက ၄၀%၊ စင်င်္ကာပူရှိမြန်မာသံရုံးက ခြားနားခွန် ဆိုပြီး
အမျိုးမျိုး ပါးစပ်ဥပဒေများပြုလုပ်နေသောကြောင့် ဒုက္ခတော်တော်ရောက်ကျရပါသည်။

မည်သည့်နိုင်ငံတွင် အလုပ်လုပ်၊ နေနေ အခွန်ဥပဒေကို တစ်ညီတစ်ညွတ်ထဲဖြစ်စေချင်ပါသည်။

အခွန်ထမ်းဆောင်ရန် သံရုံးသို့ သွားလျင်လဲ၂ပတ်၃ပတ် အချိန်ယူပြီး ရက်ချိန်းပေးတတ်ပါသည်။

သမ္မတကြီးထံ ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

စိုးအောင်
ခေတ္တ
စင်င်္ကာပူ
http://www.irrawaddyblog.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

ဘုရားသုံးဆူ ဝင်းကရွာမီး ဘတ်သန်း ၇၀ ကျော် ဆုံးရှုံး

ဝင်းကရွာ မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁,၈၀၀ ကျော်) ဆုံးရှုံး (ဓါတ်ပုံ မဇ္ဈိမ)

စံခလပူရီ (မဇ္ဈိမ) ။ ။ ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁,၈၀၀ ကျော်) ဆုံးရှုံး သည့် မီးလောင်ကျွမ်းမှုတခု ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာကျော်ရှိ ဝင်းက မွန်ရွာကြီးတွင် အင်္ဂါနေ့ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုကြောင့် ဗုဒ္ဓဂါယာ စေတီကြီး ဘုရားစောင်းတန်းရှိ ဆိုင်ခန်းပေါင်း ၃၆ ခန်းမှ မြန်မာ့ယွန်းထည်များ၊ မြန်မာ့လက်မှု ပရိဘောဂများနှင့် အနုပညာလက်ရာမြောက် ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ တူရိယာပစ္စည်းများ၊ ငွေထည် ကြေးထည်များ နာရီဝက်အတွင်း ပြာကျသွားခဲ့သည်။

မီးလောင်ချိန်သည် ဝင်းကရွာ ဘုရားပွဲချိန်နှင့် တိုက်ဆိုင်နေပြီး ပွဲကြည့်ပရိသတ်များနှင့် ကြိတ်ကြိတ်တိုး စည်းကားနေသည့်အတွက် ဆိုင်ခန်းမှ ပစ္စည်းများ သယ်ထုတ်၍ မရနိုင်ခဲ့ပေ။

ဝင်းကရွာနှင့် နှစ်ကီလိုမီတာအကွာရှိ စံခလပူရီမှ မီးသတ်ကားများ လာရောက် ငြှိမ်းသတ်သော်လည်း မီးအားပြင်းသည့်အတွက် အလျှင်အမြန် မငြိမ်းသတ်နိုင်ခဲ့ဘဲ လေးနာရီခန့်ကြာမှ မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။

ဝင်းကရွာ ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၆ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပပြီး မွန်ရိုးရာ လက်ဝှေ့ပွဲများ၊ မွန်ပြည်နယ်မှ မွန်၊ မြန်မာဇာတ်ပွဲများအပြင်၊ ထိုင်း ကျောင်းသူ ကျောင်းသားများ၏ အနုပညာ ဖျော်ဖြေပွဲများနှင့် ထိုင်းတေးဂီတများဖြင့် အလွန်စည်ကားသည့် ပွဲတော်တခု ဖြစ်သည်။

အိမ်ခြေ ၁,၅၀၀ ခန့် ရှိ ဝင်းကရွာကြီးသည် မီတာ ၄၅၀ ကျော် ရှည်သည့် ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတားနှင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာပုံတူ စေတီတော်ကြောင့် ထင်ရှားပြီး မီးလောင်သွားသည့် ဈေးဆိုင်ခန်းများမှာလည်း ထိုင်းနိုင်ငံ အတွင်းမှ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားများကို အဓိကထား ရောင်းချကြသည်။

မီးလောင်ကျွမ်းမှုအပြီး ဝိဝေကာရာမ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ အာဏာပိုင်များ၊ ဘုန်းတော်ကြီးကျောင်း ထိန်းသိမ်းရေး တာဝန်ရှိသူများနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များက မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစအချိန်က ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်ရန် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြသည့် ဝင်းက ဆရာတော်ဘုရားကြီးနှင့် မြန်မာနိုင်ငံ အောက်ပိုင်းမှ အိမ်ထောင်စု ၆၀ ခန့်ရှိ မွန်လူမျိုးများက ဝင်းကရွာကို တည်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ် ထွန်ဖာဖွန် ရေကာတာ စီမံကိန်းကြောင့် ယခုဝင်းကရွာသစ်သို့ ပြောင်းရွှေ့ခဲ့သည်။

ရွာသစ်သက်တမ်းတလျှောက် ယခုမီးလောင်ကျွမ်းမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

ဆက်၍ ဖတ်ကြည့်ပါဦး ..

အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲ နောက်ဆုံးရ သတင်းများ

အင်္ဂလန်အတွက် ဂျွန်ဆင်အထွက် လက်စ်ကော့အ၀င်

ဂလင်းဂျွန်ဆင်ဟာ နယ်သာလန်နဲ့ ရင်ဆိုင်ကစားမယ့် အင်္ဂလန်အသင်း လူစာရင်းကနေ ဒဏ်ရာကြောင့် နှုတ်ထွက်သွားခဲ့ပြီး သူ့နေရာကို ဂျိုလီယွန် လက်စ်ကော့နဲ့ အစားထိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းနဲ့အတူ ကားလင်းဖလားကို ဆွတ်ခူးရရှိထားတဲ့ ဂျွန်ဆင်ဟာ ယာယီနည်းပြ စတူးအတ် ပီယာ့စ် ကိုင်တွယ်နေတဲ့ အင်္ဂလန်အသင်း လူစာရင်းမှ နှုတ်ထွက်ခဲ့တဲ့ ပဉ္စမမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းမှ ပဉ္စမမြောက် နုတ်ထွက်ရသူ ဂလင်း ဂျွန်ဆင် (ဓာတ်ပုံ - pesfaces)

အင်္ဂါနေ့မနက်မှာ အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့သေးပေမယ့် ဂျွန်ဆင်က သူ့ရဲ့ ဒဏ်ရာအသေးစားကို သတင်းပို့ အကြောင်းကြားခဲ့ပါတယ်။

အင်္ဂလန်ဘော်လုံးအဖွဲ့ချုပ်က သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး အသေးအစိတ် ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။ ဒါပေမယ့် ဂျွန်ဆင်ဟာ မပျော်နိုင်ဘဲ လီဗာပူးအသင်းကို ပြန်သွားခဲ့တာတော့ သေချာပါတယ်လို့
ပြောဆိုခဲ့ပါတယ်။

တခြား ညာနောက်ခံကစားသမား ကေလီဝေါကာ ကလည်း ညာတောင်ပံအတွက် မီကာရစ်ချက်၊ ဖီးဂျုံးနဲ့ ခရစ်စမောလင်းတို့ ရှိနေတာကြောင့် စပါးအသင်းကို ပြန်သွားခဲ့ပါတယ်။

ပြင်းထန်တဲ့ ခြေခြင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့ ဒါရင်းဘန့်နဲ့ ဖျားနေတဲ့ ၀ိန်းရူနီတို့ကြောင့် အားနည်းနေတဲ့ အင်္ဂလန်လူစာရင်းကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား တွန်ကလီဗာလေကလည်း နှုတ်ထွက်သွားခဲ့ပါတယ်။

ဒါကြောင့် လစ်စကော့ တယောက်ကိုပဲ ပြန်လည်ခေါ်ယူ အားဖြည့်နိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးရဲ့ အနောက်ခံကစားသမား လစ်စကော့ဟာ သူ့ကို အင်္ဂလန်အသင်းအတွက် ခေါ်ယူမှုကြောင့် အံအားသင့်နေပါတယ်။

အင်္ဂလန်အသင်း ယာယီနည်းပြ စတူးအတ် ပီယာ့စ် (ဓာတ်ပုံ - England Football Blog)

အင်္ဂလန်အသင်းရဲ့ ယာယီနည်းပြ ပီးယာ့စ်ကလည်း ဒီရာသီမှာ သူ့ကစားသမားတွေ ပျော်ပျော်ရွှင်ရွှင် မရှိသလိုမျိုး ခံစားရကြောင်း ပြောဆိုသွားပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ဒီနေ့ည အင်္ဂလန် ဒေသစံတော်ချိန် ၉ နာရီမှာ ၀င်ဘာလေကွင်းမှာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းကစားမှာ ဖြစ်ပါတယ်။

နယ်သာလန်အသင်းနဲ့ ကစားမယ့် အင်္ဂလန်အသင်း လူစာရင်း

ဂိုး – ဂျိုးဟတ်၊ စကော့ကာဆန်၊ ရောဘတ်ဂလင်း

အနောက်တန်း – လက်တန် ဘိန်းစ်၊ အက်ရှလေ ကိုးလ်၊ ဖီးလ် ဂျုံး၊ ခရက်စ် စမောလင်း၊ ဂယ်ရီ ကာဟေး၊ မီကာ ရက်ချက်စ်၊ ဂျိုလီယွန် လက်စ်ကော့

အလယ်တန်း – ဂါရတ် ဘာရီ၊ စတီဗင် ဂျာရတ်၊ ဂျိမ်းစ် မီလ်နာ၊ သီအို ဝဲကော့တ်၊ စတီးဝပ် ဒေါင်းနင်း၊ အဒမ် ဂျွန်ဆင်၊ စကော့တ် ပါကား၊ အက်ရှလေ ယန်း

အရှေ့တန်း – ဖရေဇာ ကမ်းဘဲလ်၊ ဒန်နီ ဝဲလ်ဘက်၊ ဒယ်နီယာ စတားရိုက်

အင်္ဂလန်အသင်းခေါင်းဆောင်ကို နောက်ဆုံးအချိန်မှ ကြေညာမယ်

စတူးအတ် ပီယာ့စ်က အင်္ဂလန် အသင်းခေါင်းဆောင်အသစ်ကို နယ်သာလန်နဲ့ ချစ်ကြည်ရေးပွဲကန်ဖို့ တနာရီအလိုအထိ ကြေငြာမည်မဟုတ်ပါ။

လူတွေကတော့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ယာယီ မန်နေဂျာ ပီးယာ့စ် အနေ့နဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ကို ကြေငြာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား စတီဗင် ဂျာရတ်နဲ့ မန်ချက်စတာစီးတီး ဂိုးသမား ဂျိုး ဟတ်တို့ဟာ အသင်းခေါင်းဆောင်အတွက် ရွေးချယ်ဖို့ သူ့ရဲ့အစီအစဉ်ထဲမှာတော့ ထည့်ထားပါတယ်။

“အသင်းခေါင်းဆောင်ကို နယ်သာလန်နဲ့ပွဲမှာ ကန်မယ့် ပထမလူစာရင်း ထုတ်ပြန်မှ တခါတည်း ကြေငြာမှာပါ။ ဒီနေရာအတွက် ကမ်းလှမ်းတဲ့လူတွေ၊ ရွေးချယ်စရာလူတွေ အများကြီးရှိတယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။ ဒါပေမယ့် ကျနော်အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ ပီးယာ့စ်က ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ပီးယာ့စ်က “ကျနော့်အလုပ်တွေထဲမှာတော့ အင်္ဂလန်အသင်းကို ခေါင်းဆောင်လုပ်ရတာ ဂုဏ်ယူဆုံးပါပဲ။ ကျနော် ဒါကိုလက်ခံဖို့အတွက် ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မချနိုင်ခဲ့ဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်အမြင်တဲ့အမြင်ကတော့ ခင်ဗျားဟာ ခင်ဗျားနိုင်ငံအတွက် ကစားပေးတဲ့အခါ အားလုံးထက် ပိုမိုပြီးမြင့်မြတ်တယ်ဆိုတာပဲ။ အခုလည်း ဒီအတိုင်းပါဘဲ” လို့ ပြောပါတယ်။

စပါးကစားသမား စကော့တ် ပါကားနဲ့ ဂျိုးဟတ်ရဲ့ မန်းစီးတီး ကစားဖော်ဖြစ်တဲ့ ဂျိမ်းစ် မီနာဟာ ဒီအသင်းကို ခေါင်းဆောင်ဖို့ ဖြစ်နိုင်တယ်လို့ သဘောထား ပေးထားတာတွေရှိပါတယ်။ ဒါပေမယ့် ပီးယာ့စ်က အသင်းခေါင်းဆောင်ကို နောက်ဆုတ်ပြီး ကြေငြာဖို့ ပိုထက်သန်နေပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ သူရဲ့ အသင်းခေါင်းဆောင် ရာထူးကို စွန့်လွတ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျူပီအာကစားသမား အက်တန် ဖာဒီနန်ကို လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲတာနဲ့ ပတ်သက်ပြီး တရားရုံးက သူ့အမှုကို စစ်ဆေးဖို့အတွက် လာမယ့် ဇူလိုင်လအထိ ရွှေ့ဆိုင်းထားလို့ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားက အင်္ဂလန် အသင်းခေါင်းဆောင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောဆိုခဲ့ပါတယ်။

“ကျနော်ကတော့ ဂျာရတ်ရဲ့ အခြေအနေနဲ့ အရည်အချင်းဟာ အခုညမှာ အင်္ဂလန်ကို ဦးဆောင်ပေးနိုင်မယ့်လူလို့ မြင်မိပါတယ်။ သူဟာ အခုပွဲအပြင် လာမယ့် ၂၀၁၂ ဥရောပဖလားပွဲအတွက်လည်း မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်” လို့ အလန်ရှီးယားက ဆိုပါတယ်။
http://burma.irrawaddy.org/

ဆက်၍ ဖတ်ကြည့်ပါဦး ..

ပြည်ပတွင် အလုပ်လုပ်ပြီး အခွန်ဆောင်ထားသူများ ကားသွင်းခွင့်ရပြီ

ဆက်၍ ဖတ်ကြည့်ပါဦး ..

Tuesday, February 28, 2012

The Artist က ခွေးကလေး အဂ္ဂီ

မနေ့  က အော်စကာ ဆု ပေး ပွဲ မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆု အပါ အ၀င် အဓိက ကျတဲ့ဆုတွေ နဲ့  ထိပ်တန်း ရုပ်ရှင် ထူး ချွန် ဆု တွေ ကို ဆွတ် ခူး ခဲ့ တဲ့ The Artist ဇာတ်ကားမှာ အဂ္ဂီအဖြစ် သရုပ်ဆောင် ခဲ့ တဲ့ ခွေး ကလေး ဟာ ဒီဇာတ် ကား မတိုင် ခင် ကတည်း က mr fix it ၊ What’s Up Scarlett ၊ Wassup Rockers (၂၀၀၅)၊ Water for Elephants စတဲ့ ဇာတ်ကားတွေ မှာ သရုပ်ဆောင်ခဲ့ ဖူး ပါတယ်။

အဂ္ဂီ ကို ရွှေ ကမ္ဘာလုံး ဆု ပေးပွဲ ၊ ကန်း(စ) ရုပ်ရှင် ပွဲတော် နဲ့  ၈၄ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ မှာ Uggie the Dog ဆိုပြီး တရား ၀င် ဖိတ်ကြား ခဲ့ ပြီး သူ့  အတွက် Limousine မော်တော်ကား အကောင်း စား ကြီး နဲ့  လည်း ကြို ဆို ခဲ့ ပါတယ်။ မေလ က ကျင်း ပခဲ့ တဲ့ Cannes ရုပ်ရှင်ပွဲ တော်မှာ အဂ္ဂီ က Palm Dog Award လို့  ခေါ် တဲ့ ခွေးသရုပ် ဆောင် ထူး ချွန် ဆု ကို လည်းရရှိ ထား သူ ဖြစ် ပြီး Best Performance Animal လို တရိစ္ဆာန် ရုပ်ရှင် ထူး ချွန် ဆု တွေ ကိုလည်း ရရှိ ထား တဲ့ ခွေး ကလေး ဖြစ်ပါတယ်။

ခွေး ကလေး အဂ္ဂီ လို ပဲ ၁၉၂၉ ခုနှစ် မေလ မှာ ပထမ ဦးဆုံး ကျင်း ပခဲ့ တဲ့ ပထမ အကြိမ်မြောက်အော်စကာဆု ပေး ပွဲ မှာ လည်း Rin Tin Tin ဆို တဲ့ ဂျာမန် သိုး ထိမ်း ခွေး ကလေး ဟာ အခုလို ပဲ ဂုဏ်ပြု ခံ ခဲ့ ရ ပါတယ်။

The Artist နဲ့  နာမည် ကျော်လာတဲ့ ခွေး ကလေး အဂ္ဂီ ကို ကြော်ငြာ လုပ် ငန်း ရှင် တွေ က သရုပ်ဆောင် ကြေး တိုး ပေး ပြီး ကမ်းလှမ်းထား မှု တွေ ရှိ ပေမယ့် သူ့  ရဲ့  သခင် က တော့ စီစစ် ပြီး မှလက် ခံ မယ် လို့  ဆို ပါတယ်။ တကယ်လို့  ရုပ်ရှင် ရိုက် မယ် ဆို ရင်တော့ အဂ္ဂီ ရဲ့  ကျန်းမာ ရေးနဲ့  သင့် လျှော် မယ့် ကား တွေ မှာ သာ ပါဝင် သရုပ် ဆောင် စေ မှာ ဖြစ် ပြီး ဇာတ် ကား တစ်ခုအတွက် သရုပ်ဆောင် ကြေး က ဒေါ်လာ တစ်သိန်း နီး ပါ ကျသင့် မှာ ဖြစ်တယ် လို့  ဆိုပါတယ်။

အဂ္ဂီ ဟာ The Artist ဇာတ် ကား မှာ သူ့  သခင် သရုပ်ဆောင် မင်းသား ဂျော့ဗယ်လင်တိုင် ကို သစ္စာ ရှိ သူ အဖြစ် သရုပ်ဆောင်ခဲ့ ပါတယ်။















http://freedomnewsgroup.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

တရုတ်စီးပွားရေးပုံစံ ခေတ်ကုန်နေပြီလို့ ကမ္ဘာဘဏ်သတိပေး

တရုတ်နိုင်ငံဟာ လာမယ့် နှစ် ၂၀ ကျရင် စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့ရနိုင်တာကြောင့် စီးပွားရေးစနစ်ကို မြန်မြန်ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံက နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေထဲမှာ နိုင်ငံပိုင်ကုမဏီတွေက အင်အားကြီးမားလွန်းတာကို လျှော့ချဖို့၊ အရေးကြီးတဲ့ စီးပွားရေးကဏ္ဍတွေမှာ လက်ဝါးကြီးအုပ် ချယ်လှယ်ထားတာတွေကို လျှော့ချဖို့နဲ့ တခြား ကုမ္ပဏီငယ်လေးတွေကို စီးပွားရေးအခွင့်အလမ်းပေးဖို့ အချက်တွေ ပါဝင်ပါနေပါတယ်။

တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လုံးလုံး တိုင်းပြည်စီးပွားရေး ၁၀ ရာခိုင်နှုန်း ပုံမှန် တိုးတက်ခဲ့ပေမယ့်၊ နိုင်ငံပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုကိုပဲ စီးပွားရေးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အား အဖြစ် ဒရကြမ်းအသုံးပြုခဲ့တဲ့ တရုတ်စီးပွားရေးပုံစံဟာ ရေရှည်မခံနိုင်ဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဌ Robert B. Zoellick. က ပြောပါတယ်။

ဒါပေမဲ့ စီးပွားရေးတိုးတက်မှု အရှိန်ကို ထိန်းပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အားချင်းလုပ်ဆောင်မယ် ဆိုရင် တရုတ်ဟာ ၂၀၃၀ ခုနှစ် ကမ္ဘာ့အကြီးဆုံး စီးပွားဖြစ်လာဖွယ်ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်ဥက္ကဌက ပြောပါတယ်။

ကမ္ဘာ့ဘဏ်က တရုတ်စီးပွားရေးအတွက် ပြုပြင်ဖို့ အရေးကြီးတဲ့ (၆) ချက်ကို ပြောဆိုပါတယ်။

၁။ ဈေးကွက်စီးပွားရေးစနစ်အတွက် အခြေခံလိုအပ်မယ့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (structural reforms) ဥပဒေတွေကို မြှင့်တင်ဆောင်ပါ။ အဓိကက အစိုးရရဲ့ အခန်းကဏ္ဍကို ပြန်လည် ဖွင့်ဆိုဖို့၊ နိုင်ငံပိုင်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲဖို့၊ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးစေဖို့နဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို ပိုမိုအားပေးဖို့။

၂။ ပြည်တွင်းမှာရော၊ နိုင်ငံတကာ သုတေသန ပရော့ဂျက်များနဲ့ပါ ပူးပေါင်းပြီး ဆန်းသစ်တီထွင်မှု (innovation) ခြေလှမ်းကို အမြန်ဆုံးလှမ်းဖို့လိုအပ်။

၃။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစိမ်းရောင်ပရော့ဂျက်တွေမှာ ရင်းနှီးမြှုပ်နှံလာအောင် ပိုမိုအားပေးပါ။ ရင်းမြစ်တွေကို စည်းမရှိကမ်းမရှိ မသုံးဘဲ၊ ထိထိရောက် အကျိုးရှိရှိ အသုံးပြုဖို့ လိုအပ်နေ။

၎။ အားလုံးအတွက် လူမှုလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပါ။

၅။ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို ငွေကြေးပိုမိုချပေးဖို့ ဘဏ္ဍာရေးနဲ့ အခွန်ငွေ ပေါ်လစီတွေကို ပြုပြင်ပါ။

၆။ ဂလိုဘယ်စီးပွားရေးကို အောက်လမ်း သို့မဟုတ် နောက်ဖေးပေါက်ကနေ အမြဲမ၀င်ဘဲ၊ မြင်သာထင်သာရှိရှိ ပိုမို ပူးပေါင်း ဆောင်ရွက်ပါ။

ဇန်န၀ါရီလမှာ တရုတ်ရဲ့ ပို့ကုန်တွေကို နိုင်ငံခြားမှ ၀ယ်ယူမှု အတော်ကျဆင်းခဲ့တယ်လို့ တရုတ်အစိုးရ ကိန်းဂဏန်းတွေမှာ ဖော်ပြပါတယ်။

ရည်ညွှန်း။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တနင်္လာနေ့ထုတ် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ် China 2030: Building a Modern, Harmonious, and Creative High-Income Societyနှင့် ကမ္ဘာ့ဘဏ် ဥက္ကဌ Robert B. Zoellick ပြောကြားချက်။
မောက္ခနိုင်ငံတကာသတင်း

ဆက်၍ ဖတ်ကြည့်ပါဦး ..

၅၀၀၀ တန်ဖုန်း​ကတ် ရရှိ​ရေး​ ​ဆောင်ရွက်သူ အ​ယောက် ၂၀ ထိန်း​သိမ်း​ခံရ

တောင်ဒဂုံမြို့​နယ် အမှတ် ၇၀ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ရုံး​မှာ လူထုအကြား​ ငါး​ထောင်တန်ဖုန်း​ကတ် ရရှိ​ရေး​ စာရွက်ဖြန့်​ဝေသူ အ​ယောက် ၂၀ ကို ထိန်း​သိမ်း​ထား​တယ်လို့​ အဲဒီရုံး​ထဲ​ရောက်​နေတဲ့​ ကိုထင်​ကျော်က ​ပြောပါတယ်။

“ကျ​နော်တို့​ ​တောင်ဒဂုံရပ်ကွက် အုပ်ချုပ်​ရေး​မှူး​ရုံး​ရောက်​နေတယ်။ ကျ​နော်တို့​အား​လုံး​ တား​ခံထား​ရတယ်။ အခု ကျ​နော်တို့​ ရုံး​ထဲမှာပိတ်ခံထား​ရတယ်။ ကျ​နော်တို့​ ခွင့်​ပြုချက်မရှိဘဲ လုပ်တယ်​ပေါ့​ဗျာ။ အဲဒီအတွက် လက်မှတ်ထိုး​ ခိုင်း​ထား​တယ် ပထမပိုင်း​မှာ။”

ကိုထင်​ကျော်အပါအဝင် ကုန်​ဈေး​နှုန်း​ကျဆင်း​ရေး​ အင်အား​စုဝင်​တွေဟာ ဒီမနက်ပိုင်း​က လှိုင်သာယာမီး​ခွက်​ဈေး​၊​ ​တောင်ဥက္ကလာပမြို့​နယ် နန္ဒဝန်​ဈေး​နဲ့​ ​မြောက်ဥက္ကလာမြို့​နယ်​တွေမှာ ၅၀၀၀ ကျပ်ဖုန်း​ကတ်ဟာ ပြည်သူ​တွေ ကုန်​ဈေး​နှုန်း​ ကျဆင်း​ရေး​ကို အ​ထောက်အကူပြုတဲ့​အတွက် သုံး​ခွင့်​ပြု​ရေး​ စတာ​တွေကို ​ဟော​ပြောတာ၊​ လက်ကမ်း​စာ​စောင် ဖြန့်​ဝေတာ​တွေ လုပ်ခဲ့​ပါတယ်။

တောင်ဒဂုံမှာ အဖမ်း​ခံရတဲ့​ ​ဒေါ်ခင်​အေး​က “လက်မှတ်ထိုး​ခိုင်း​တာက​တော့​ ရဲက ထိုး​ခိုင်း​တာပါ၊​ ​တောင်ဒဂုံစခန်း​မှူး​ ဦး​ဌေး​ဝင်း​က ထိုး​ခိုင်း​တာပါ။ ကျမလည်း​ စာဖတ်ကြည့်​တော့​ ဝန်ခံကတိပြုပါသည်။ ဒီစာ​တွေ​ဝေတဲ့​ကိစ္စနဲ့​ပတ်သက်လို့​ သူတို့​ခွင့်​ပြုချက်မရှိဘူး​ပေါ့​။ ကုမဏီအသင်း​အဖွဲ့​ စတာ​တွေ ခွင့်​ပြုချက်ရှိမှသာလျင် ​ဝေနိုင်တယ်လို့​ ​ရေး​ထား​ပါတယ်။ ဒါ့​ကြောင့်​ အမ်ဒီစီအက်ဖ်ဆိုတဲ့​ ကုန်​ဈေး​နှုန်း​ကျဆင်း​ရေး​အင်အား​စုဆိုတဲ့​ အဖွဲ့​လက်မှတ်ပါတယ်။ ဒါ​ကြောင့်​ အမ်ဒီစီအက်ဖ် ​ခေါင်း​ဆောင် ကိုထင်​ကျော်ကို​ခေါ်မယ်ဆိုပြီး​ ​ခေါ်ရာက ကိုထင်​ကျော်ကိုပါ တား​မြစ်ခံရတာဖြစ်ပါတယ်။ အထက်လူကြီး​ကို ​စောင့်​နေလို့​ ဆိုပြီး​ ​စောင့်​ဆိုင်း​နေကြဆဲဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။

ဒီလိုတား​မြစ်မှုအ​ပေါ် ကိုထင်​ကျော်က “ဒီအ​ခြေခံဥပ​ဒေကို သူတို့​ကိုယ်တိုင်ချိုး​ဖောက်​နေတယ်ဆိုတာ ကမ္ဘာသိ​အောင် လုပ်ရမယ်။ သူတို့​ပြဋ္ဌာန်း​ထား​တဲ့​ အ​ခြေခံဥပ​ဒေကို သူတို့​မ​လေး​စား​ဘူး​၊​ မလိုက်နာဘူး​။ အခု ကျ​နော်တို့​ လုပ်ရမယ့်​ကိစ္စ​တွေကို တား​ဆီး​ခံ​နေရတယ်။ သူတို့​ရေး​ဆွဲထား​တဲ့​ အခန်း​ (၂) ပုဒ်မ (၃၅၄) နိုင်ငံသား​ပိုင်ခွင့်​ကို ကျ​နော်တို့​ ချိုး​ဖောက်ခံ​နေရတယ်။ ကျ​နော်တို့​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​လုပ်​နေတာ” လို့​ ​ပြောပါတယ်။
dvb.no

ဆက်၍ ဖတ်ကြည့်ပါဦး ..

ထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည်

ဧပြိ ၁ရက်မှစတင်၍ မြန်မာအလုပ်သမားများကို ထိုင်းအလုပ်သမားများနှင့် တန်းတူအခွင့်အရေးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြံပေး မစ္စတာပရစ်ချာက ပြောကြားသည်။

´အခုလောလောဆယ် မတ်လကုန်တာနဲ့ ထိုင်းအလုပ်သမားတွေရရှိသလို တရားဝင်လုပ်တဲ့သူတွေကို တန်းတူအခွင့်အရေးရရှိဖို့ လုပ်ပြီးပြီ။ နောက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့တန်းတူအခွင့်အရေးရဖို့ လုပ်ထားတယ်။ ဗမာအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရရှိဖို့ ကြိုးစားနေပါတယ်´ဟု မစ္စတာပရစ်ချာက ဖာလားဝါးနယူးစ်ဂျာနယ်သို့ တရားဝင်ပြောကြားသည်။

တရားမ၀င်လာလုပ်တဲ့သူတွေလဲ တရားဝင်ဖြစ်လာအောင် မဲဆွယ်စည်းရုံးမယ်။ များသောအားဖြင့် ဒီအလုပ်သမားတွေက ထိုင်းကို အကျိုးပြုနေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ရဲ့ အကျိုးကိုလဲ ထိုင်းအစိုးရက ပြန်ကြည့်ရှုရမှာပေါ့´ဟု ယင်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံတစ်ခုလုံးတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာလုပ်သမားပေါင်းတစ်သန်းခွဲခန့်ရှိနေပြီး တရားမ၀င်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများလည်း များစွာရှိနေကြောင်းသိရသည်။

ယင်းအပြင် အသားငါးနှင့် ပုဇွန်လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံ၊ အသေးအကြီးပေါင်း ၁၀၀၀၀ ကျော်ရှိနေသည့် ထိုင်းနိုင်ငံ စမွတ်ဆန်းခွမ်းခရိုင်တွင် တရားဝင်နှင့် တရားမ၀င်လုပ်ကိုင်းလျက်ရှိသော မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိနေကြောင်း သိရသည်။

´အလုပ်သမားတွေဟာ နောက်ဆုံးတော့လဲ မြန်မာနိုင်ငံကို ပြန်လာမှာပဲ။ ဘာဖြစ်လို့ တရားမ၀င်အလုပ်သမားတွေများလာရလဲဆိုရင် အခွန်အခတွေကို ကြောက်လို့ဖြစ်ပါတယ်။ ဗမာ၊ကရင်၊ မွန်လူမျိုးတွေပိုများပါတယ်။ စမွတ်ဆန်းခွမ်းခရိုင်မှာဆိုရင် မြန်မာအလုပ်သမားတွေ အများဆုံးပဲ´ဟု အဆိုပါခရိုင်၏ကုန်သွယ်ရေးကိစ္စ ဒုဥက္ကဌလည်းဖြစ်သော မစ္စတာပရစ်ချာက ပြောသည်။

ထိုင်းနိုင်ငံရောက်မြန်မာတရားဝင်အလုပ်သမားအနေဖြင့် ထိုင်းအလုပ်သမားများနည်းတူ လုပ်ခလစာတိုးမြှင့်ခံစားပိုင်ခွင်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ တန်းတူပေးခြင်းနှင့် ထိုင်းနိုင်ငံ၏တရားဝင်အလုပ်ပိတ်ရက်များကိုလည်း ခံစားခွင့်ပေးခြင်းတို့ကို ယခုနှစ် ဧပြီလ ၁ရက်နေ့မှစတင်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

´မြန်မာအလုပ်သမားတွေဟာ တရားဝင်ဖြစ်ဖို့နဲ့ သူတို့ရဲ့နေထိုင်ခွင့်၊ စားသောက်ခွင့်တွေ ပိုမိုကောင်းမွန်အောင်လုပ်မယ်။ နောက်ငွေပို့ချင်တဲ့အခါ အခက်အခဲဖြစ်နေတာကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ စတာတွေကို လုပ်နေတယ်။ ဒါလဲ အစိုးရနှစ်ခုကြား ပူးပေါင်းပြီးစီစဉ်နေတာပဲလေ။ အလုပ်သမားတွေလုပ်ပိုင်ခွင့် ရဖို့တို့၊ ပတ်စ်ပို့ရဖို့တို့လဲ သူတို့ကလုပ်ပေးနတာပဲ။ မြန်မာအလုပ်သမားတွေအပေါ်မှာ
စေတနာထားလုပ်ပေးတာကို ကြိုဆိုရမှာဖြစ်ပါတယ်´ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဦးအောင်လွင်က ပြောသည်။

ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများအနေဖြင့် လုပ်ခလစာတူညီမှုမရှိသော်လည်း ထိုင်းအလုပ်သမားများနည်းတူ တန်းတူအခွင့်အရေးရရှိရန် အာမခံကြောင်း၊ ယင်းအပြင်နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သူများအပေါ်တွင်လည်း ကြားခံအဖွဲ့အစည်းများအနေဖြင့် ကောက်ခံနေတဲ့အခွန်အခများကို လျှော့ပေးသင့်ကြောင်း မစ္စတာပရစ်ချာက ပြောသည်။

**နှင်းကို(သာစည်)**
The Flower News Journal

ဆက်၍ ဖတ်ကြည့်ပါဦး ..

ဝါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို

တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက ပြောသည်။

“ အရင်အတွေ့အကြုံတွေအရပြောရရင် ၀ါဏိဇ္ဖရုံးက အလုပ်သမားတွေဘက်ကို အများကြီးလိုက်လျောတာမရှိဘူး။ သိပ်မျှော်လင့်ထားလို့မရဘူးဆိုတာ ထင်ရှားတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ

ဦးဖိုးဖြူက “ ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ” ဟု ပြောသည်။

ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊ ထို့ကြောင့် တိုင်ကြားစာတွင် တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။

“ ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့် ရက်မှန်ကြေးအား တစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။

တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း ၁၈၆၂ ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။

ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။

ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင် ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။

ဝါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။
Yangon Press International

ဆက်၍ ဖတ်ကြည့်ပါဦး ..

ထိုင်း-မြန်မာနယ်စပ် တောမီးကြောင့် တခ်ခရိုင် လေထုညစ်ညမ်းမှု စိုးရိမ်ဖွယ်ရှိ

ထိုင်း မြန်မာနယ်စပ် အုန်းဖျန့်ကရင်ဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းခဲ့သည့်ပုံ

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်မြို့အနီးမှာ တောမီးလောင်ကျွမ်းမှုများကြောင့် ထိုင်းနိုင်ငံ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှုံမှိုင်းနေပြီး မီးခိုးနဲ့ ဖုန်မှုန်တွေပါဝင်တဲ့ လေထုညစ်ညမ်းမှု ဖြစ်နေကြောင်း၊ ၄င်းလေကို ရူရိုက်နေရတဲ့ လူတွေရဲ့ ကျန်းမာရေးမှာ စိုးရိမ်စရာရှိကြောင်း တက်ခ်ခရိုင် အုပ်ချုပ်သူများက ကြေငြာခဲ့သည်။

တနင်္ဂနွေမှာ ထိုင်းစစ်တပ် တာဝန်ရှိများ၊ မြူနီစပါယ် ၀န်ထမ်းများနှင့် သစ်တောထိန်းသိမ်းရေးတာဝန်ခံများက ထိုင်းနယ်စပ်မြို့များကို ရဟတ်ယဉ်များနှင့် လှည့်ကြည့်ရူခဲ့ကြသည်။ ထိုင်းမြန်မာ နယ်စပ်တလျှောက် မြို့ တော်တော်များများမှာ မီးခိုးများနှင့် မှောင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများပိတ်သလို မှုန်မှိုင်းေ၀၀ါးနေသည်။ တောမီးက မြန်မာဖက်မှာရော ထိုင်းဘက်မှာပါ လောင်ကျွမ်းနေခြင်း ဖြစ်သည်။

မီးလောင်နေသော နေရာနှင့် အနီးဆုံးဒေသမှ လူတွေမှာ ၄င်းမီးခိုးငွေ့နှင့် အမှုန်တွေကို ရူရိုက်နေရခြင်းကြောင့် အသက်ကျပ်ခြင်းနဲ့ မျက်စေ့ကျိမ်းစပ်မှုများ ဖြစ်နေကြကြောင်း တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr Prasartbandit suriya က ဘန်ကောက်ပို့စ်သတင်းစာကို ပြောသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သေချာစွာ မမြင်ရတဲ့အတွက် ယာဉ်မောင်းနှင်မှုများကိုလည်း သတိပေးထားကြောင်း၊ ကားများ မောင်းနှင်ရာတွင် မီးထွန်း မောင်းနှင်ရန် သတိ ပေးထားကြောင်း ပြောသည်။

နယ်စပ် တောမီးက တော်တော်နှင့် ငြိမ်းမည့်ပုံ မပေါ်ဘဲ၊ နောက်ထပ်ရက်အတန်ကြာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူနှင်းတွေလို မှုန်ဝါးနေဦးမည်ဖြစ်ကြောင်း မစ္စတာ စူရိရာက ပြောဆိုသည်။ မီးခိုးမှုန်တွေ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေသောကြောင့် မဲဆောက်မှာ ဆင်းမယ့် လေယာဉ်များကိုပင် Phitsanulok မှာ ဆင်းခိုင်းရကြောင်း ပြောဆိုသည်။

မမေ

Source; Bangkok Post
မောက္ခနိုင်ငံတကာသတင်း

ဆက်၍ ဖတ်ကြည့်ပါဦး ..

ကမ္ဘာ့ ထိပ်တန်း စာရင်းဝင်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ

ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင် ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။

ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။ ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက

၁။ စင်္ကာပူ ၂။ ဂျော်ဒန် ၃။ ကိုးရီးယား ၄။ အစ္စရေး ၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။

ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက

၁။ ဗော်လဗီးယား ၂။ အင်ဂိုလာ ၃။ နမီးဘီးယား ၄။ ပါရာဂွေး ၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးပြေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။ မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။ ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံဟာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေမှာ ပိုငွေတွေ ပြနေပေမယ့် ဂေဟစနစ် ချွှတ်ခြုံကျမှု က ကမ္ဘာ့ ထိပ်ဆုံးစာရင်းမှာ ပါသွားပါတယ်။ စင်္ကာပူ ဥပဒေပြုအမတ်တွေဟာ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှင့် ဂေဟစနစ် အဆက်အစပ်ကို စိုးရိမ်ပူပင်မှုတွေ အစဉ်ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရေပြတ်လတ်မှု၊ စွမ်းအင်မရှိမှုနှင့် အခြားသော သဘာဝ သယံဇာ မရှိမှုတွေကြောင့် စိုးရိမ်ပူပင်မှုတွေရှိခဲ့ပါတယ်။

စင်္ကာပူရဲ့ လေအေးစက်တတ်ထားတဲ့ ကြီးမားတဲ့ ရှော့ပင်းမောတွေနှင့် လူထုရဲ့ စားသုံးမှုတွေက ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ စင်္ကာပူမှာရှိတဲ့ စိုက်ပျိုးနိုင်တဲ့မြေနဲ့ စွမ်းအင်ကို မမျှမတ ဖြစ်စေပါတယ်။ စင်္ကပူရဲ့ အဓိက ပြသနာက စွမ်းအင်နဲ့ ရေကို နိုင်ငံခြား တိုင်းပြည်တွေကနေ တင်သွင်းနေရတဲ့ ပြသနာဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံက ၂၀၆၁ ခုနှစ်ထိ စင်္ကာပူအတွက် လိုအပ်တဲ့ ရေကိုဖြည့်ဆည်းပေး ဖို့သဘောတူထားပါတယ်။

စောပြည့်ညို

Sources; Singapore: The World’s “Unhealthiest” Country?
မောက္ခနိုင်ငံတကာသတင်း

ဆက်၍ ဖတ်ကြည့်ပါဦး ..

Monday, February 27, 2012

Facebook ပြည့်တန်ဆာကွန်ရက်

အသက်မပြည့်သေးသူတွေကို Facebook သုံးပြီး ပြည့်တန်ဆာကွန်ရက် တည်ဆောက်နေတယ်လို့ ယူဆရတဲ့ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတဦးကို အင်ဒိုနီးရှားရဲတွေက ဖမ်းလိုက်ပါတယ်။ သူ့နာမည်ကိုတော့ M လို့ပဲ ရဲက ပြောပါတယ်။

ဂျကာတာမြို့တော် အင်တာနက် ရာဇ၀တ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဖောက်သည်ဟန်ဆောင်ပြီး M နဲ့ သူ့ရဲ့ ကလေးမ ၇ ယောက်ကို Facebook ကနေ ချည်းကပ်ခဲ့တယ် တဲ့။

ဓာတ်ပုံတွေ၊ ဈေးနှုန်းတွေကို Facebook မှာ တင်ထားတယ်လို့ ဆိုတယ်။

ဈေးနှုန်းက မလေး ရင်းဂစ် ၂၆၇ ကနေ ၅၀၀ အထိ ရှိတယ်၊ ရတဲ့ပိုက်ဆံထဲက တ၀က်နီးပါးဟာ M ဆိုတဲ့ အမျိုးသမီးဆီ သွားတယ် တဲ့။

ဒီအမျိုးသမီး ပြည့်တန်ဆာလုပ်ငန်း လုပ်နေတာ ၂ နှစ် ရှိပြီလို့ ရဲတွေက ယူဆနေတာပါ။

သူက ဂျကာတာ ကုန်တိုက်ကြီးတွေကိုသွားပြီး အသက် ၁၆ နဲ့ ၂၀ ကြား ကလေးမတွေကို ချည်းကပ်၊ ၀င်ငွေကောင်းစေရမယ် ဆိုပြီး စည်းရုံးတယ် တဲ့။

"ကောင်မလေးတွေကလည်း TV တွေ ရုပ်ရှင်တွေထဲကလို ဘ၀မျိုး ရချင်ကြတာပေါ့။ တကယ့်အရင်းခံကတော့ စီးပွားရေးပါပဲ" လို့ ရဲအရာရှိ Rikwanto က ပြောပါတယ်။

အပြစ်ရှိတယ် ဆိုရင်တော့ M ဟာ ကလေးပြည့်တန်ဆာမှုနဲ့ ထောင် ၁၀ နှစ်အထိ ချခံရမှာပါ။ ကလေးကုန်ကူးမှုနဲ့လည်း အရေးယူခံရဖွယ်ရှိတယ် တဲ့။

ဟိုတယ်မှာ M နဲ့ အတူ အဖမ်းခံရတဲ့ ကလေးမတွေကိုတော့ မေးခွန်းမေးပြီး ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

Facebook ကို အပြစ်တင်လို့တော့ ပြဿနာ ရှင်းနိုင်မယ် မဟုတ်ဘူး လို့ အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးများအားအကြမ်းဖက်မှုဆန့်ကျင်ရေးကော်မရှင်က Andy Yertiani က ပြောပါတယ်။

''လူမှုကွန်ရက်မီဒီယာတွေကို သုံးနေကြတာက ပြဿနာ မဟုတ်ပါဘူး၊ ပညာရေး စီးပွားရေး အစရှိတဲ့ အခြေအနေတွေက အမျိုးသမီးတွေကို တန်ဘိုးတက်လာအောင် လုပ်နေသလို ဒီအခြေအနေတွေကြောင့်လည်း ပြည့်တန်ဆာလုပ်ငန်းထဲ ရောက်သွားကြတာပါပဲ'' လို့ သူက ဆိုပါတယ်။
http://www.irrawaddyblog.com/

ဆက်၍ ဖတ်ကြည့်ပါဦး ..

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သတင်းအဖွဲ့
http://news-eleven.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

အသံတိတ် ရုပ်ရှင် ဇာတ်လမ်း The Artist အကောင်းဆုံးဇာတ်ကား ဆု ရရှိ

၈၄ ကြိမ်မြောက် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု ချီြးှမှင့် ပွဲ အခမ်းအနား (Academy Award) ကို Hollywood and Highland ခန်းမ( ယခင် Kodak Theater ) တွင် ယနေ့  ကျင်း ပခဲ့ ရာ အသံတိတ် ရုပ်ရှင် ခောတ် က သရုပ်ဆောင် နှင့် ရုပ် ရှင် လော က သား တို့  ၏ ဘ၀ဇာတ် ခုံ ကို သရုပ်ဖော် ရိုက် ကူး ခဲ့ သည့် The Artist ဇာတ် ကား က အကောင်း ဆုံး ဇာတ်ကား ဆု၊ အကောင်းဆုံး ဒါရိုက်တာ ဆု ၊ အကောင်းဆုံး ဂီတဆု ၊ အကောင်း ဆုံး ၀တ်စား ဆင်ယဉ်မှု ဆု ၊ အကောင်း ဆုံး မင်းသား ဆု အပါ အ၀င် ဆု ၆ ဆု ဆွတ်ခူး ခဲ့ ပါတယ်။

အကောင်းဆုံး မင်းသား ဆု ကို The Artist ဇာတ်ကား က မင်းသား Jean Dujardin က ရရှိခဲ့ ပါတယ်။ သူဟာ ဒီဇာတ် ကား မှာ ထိပ်တန်း အောင်မြင် တဲ့ အသံတိတ် မင်းသား ခောတ်ကထား စရာ နေရာ မရှိလောက် အောင် အဖြစ် က နေ နောက်ဆုံး ခွေးစာ ကျွေး ဖို့  ပိုက်ဆံ မရှိတော့ ဘ၀ ကို ရောက်တဲ့ အထိ အနုပညာရှင် တစ်ယောက် ရဲ့  ဘ၀ အနိမ့် အမြင့် နေရာ မှာပိုင် နိုင် စွာ သရုပ်ဆောင်ခဲ့ ပါတယ်။ အကောင်း ဆုံး ဒါရိုက်တာ ဆု ကို လည်း ဒီဇာတ်ကား ရဲ့ ဒါရိုက်တာ Michel Hazanavicius က ပဲ ရ ရှိ သွား ပါတယ်။

အကောင်း ဆုံး မှတ်တမ်း ရုပ်ရှင် ကား တို ဆို ကို ပါကစ္စတန် က အမျိုးသမီး တစ်ယောက် ရဲ့  ဘ၀ကို ရိုက်ကူး မှတ် တမ်း တင် ထား တဲ့ Saving Face က ရရှိ ခဲ့ ပါတယ်။

အကောင်း ဆုံး မိတ်ကပ် ဆု ဗြိတိသျှ ၀န်ကြီး ချုပ် မာဂရက် သက်ချာ ရဲ့  ဘ၀ ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Iron Lady က ရရှိ ခဲ့ ပါတယ်။

အကောင်းဆုံး ရုပ်ရှင် တည်း ဖြတ်မှု ဆု ကို စာရေးဆရာ Stieg Larsson ရေးသား တဲ့ ဆွီဒင် နာမည် ကျော် ၀တ္ထုဖြစ်တဲ့ The Girl With Dragon Tattoo ကို ပြန်လည် ရိုက် ကူးထား ပြီး ဂျိမ်းဘွန်း မင်း သား ဒယ်နီယလ် ခရေ့ သရုပ်ဆောင်ထား တဲ့ The Girl with Dragon Tatttoo ကရရှိ သွား ပါတယ်။ ဒီဇာတ် က က အကောင်း ဆုံး အသံ ရောနှော မှု ဆု လည်း ရရှိသွား ခဲ့ ပြီး အကောင်း ဆုံး အသံ တည်း ဖြတ် မှု ဆု ကို တော့ Philip Stockton, Eugene Gearty တို့  က Hugo ဇာတ်ကား နဲ့  ရှိ သွား ခဲ့ ပါတယ်။

အကောင်းဆုံး ရုပ်ရှင် ဓာတ် ပုံ ဆု ကို Robert Richardson က Hugo ဇာတ်ကား နဲ့  ရရှိ ခဲ့ ပါတယ်။Hugo ဇာတ်ကား က ပဲ အကောင်းဆုံး အသံတည်း ဖြတ်မှု ဆု နဲ့ အကောင်းဆုံး ထုတ်လုပ် မှု ဆိုင်ရာ ဒီဇိုင်း ဆု (Art Direction) ဆုတွေ ရရှိ ခဲ့ ပါတယ်။

အကောင်း ဆုံး နိုင်ငံ ခြား ဘာသာ စကား ပြောဇာတ်ကား ဆု ကို အီရန် ဇာတ်ကား A Separation က ရရှိ သွား ခဲ့ ပါတယ်။

အကောင်းဆုံးမှတ်တမ်း ရုပ်ရှင် ကား တို ဆု ကို ပါကစ္စတန် အမျိုးသမီး တစ်ဦး ရဲ့  ဘ၀ ဇာတ်ကြောင်းကို ရိုက်ကူးထား တဲ့ Saving Face က ရရှိ ပြီး ၊ Undefeated က အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကား ဆု ကို ရရှိ ခဲ့ ပါတယ်။

ဒါရိုက်တာ ၀ူဒီ အယ်လင် ရိုက်ကူး တဲ့ Midnight in Paris အကောင်းဆုံး မူရင်း ဇာတ် ညွှန်း ဆု ပဲရရှိ ခဲ့ ပါတယ်။

The Artist

ဟောလိဝုဒ် အသံတိတ် ရုပ်ရှင် ခောတ် တွင် လျှမ်းလျှမ်းတောက် အောင်မြင် နေသည့်မင်းသား ဂျော့ ဗယ်လင်တင် ၏ အတက် အကျ ၊ အနိမ့်အမြင့်သံသာရာဖြစ်သည်။ မင်းသားအဖြစ် အောင်မြင်စဉ် က စိတ်တိုင်းကျ သုံးဖြုံး နိုင် သော်လည်း နိမ့်ပါးသည့် အခါ ခွေးစာ ဖိုးပင် မတတ် နိုင်တော့ ။ ပက်ပီ မီလာ သည် ဂျော့ ဗယ်လင်တင် ၏ ပရိသတ် အဖြစ်မှ ခောတ်ဟောင်းက ပါပါရာဇီ တို့  ၏ ကျေးဇူးကြောင့်ချက်ခြင်း နာမည် ကျော်ကာ ဟောလီဝုဒ် မင်းသမီး ဖြစ်လာခဲ့သည်။ ကျွန်တော် တင်သည့် ရွှေမင်း သမီး ဇာတ်လမ်း ကို အနု ရသ မြောက်အောင် နှင့် လွမ်းဖွယ်ဆွေးဖွယ် အတုယူ ဖွယ် ဖြစ်အောင် ရိုက်ကူး နိုင်ခဲ့ သည်။
http://freedomnewsgroup.com










ဆက်၍ ဖတ်ကြည့်ပါဦး ..

Sunday, February 26, 2012

ရယ်ကြမယ် ဟားကြမယ်

ဆက်၍ ဖတ်ကြည့်ပါဦး ..

Saturday, February 25, 2012

လှည်းတန်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူ မခင်မြတ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း


“ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်”

အင်တာဗျူးကောက်နုတ်ချက်

ယမန်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က လှည်းတန်းလမ်းဆုံ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယင်းသန့်စင်ခန်း ၀န်ထမ်း တဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသူ မခင်မြတ်နွယ်မှာ ဆေးရုံတွင်လနှင့်ချီ ကုသမှုခံယူလျက်ရှိသည်။

YPI ။ ။ အခုလို ဗုံးဖောက်ခွဲတဲ့လူတွေအပေါ်ဘာများပြောချင်ပါသလဲ။

မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး ။ ဒါကတော့ ကိုယ့်ကုသိုလ်ကံပေါ့နော်။ ကုသိုလ်ကံမကောင်းဘူး။သူလည်းတစ်နေ့ကျရင် သူ့ဒုက္ခနဲ့သူ သွားမှာဘဲ။ သူ့လည်းကိုယ်ဘာမှ မလုပ်ချင်ဘူး ။ကိုယ့်ကုသိုလ်ကံ မကောင်းလို့ပေါ့နော် ။ဟိုဘ၀က ဒီလိုဖြစ်မယ်ဆိုတာ ပါလာလို့ဖြစ်တာဘဲ။ အဲလိုမျိုးတော့ယူဆတယ်။ ကိုယ်ကမှ ကုသိုလ်ကံကောင်းတယ်လို့ ပြောရအုန်းမယ် ဟိုတစ်ယောက်ဆို သေသွားတာ တစ်စစီဖြစ်သွားတယ် ။ ကိုယ်လည်းပြန်ပြန်ပြီး ဖြေသိမ့်တယ်။ ဘယ်သူ့ကိုမှ ပြစ်မတင်ပါဘူး ။ ကုပေးတဲ့လူကိုတော့ ကျေးဇူးတင်တယ်။ အစိုးရကုပေးတယ်ပြောတာပါဘဲ။ ကိုယ်တော့မမြင်ရပါဘူး။ ကိုယ်က ဘာမှမ၀ယ်ရဘူး သူတို့လာလုပ်ပေးတာ အသင့်နေရတာဘဲရှိတယ်။ သူတို့ကိုတော့ ကုလက်စနဲ့ မျက်နှာလေးပါကောင်းအောင် ကုပေးပါလို့တော့ စာတင်ခိုင်းထားတယ်။ ကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့ မကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့နော်။

YPI။ ။ နောက်ရောဘာပြောချင်ပါသေးလဲ။

မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်။ မျက်နှာပြန်ကောင်းချင်တယ်။ အဲဒါ အလုပ်မြန်မြန်ပြန်လုပ်လို့ရအောင် ။ ဒီမျက်နှာနဲ့ ကျတော့ ဘယ်မှမသွားရဲဘူး ။ ယောင်္ကျားးလေး ဆိုရင်တော့ မလုပ်ခိုင်းဘူးပေါ့ ။မိန်းခလေးဖြစ် တော့လည်းရှက်တာပေါ့ လူကြားထဲအလုပ်လုပ်ရမှာလေ။ မကောင်းတာ လုပ်စားတာလည်းမဟုတ်ဘူး ။ လူတော သူတောထဲမှာ သူများတွေဝိုင်းကြည့်တော့ အားငယ်တာပေါ့ ။ မျက်နှာမကောင်းတာတော့ အဲလိုမျိုးပေါ့နော် ဟိုတစ်လောကဆိုမှန်ထဲကြည့်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ငိုရတယ်။ ခြေထောက်တွေလက်တွေ မကောင်းတာတော့ ကိစ္စမရှိဘူးပေါ့နော်။

အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ဗုံးကွဲပြီး မိနစ်အနည်းငယ်အကြာ ဒဏ်ရာရရှိသူ မခင်မြတ်နွယ်အား သယ်ဆောင်သွားစဉ်၊ (ဓါတ်ပုံ-YPI)

Yangon Press International


ဆက်၍ ဖတ်ကြည့်ပါဦး ..

FaceBook စာမျက်နှာပေါ်မှ timeline နှောက်ယှက်မှုအား ဖြေရှင်းနည်း

facebook စာမျက်နှာများပေါ်တွင် Timeline ကို ကလစ်နှိပ်မိ၍ ပြန် ဖျက်မရသော ပြဿနာများအား ဖြေရှင်းနည်း

Step 1: Head to the Facebook Developers page where you originally created an app to enable Timeline. Click "Edit app."

Step 2: The only way to remove Timeline is to delete the app. If you are an actual developer, you're out of luck. Otherwise, click "Delete app" in the left sidebar.
Once you confirm the app deletion, your Facebook Timeline will be disabled.

ဆက်၍ ဖတ်ကြည့်ပါဦး ..

Friday, February 24, 2012

ရွှေတိဂုံစေတီတော် (နှစ်၂၆၀၀ ပြည်. အမှတ်တရ)

ကမ္ဘာပေါ်ရှိအမြင့်ဆုံးဘုရားစေတီမှာ၃၂၆-ပေရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီးရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။
စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။

ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။

မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာမဇ္ဇိမဒေသသို့ ကုန်ရောင်းသွားကြသည်။

မဇ္ဇိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဇိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည်
ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။
အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဇိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။

“ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒံ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။

ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။

တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။

ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။

ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။

ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

1. ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
2. ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
3. ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
4. တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား “တိဂုမ္ဗစေတီတော်”ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို “တိဂုမ္ဗစေတီတော်”သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“သာသနာအစ ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။
၁၉၀၃-ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ရွှေတိဂုံ စေတီတော် အင်္ဂါထောင့်သို့ ကျားတစ်ကောင် တက်ရောက်လာသဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ်သတ်ခဲ့ကြသည်။

**ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါး **

1. ပတ္တမြားမျက်ရှင် ဘုရား
2. ၀ိဇ္ဇ္ဇာဇော်ဂျီ ဘုရား
3. ရှင်စောပု ဘုရား
4. ဆံတော်တွင်း ရုပ်ပွားတော်
5. ရှင်အဇ္ဇဂေါဏ ဘုရား
6. ဘိုးဘိုးအောင် ဂူဘုရား
7. ရှင်မထီးဘုရား
8. လက်ပက်လက်ဘုရား
9. ပြဒါးရှင် ဘုရား တို့ဖြစ်သည်။

ရွှေတိဂုံ စေတီတော်၊ ရင်ပြင်၌ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။

ရွှေတိဂုံစေတီတော်ကြီးကို သက္ကရာဇ် ၁၇၆၈ ခုနှစ်တွင် မြေဒူးမင်းလက်ထက် တွင်ငလျင်ကြီးစွာ လှုပ်ခဲ့သည့် အတွက် ဖောင်းရစ် အ၀ထိပြိုကျခဲ့သည့် အတွက် ဆင်ဖြူရှင်မင်းတရားကြီးမှ ယခုဖူးတွေ့ရသည် ၃၂၆ ပေ မြင့်သော စေတီးတော်ကြီးကို ယခင်စေတီကို ငုံကာ တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း၊ ယခု ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေပြား ရွှေသင်္ကန်းများမှာ ရွှေပြား အချပ်ရေ ၃၃၆၀၀ ခုရှိပြီး ရွှေစင်ရွှေသား ၃ တန်ခွဲ ရှိပါသည်။ နာဂစ်မုန်တိုင်း ကြောင့် လွင်စင်ကျခဲ့သော ရွှေစ ရွှေနများမှာ ၉ ပိသာခန့်ကို ပြန်လည် ကောက်ယူခဲ့ကြောင်း ။ ယခုအခါ နာဂစ်မုန်တိုင်း လေတိုက်နှုန်းထက် ပိုမိုပြင်ထန်းသော လေတိုက်နှုန်းများကို ခံနိုင်ရည်ရှိအောင် စီစဉ်ကြရာတွင် ငလျင်ဒဏ်ကြီးများကို ပင် ခံနိုင်ရည် ရှိအောင် ပြင်ဆင်ရကြောင်း ၊ ထီးတော်မှ ခေါင်းလောင်းတော်အထိ အလေးချိန် တန် ၆၀၀ ခန့် ထမ်းထားရကြောင်း သရှိရပါသည်။

(ယခုအခါရွှေတိဂုံဘုရားကြီး၏နှစ်၂၆၀၀ပြည်.ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ နေပါကြောင်း နိုးဆော် အပ်ပါသည် )

**လင်းဇော်ထက်**
http://jacbaburma.blogspot.com

ဆက်၍ ဖတ်ကြည့်ပါဦး ..

Related Posts Plugin for WordPress, Blogger...